အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုပြီး ရန်ကုန်တိုင်းအတွင်းက အရပ်သား ၅ ယောက်ကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အသီးသီး ထပ်မံ အရေးယူထားကြောင်း ထုတ်ပြန်ထားပါတယ်။

အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ဖို့ နီးကပ်လာတာနဲ့အမျှ စစ်အုပ်စုက အရပ်သားတွေ ရွေးကောက်ပွဲအတုအပေါ် စိတ်ဝင်စားမှုရှိအောင် ဝါဒဖြန့် ဖော်ကျူးတာတွေရှိလာသလို ဆန့်ကျင်သူတွေကို ဥပဒေအကြောင်းပြပြီး ဆိုးဆိုးရွားရွား ဖိနှိပ်လာနေရာမှာ အခု နိုဝင်ဘာလထဲမှာလည်း ဖမ်းဆီးမှုတွေ ရှိနေတာဖြစ်ပါတယ်။

နိုဝင်ဘာလအတွင်း လူမူကွန်ရက်စာမျက်နှာပေါ်ကနေ ရွေးကောက်ပွဲအတုနဲ့ ပါဝင်ယှဥ်ပြိုင်မယ့် စစ်တပ်လက်ဝေခံပါတီတွေကို ဝေဖန်တာ၊ မဲဆွယ်လှည့်လည်နေချိန်ဆဲဆိုတာ၊  မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တဲ့ ရန်ကုန်တိုင်းထဲက အရပ်သားတွေကို စစ်အုပ်စုက အရေးယူခဲ့တာဖြစ်ပြီး လိုက်လံဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ တွံတေးမြို့နယ်၊ ဈေးသစ်ရပ်ကွက်နေ ဦးဇော်ဝေ (၅၀) နှစ်ကို အတုအယောင် ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ ဓာတ်ပုံတွေ အသုံးပြုပြီး ပါတီနဲ့ ရွေးကောက်ပွဲအတုကို လူမှုကွန်ရက်ကတဆင့် စော်ကားပုံဖျက်တယ်ဆိုကာ အရေးယူဖမ်းဆီးခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ပါတယ်။

အလားတူ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်နေ ဒေါ်ချိုချိုဝင်း (၅၄) နှစ်ကို အတုအယောင်ရွေးကောက်ပွဲအပေါ် အထင်အမြင်လွဲအောင် လူမှုကွန်ရက်မှာ ရေးသားတယ်ဆိုကာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၂၃ (က) နဲ့ မင်္ဂလာဒုံမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (က) ရပ်ကွက်နေ Zay Yar Min Htet နာမည်နဲ့ လူမှုကွန်ရက် အသုံးပြုတဲ့ ကိုဇေယျာမင်းထက်ကိုလည်း အလားတူ အတုအယောင်ရွေးကောက်ပွဲ ပျက်ပြားအောင် လှုံ့ဆော်ရေးသားတယ်ဆိုပြီး သုဝဏ္ဏနယ်မြေရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။

နိုဝင်ဘာ ၂၁ ရက် ညပိုင်းမှာပဲ ရွှေပြည်သာမြို့နယ်၊ အမှတ် (၂၅) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်သောင်းတို့အဖွဲ့ အတုအယောင် ရွေးကောက်ပွဲမဲထည့်ဖို့နဲ့ မဲစာရင်းကပ်ထားကြောင်း ရပ်ကွက်ထဲ လိုက်လံဆော်သြချိန် ဆဲဆိုခဲ့သူ အသက် ၄၉ နှစ်အရွယ် ကိုနေမျိူးအောင် ဆိုသူကိုလည်း စစ်အုပ်စုက ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးအရေးယူထားပါသေးတယ်။ 

ဒီဖြစ်စဥ်တွေအပြင် နိုဝင်ဘာ ၁၁ ရက်နေ့က လှိုင်မြို့နယ်၊ အောင်မေတ္တာလမ်းနဲ့ လှိုင်ဘူတာရုံလမ်းထောင့်မှာ စိုက်ထူထားတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ “PPP” ပါတီရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်ကို ဆုတ်ဖြဲဖျက်ဆီးသွားသူကိုလည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က) နဲ့အရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်အုပ်စု၏ မဲဆွယ်ဆိုင်းဘုတ်တစ်ခု

“အဓိကက စခလော်ဘီတွေကြောင့်ပါ။ သူတို့က အကုန်စောင့်ကြည့်နေတာ၊ ပြီးရင် ချက်ချင်းဖမ်းခိုင်းတာ၊ အရပ်သားတွေအနေနဲ့ ကိုယ့်ရဲ့အကောင့်ကို Lock ချတာတွေ လုံခြုံရေးတွေ လုပ်ထားသင့်ပါတယ်။ ဒါပေမယ့်လည်း အသက်ကြီးပိုင်းတွေက နားမလည်တော့ သူတို့ ပစ်မှတ်ပိုဖြစ်နေတာ” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ၁ယောက်က မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ အခု နိုဝင်ဘာလကုန်ပိုင်းလောက်မှာပဲ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ ၁၅ယောက်အထိရှိပြီး အနုပညာရှင်တွေပါဝင်သလို ထပ်မံဖမ်းဆီးဖို့ ထုတ်ပြန်ထားသူ ၃ယောက်ရှိကြောင်း Rangoon Scout Network က ပြောပါတယ်။

“ပြီးခဲ့တဲ့ အောက်တိုဘာလကနေစပြီး ရွေးကောက်ပွဲအမှုနဲ့ လူလိုက်ဖမ်းတာတွေ လုပ်လာတယ်ဗျ။ ဆိုရှယ်မီဒီယာပေါ် ဝေဖန်တာတွေကို စဖမ်းတာပါ။ ပြီးတော့ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးတာတွေကိုပါ ဖမ်းတယ်။ အဲ့အပြင် ရပ်ကွက်ထဲ မဲကိစ္စလုပ်နေတဲ့သူတွေကို ဘာကိစ္စနဲ့ပဲ ဆဲဆဲ၊ ရိုက်ရိုက် ရွေးကောက်ပွဲနှောင့်ယှက်တဲ့အမှုလို့တပ်ပြီး ဖမ်းပါတယ်ဗျ။” လို့ Rangoon Scout Network တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူတွေကို ပြစ်မှုမကြီးကြီးအောင် တခြားမလိုအပ်တဲ့ ပုဒ်မတွေပါ တပ်လေ့ရှိကြောင်း သတင်းရင်းမြစ်တွေက ပြောဆိုပါတယ်။

0 Shares:
You May Also Like
Read More

Special Operation Drone Force (Southern Shan) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနား (ဓာတ်ပုံသတင်း)

Special Operation Drone Force (Southern Shan) တပ်ဖွဲ့ရဲ့ တပ်ဖွဲ့တည်ထောင်ခြင်း ၁ နှစ်ပြည့်အခမ်းအနားကို ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပြုလုပ်ခဲ့ပြီး တပ်ဖွဲ့ဝင် ရဲဘော်တွေကို တပ်သားကုဒ်နဲ့ တာဝန်တွေ ခန့်အပ်​​ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားပြီး KNLA ဆီ အလင်းဝင်သွားတဲ့ စစ်သား ၂ ဦးကို ပြန်ရှာရန် လာသည့် အကြမ်းဖက်စစ်တပ် ရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ တပ်ရင်း (၄၀၃) ဝင်းဝတပ်စခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သား ၂ ယောက်ကို ပြန်ရှာဖို့ လာတဲ့ အကြမ်းဖက်စစ်တပ်က ဝင်းဝ ကျေးရွာနေ ဒေသခံ အမျိုးသားကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကလေးငယ် ၂ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်အပါ အရပ်သား ၆ ဦး သေဆုံးခဲ့သည့် တောင်သာမြို့နယ်ကို စစ်ကောင်စီ ဗုံးကြဲမှု NUG ထုတ်ပြန်…

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် နတ်စောင့်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် အရပ်သား ၆ ယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ  ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အကျိုးစီးပွား ဦးတည်နေသည့် ရွေးကောက်ပွဲအတုကို မွန်ခမာအုပ်စု လူငယ်များ ဆန့်ကျင်ကန့်ကွက်

အာဏာသိမ်းစစ်အုပ်စု ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ လုံးဝ သွေဖယ်နေပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ဦးတည်နေတာကြောင့် ဆန့်ကျင်ကန့်ကွက်ကြောင်းကို မွန်ခမာအုပ်စုဖြစ်တဲ့ ဝ၊ တအာင်းနဲ့ မွန် လူငယ်တွေက ထုတ်ပြန်လာပါတယ်။
Read More

အမ်းမြို့နယ်တစ်ခုလုံးကို AA ကတသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေ

ရခိုင်ပြည်နယ်၊ အမ်းဒေသတစ်ခုလုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်လိုက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က အသိပေးထုတ်ပြန်ပါတယ်။