ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁ ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့က အကြမ်းဖက်စစ်တပ်ရဲ့ ခမရ (၃၀၇) တပ်ကနေ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သဲဖြူရွာသစ်ထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူလူထု နေအိမ်တစ်လုံးနဲ့ ခြံဝင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၂ ရက်နေ့မှာလည်း စစ်တပ်က နတ်သံကွင်းကနေ အင်းထဲ ငါးရှာစားတဲ့နေရာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၃၀ အရွယ် နိုညာသူရွာသား တစ်ယောက် ထိမှန်သေဆုံးခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေ လုပ်ကိုင်စားသောက် သွားလာရာ နေရာတွေနဲ့ စစ်ဘေးရှောင်နေရာတွေပါမကျန် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ပြည်သူတွေဟာ စိုးရိမ်ကြောက်ရွံ့မှုများစွာနဲ့ ရှင်သန်နေရတယ်လို့ KNU က ဆိုထားပါတယ်။

လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ပြည်သူ ၁ဦးနှင့် နေအိမ် ထိခိုက်ပျက်စီးမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

MDY-PDF ထိန်းချုပ်နယ်မြေရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာ ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) - MDY-PDF နဲ့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC - Mdy) တို့ ပူးပေါင်းပြီး MDY-PDF ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ MDY-PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်ချောင်းတွင် အကြမ်းဖက်စစ်ကြောင်းက ပြည်သူ ၂ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့၊ နေအိမ် အလုံး ၇၀ ကျော် မီးရှို့ဖျက်ဆီးခဲ့

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ တောင်ပျောက်‌ ကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူ ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ နေအိမ် ၇၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရှမ်းမြောက် တန့်ယန်းမှာ ကျားဖြန့်လုပ်ကိုင်လို့ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက် ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၈ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက မနေ့က ဒီဇင်ဘာ ၅ ရက်မှာ သူ့ရဲ့ဝါဒဖြန့် မီဒီယာတွေမှာ ထုတ်ပြန်ပါတယ်။
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ဖားကန့်တွင် လူ ၅ဦးအထက် စုဝေးခြင်းမပြုရ စည်းကမ်းချက် စစ်ကော်မရှင် ထုတ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မှာ လူ ၅ ယောက်အထက် စုဝေးခြင်းမပြုရ စည်းကမ်းချက်ကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။