မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပြီး နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာ အထက်မင်းလှမြို့နယ် အခြေစိုက် ကပစ (၁၀) က ထွက်ခွာလာတဲ့ အင်အား ၉၀ ခန့်ပါ အကြမ်းဖက် စစ်အုပ်စုတွေဟာ စစ္စနို့လမ်းဆုံနဲ့ ညောင်ကိုင်းလမ်းပေါက်တွေကို ကားတွေနဲ့ ရောက်ရှိလာပြီး မင်းလှမြို့နယ်အရှေ့ခြမ်းကျေးရွာတွေဆီ သရက် – မင်းလှ လမ်းပိုင်းအတိုင်း ခြေလျင်ထွက်ခွာလာတယ်လို့ သိရပါတယ်။

အဲဒီလိုထွက်ခွာလာရင်း မင်းတဲကြီး ကျေးရွာအနီးမှာ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က ကပစ ၁၀ ကနေ စစ္စနို့လမ်းဆုံကို လာတယ်။ အဲ့ဒီကနေ ဒရုန်းတွေ အရင်လွှတ်တင်ရှာပြီး ညောင်ကိုင်းလမ်းပေါက်ကို ထပ်လာတယ်။ ညောင်ကိုင်လမ်းပေါက်ရောက်တော့ ကားတွေထားခဲ့ပြီး ခြေလျင်နဲ့ ကားလမ်းဘေးတွေကရော တည့်တည့်ရောလာတာ။ ဒါပေမယ့် ကျနော်တို့ စောင့်နေတဲ့ဆီမဟုတ်ဘဲ အခြားတစ်နေရာက ရောက်လာတာဆိုတော့ ကျနော်တို့က ကိုယ်တွေလုံခြုံမှု Safe ဖြစ်ဖို့အတွက်ပဲ ပစ်ပြီးဆုတ်ခဲ့ရတယ်။ ဘာလို့ဆို စိတ်ကြိုက်ပစ်ခွင့်ရတဲ့နေရာမဟုတ်ဘဲ မီတာ ၁၀၀လောက်ကနေ ဝိုက်လာတာဆိုတော့ ကိုယ့် ဆုတ်လမ်းရှိအောင်ပဲ ပစ်ပြီး ဆုတ်ခဲ့ရတယ်” လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အထက်မင်းလှမြို့နယ် လမ်းပိုင်းတစ်နေရာ

ဒီထိတွေ့မှုအတွင်း အကြမ်းဖက်စစ်ကော်မရှင်ဘက်မှာ ထိခိုက်မှုတွေ ရှိနိုင်ပေမယ့် အသေအပျောက်မရှိကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ဘေးကင်းကြောင်း သိရပါတယ်။

“သူတို့ အသေအပျောက်တော့ မရှိဘူး။ ဒါပေမယ့် ကျနော်တို့ပစ်တဲ့ လက်နက်ကျည်တွေ သူတို့ကြားထဲကျလို့ ထိခိုက်မှုတော့ရှိတယ်။” လို့ ဗမာပြည်ကာကွယ်ရေးတပ် – USBA တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

အဆိုပါ ထိတွေ့မှုအပြီး စစ်အုပ်စုက ဒဟတ်ပင်ရေနံမှော်နဲ့ သရက် – မင်းလှ လမ်းပိုင်းရှိ ကျေးရွာတွေထဲ ဝင်ရောက်မွှေနှောက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

လက်တလောအခြေအနေမှာ အရပ်သားတွေ ခရီးသွားလာတာကို တက်နိုင်သမျှ မလုပ်ကြဖို့ နဲ့ အဆင်ပြေရင် အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ဗမာပြည်ကာကွယ်ရေးတပ် – USBA က အသိပေးထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းမှာ ဖေဖော်ဝါရီလအတွင်း စစ်ရေးဖော်ဆောင်မှု ၈ ကြိမ် လုပ်ဆောင်ခဲ့ဟု Operation Flame ထုတ်ပြန်

ရန်ကုန်တိုင်းမှာ ဖေဖော်ဝါရီလအတွင်း စစ်ရေးလှုပ်ရှားမှု ၈ ကြိမ် လုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်တာတွေ ရှိခဲ့တယ်လို့ Operation Flame အဖွဲ့က ထုတ်ပြန်ပါတယ်။ 
Read More

ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့အတူ မျက်နှာစုံညီအစည်းအဝေး ပြုလုပ်

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး - ကလလတ အမှတ် (၉၄၂၀) တပ်ရင်းက တပ်ခွဲအသီးသီးမှာရှိတဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေနဲ့ မျက်နှာစုံညီအစည်းအဝေးတစ်ရပ်ကို (၇၈၂၆) တပ်မဟာ စစ်နည်းဗျူဟာ (၁)၊ ဗျူဟာမှူးနဲ့အတူ အမှတ် (၉၄၂၀) တပ်ရင်းမှူး၊ ဒု-တပ်ရင်းမှူးတို့က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 
Read More

အသက် ၁၄ နှစ်အပါ ညီအစ်ကိုနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် ပေါ်တာဆွဲခံရလို့ အမေဖြစ်သူ အရူးမီးဝိုင်းဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ အသက် ၁၄ နှစ်အရွယ် လူငယ် တစ်ယောက် အပါအဝင် လူငယ်အများအပြားလိုက်ပါလာတဲ့ ကားကို စစ်တပ်ရဲ့ စစ်ဆေးဂိတ်မှာ တားဆီးပြီး ကားပေါ်မှာပါလာတဲ့ လူငယ်တွေအားလုံးကို ဖမ်းဆီးပေါ်တာဆွဲသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

စဉ့်ကူးမြို့နယ်မှာ ပြင်းထန်ငလျင်ကြောင့် လူ ၃၄ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

မန္တလေးတိုင်းအတွင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ စဉ့်ကူးမြို့နယ်မှာ မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်ငလျင်‌ကြောင့် လူ (၃၄) ယောက် သေဆုံးပြီး ၁၀ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ပါတယ်။
Read More

မိုးကုတ်မြို့နှင့် နောင်ချိုမြို့တွင် စစ်ကောင်စီတပ် လေကြောင်းမှ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ရာ နေအိမ် (၇) လုံး ပျက်စီးဆုံးရှုံး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ် တိုက်လေယာဉ်နဲ့ ပေါင် (၅၀၀)ဗုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ် (၇) လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မီးဖြတ်ခံရတာ ၁လနီးပါးရှိလာပြီဖြစ်တဲ့ ဖားကန့်မြို့…

ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ထားတာ ၁လနီးပါးအထိ ကြာမြင့်လာတာကြောင့် နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။