စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေဆီက ငွေကြေးကောက်ခံနေတဲ့ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁ ယောက်  သေ၊ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ Area 71 LPDF Monywa တပ်ဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် မနေ့က မနက် ၈နာရီခွဲလောက်မှာ ကားတွေကိုတားပြီး ခရီးသွားတွေဆီက အဓမ္မ ငွေကြေးကောက်ခံနေတဲ့ စစ်ကော်မရှင်တပ်နဲ့ ပျူစောထီးတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက မုံရွာ-ချောင်းဦးလမ်းပိုင်း မြန်မာ့မဏ္ဍိုင် စက်သုံးစီးဆိုင်အနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတိုက်ခိုက်ချိန် အဆိုပါလမ်းပိုင်းရဲ့ တခြားတစ်နေရာမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် ၁၅ မိနစ်ခန့်ကြာ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်အုပ်စုဘက်က ၁ယောက်သေ၊ ၂ယောက် ဒဏ်ရာရကာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ယောက်လည်း ရှပ်ထိ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“လမ်းပေါ်တက်ပြီး ငွေတောင်းတာက ၇ယောက်လောက်ပဲဗျ။ လမ်းဘေးမှာ ကင်းပုန်းဝပ်နေတာတွေနဲ့ဆိုရင် အယောက် ၃၀ လောက်ရှိမယ်။ ကျနော်တို့ ရဲဘော် ၁ယောက် ကျည်ရှပ်မှန် ထိရှ ဒဏ်ရာရတယ်။ မစိုးရိမ်ရပါဘူး” လို့ Area 71 LPDF Monywa တပ်ဖွဲ့ တာဝန်ခံ ကိုထွန်းက မောင်းကို ပြောပါတယ်။

အဆိုပါ လမ်းပိုင်းမှာ စစ်ကော်မရှင်တပ်သားတွေ ငွေကြေးကောက်ခံနေတာ ၁နှစ်ကျော်လောက်ရှိပြီဖြစ်ကာ အခုတိုက်ခိုက်မှုကိုတော့ Area 71 LPDF Monywa အဖွဲ့၊ Chindwin Dynamite Salingyi အဖွဲ့နဲ့ Golden Peacock Attack Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“တစ်နှစ်ကျော်လောက်ပဲ ရှိဦးမယ်။ မနှစ် ၂၀၂၄ လောက်ကမှ အဲ့နေရာကို အမြဲလိုလိုစောင့်ပြီး ခရီးသည်ကားတွေကို တားပြီး အတင်းအဓမ္မ ငွေတောင်းတာတွေ လုပ်တယ်။ နေ့တိုင်းလိုလိုပါပဲ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

Area 71 LPDF Monywa ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၁၄ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီကနေ ကြေးနီတွေ သယ်ဆောင်လာတဲ့ တွဲကား ၂၃စီး ယာဥ်တန်းအတွက် လုံခြုံရေးလိုက်ပါလာတဲ့ စစ်အုပ်စုကားတွေကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

စစ်ဆေးမှုကို လက်မခံဘဲ ထွက်ပြေးသည့် တပ်ကြပ်ကြီးဟောင်းတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

မကွေးတိုင်း၊ ရေစကြိုမြို့အထွက်မှာ စစ်ဆေးမှုကိုလက်မခံဘဲ ထွက်ပြေးတဲ့ စစ်ကောင်စီ တပ်ကြပ်ဟောင်းတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ ဆီက သိရပါတယ်။
Read More

အကြမ်းဖက် မင်းအောင်လှိုင်နှင့် သူ့မိန်းမ ကြူကြူလှ မင်းဘူး လာရန်ရှိ၍ လုံခြုံရေး အထူးတင်းကြပ်ထား

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ မကွေးတိုင်း၊ မင်းဘူးမြို့ကို လာဖို့ရှိနေတာကြောင့် မြို့ရဲ့ အဝင်အထွက်တွေနဲ့ မြို့ပေါ်နေရာတွေမှာ လုံခြုံရေး အထူးတင်းကြပ်ထားကြောင်း မင်းဘူးစစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဇေယျဝတီဘူတာရုံ အပါအဝင် ဖြူးမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပကဖတပ်ဖွဲ့ဝင်များ  ဝင်ရောက်တိုက်ခိုက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်က ဇေယျဝတီမြို့ဘူတာရုံအပါအဝင် စစ်ကောင်စီတပ်တွေရှိနေတဲ့  မြို့ပေါ်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း  ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မင်းအောင်လှိုင် ကူမင်းကို အခုတစ်ပတ်ထဲ လာမယ်လို့ တရုတ်အစိုးရအတည်ပြု

တရုတ်ဝန်ကြီးချုပ် ဦးဆောင်မယ့် မဟာမဲခေါင်ဒေသခွဲ (GMS) ရဲ့ထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ရောက်မယ့်အကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၄ ရက်မှာ အတည်ပြုပြောဆိုပါတယ်။
Read More

ကိုးကန့်အမျိုးသားတို့၏ အိမ်ပြန်ခရီးအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း MDY-PDF သဝဏ်လွှာပေးပို့

ကိုးကန့်အမျိုးသားတို့ရဲ့ ပြီးမြောက်ခဲ့ပြီဖြစ်တဲ့ “အိမ်ပြန်ခရီး” အတွက် အထူးဝမ်းမြောက်ဂုဏ်ယူတယ်လို့  မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ (၃၆)နှစ်မြောက် “တပ်မတော်နေ့” အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) က သဝဏ်လွှာပေးပို့လိုက်ပါတယ်။
Read More

ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်း ၃ကြောင်းခွဲပြီး ဝင်လာသည့် စစ်အုပ်စု ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။