အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ရက်ပေါင်း ၃၂ ရက်သာလိုတော့ချိန်မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) နဲ့ ကြားနာစစ်ဆေးနေဆဲအမှုတွေကို ပိတ်သိမ်းဖို့ ဒီနေ့ ည ၈ နာရီသတင်းအပြီးမှာ ကြေညာမယ်လို့ စစ်ကော်မ‌ရှင်ထုတ်ပြန်ပါတယ်။

အဲဒီလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်နဲ့ ရာဇသတ်ကြီးပုဒ်မ (၅၀၅-က) နဲ့  ကြားနာစစ်ဆေးနေဆဲ အမှုတွေကို ပိတ်သိမ်းပေးမယ်လို့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာပြီးနောက် အခုလို ထွက်ပေါ်လာတာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

မိုးမိတ်မှာ TNLA ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ဦးကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့နယ်မှာ တအာင်းပြည် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်သူ (၂) ယောက်ကို ကျပ်သိန်း ၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီဝန်ကြီးများ အလျင်အမြန် ဖဲကြိုးဖြတ်ပြီး ထွက်ပြေးရသည့် ဂျိုင်းတံတားသစ် ဖွင့်ပွဲ ဗုံးကြဲခံမှု စစ်သား ၃ ဦး သေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်စစ်ကောင်စီဝန်ကြီးတွေနဲ့ စစ်တပ်အရာရှိတွေ တက်ရောက်လာတဲ့ ဂျိုင်းတံတားသစ် ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ကလေး ၁ ဦးသေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီး…

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ကွမ်းစလန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေး ၁ ယောက် သေဆုံးပြီး ကျောင်းအဆောင်အားလုံးနီးပါး ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီရဲ့ မိတ်ဖက် ရုရှားက လျှပ်စစ်အပါအဝင် စီးပွါးရေးလုပ်ငန်းများ လာရောက် ရင်းနှီးမြှုပ်နှံမည်ဟု ဆို

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့တွေ့ဆုံစဉ်မှာ ရုရှားက ပြောကြားလိုက်ပါတယ်။
Read More

မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးခြင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဘုန်းကြီးကန်ကျေးရွာမှာ စစ်ကြောင်းထိုးခြင်းမရှိ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ထံက သိရပါတယ်။
Read More

တနင်္သာရီနဲ့ ကျွန်းစုအစပ် နေရာ (၃) နေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၈ ယောက်ထက်မနည်း သေပြီး ၁၅ ယောက်ထက်မနည်း ဒဏ်ရာရ

တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်အစပ်(၃)နေရာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်က ၈ ယောက်ထက်မနည်း သေဆုံးပြီး ၁၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း (၂) က မနေ့က ထုတ်ပြန်ပါတယ်။