မဲပေးခွင့်ရှိ‌တဲ့ နိုင်ငံသားတွေ ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်စစ်တပ်က ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် စွပ်စွဲဖမ်းဆီးထားတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေအပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ သက်သာခွင့်နဲ့ အမှုပိတ်သိမ်းခွင့်ပြုတယ်လို့ ဒီနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအကျဉ်းချခံထားရသူတွေထဲက ပုဒ်မ ၄၀၁ ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပြုခဲ့သူ ၇၂၄ ယောက်၊ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့သက်သာ လွတ်ငြိမ်းခွင့်ပြုခဲ့သူ ၂၃၆၁ ယောက်၊ ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသူ ၅၅၈၀ ယောက်ရဲ့ ကြားနာနေဆဲအမှုတွေကို ပိတ်သိမ်းပေးခဲ့တယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ကျင်းပဖို့ ၃၂ ရက်သာလိုတော့သလို စစ်တပ်ကို စစ်ရေး အကူအညီပေးနေတဲ့ ဘယ်လာရုစ်သမ္မတ လူကာရှန်ကို မြန်မာနိုင်ငံကို လာရောက်ဖို့ တစ်ရက်အလိုမှာပဲ စစ်တပ်ရဲ့ လွတ်ငြမ်းချမ်းသာခွင့် အခုလို ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အလားတူ အမေရိကန်အစိုးရက မြန်မာနိုင်ငံသားတွေအပေါ် ပေးအပ်ထားတဲ့ TPS အခွင့်အရေး ရုပ် သိမ်းပြီးနောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကို ပြန်လာပြီး မဲပေးကြဖို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုပြီး မရှေးမနှောင်းမှာ အခုလို လွတ်ငြိမ်းခွင့် ထွက်ပေါ်လာတာပါ။

ဒါ့အပြင် လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ အမေရိကန်အပါအဝင် နိုင်ငံတကာက ဖိအားပေးနေတဲ့ ကျားဖြန့်ဂိုဏ်းတွေကို ဟန်ပြဖြိုခွင်းမှုတွေလည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရေးမြို့နယ် ၃ရက်တာ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် ၁၂ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာ စစ်တပ်ဘက်က ဗိုလ်ကြီး ၁ယောက် အပါအဝင် ၁၂ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ယဉ်ကျေးလိမ္မာ သင်တန်းတက်ရင်း ငလျင်ကြောင့် ပြိုကျ ပိတ်မိနေသည့် ကလေးမလေး ၂ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့၊ ၁၃ ဦး သေဆုံးခဲ့ရရှာ

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ရှေးဟောင်းတိုက်ကျောင်း ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရာမှာ ပိတ်မိနေတဲ့ ကလေးမလေး ၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

ကရင်နီဒေသ အငတ်ဘေးကြုံအောင် အကြမ်းဖက်စစ်တပ် ရည်ရွည်လုပ်ဆောင်နေ

အကြမ်းဖက်စစ်တပ်ဟာ ကရင်နီဒေသကို အငတ်ဘေးကြုံလာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်နေကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မတ္တရာမြို့နယ် အရှေ့ခြမ်းတွင် ထိတွေ့တိုက်ပွဲများ ရှိနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ် ပြုလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်း ၃ ခု ခွဲဝင်ရောက်ရင်း လေကြောင်းတိုက်ခိုက်မှုတွေ တရစပ် လုပ်ဆောင်ခဲ့တယ်လို့ Voice Of Mandalay ရဲ့ တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ဦး လက်နက်နှင့်တကွ တောင်သူကြီးများအဖွဲ့ထံ အလင်းဝင်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပြည်သူ့စစ်တစ်ယောက် လက်နက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမော်မြို့သိမ်းတိုက်ပွဲများအတွင်း ခလရ (၄၇) တပ်ရင်းကို KIA နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိ၊ တိုက်ပွဲများအတွင်း ခလရ (၄၇) ဗျူဟာမှူး အပါအဝင် စစ်ကော်မရှင် အရာရှိနှင့် တပ်သား အများအပြား သေဆုံးဟုသိရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲများ ယခုရက်ပိုင်းအတွင်း တကြော့ပြန် ပြန်လည်ပြင်းထန်လာချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၄၇ ခြေလျင်တပ်ရင်း (ခလရ ၄၇) ကို KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတိုက်ပွဲများအတွင်း ခလရ (၄၇) ဗျူဟာမှူး အပါအဝင် စစ်ကော်မရှင်ဘက်က အများအပြား သေဆုံးခဲ့တယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကိုပြောပါတယ်။