ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး နိုဝင်ဘာလအထိ ၄ လတာအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ များစွာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားသလို လက်နက်တွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Myingyan Black Tiger (MBT) တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

မန္တလေးတိုင်း၊ မြင်းခြံခရိုင်ထဲမှာ ဇူလိုင်လ ၃၁ ရက်ကနေ စတင်စစ်ကြောင်းထိုးလာတဲ့ မြင်းခြံ ပြည်သူ့စစ် ခေါင်းဆောင် သီတာယုမွန်ဦးဆောင်တဲ့ စစ်ကြောင်း၊ နေပြည်တော် အထူးရဲကွန်မန်ဒိုတပ်နဲ့ ခမရ (၁၅) က တပ်အင်အားတွေဟာ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းကို အဓိကထားပြီး ထိုးစစ်ဆင်လာရာမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကော်မရှင်စစ်ကြောင်းဟာ အင်အား အလွန်များပြီး လေကြောင်းစစ်ကူတွေကိုလည်း အများအပြား အသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဆိုပါတယ်။ 

“အင်အားက များပါတယ်။ သူတို့ ကျနော်တို့ ဌာနချုပ်ကို ထိုးတာတောင် အင်အား ၁၇၀၀ ကျော်ပါတယ်။ တင့်ကား၊ ကာမီကာဇီ၊ ဒရုန်း၊ ခြောက်လက်ဒရုန်းတွေပါတယ်… ပြီးရင် ဂျိုင်ရိုကော်ပတာရော၊ ပါရာမော်တာတွေရောပေါ့နော်… ပြီးတော့ Y12 ၊ ဂျက်ဖိုက်တာတွေရော အင်အားအကုန်ကို သုံးတာပါ”လို့ ဗိုလ်မိုက်ခဲက မောင်းကို ပြောပါတယ်။ 

ဒါ့အပြင် အဲဒီစစ်ကြောင်းဟာ စစ်ကြောင်းထိုးရာ လမ်းတလျှောက်က ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နယ်မြေတချို့ကို စစ်ကော်မရှင်တပ်တွေက ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပေမယ့် အလုံးစုံထိန်းချုပ်နိုင်တဲ့ အခြေအနေမဟုတ်ဘူးလို့ သိရပါတယ်။ နေ့တိုင်းနီးပါးမဟုတ်တောင် မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ရေးအခြေအနေကတော့ တင်းမာဆဲ ဖြစ်တယ်လို့ သိရပါတယ်။ 

၄ လတာ တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားပြီး စစ်ကော်မရှင်တပ်သားတွေရဲ့ ဒရုန်းအပါအဝင် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့သလို တော်လှန်ရေးရဲဘော်တွေဘက်ကလည်း အကျအဆုံးရှိတယ်လို့ သိရပါတယ်။ 

“ဒီအချိန်က တအားခက်ခဲပြီး တအားကြမ်းတမ်းပါတယ်။ ဒီကာလက တော်လှန်ရေးရဲ့ နောက်ဆုံးလှိုင်းတခုဖြစ်တယ်။ ဒီအချိန်မှာ တအားခက်ခဲတာ မှန်ပါတယ်။ ဒါပေမယ့် ဒီလို တအားခက်ခဲတာဟာ ရောင်နီလာဖို့ နီးလာတယ်လို့ပဲ ကျနော်ကတော့ ယူဆတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အားတင်းထားပါ။ စိတ်ဓာတ်ကျစရာမလိုပါဘူး။ မကြာခင်မှာ ကျနော်တို့ မြင်ချင်တဲ့ ရောင်နီတွေ တနိုင်ငံလုံးအနှံ့မြင်ရမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” လို့ ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုတွေကိုတော့ Myingyan Black Tiger (MBT) တပ်ဖွဲ့နဲ့အတူ ဗိုလ်စားပြောက်ကျားတပ်၊ မြင်းခြံခရိုင် တပ်ရင်းအချို့နဲ့ တခြားမဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ MBT က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စလင်းမှာ စစ်တပ်ကင်းစခန်းအနီး တော်လှန်ရေးတပ်များ ချဥ်းကပ်စဥ် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ကျေးရွာမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းအနီး ကင်းပုန်းဝပ်ဖို့ ချဥ်းကပ်ချိန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် ပထမဆုံးအကြိမ်အဖြစ် ဘန်ကောက်သို့ လာရောက်မည်ဟု ဆို

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဧပြီလထဲမှာ လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
Read More

ပေါက်နှင့် မြိုင်အစပ်မှာ စစ်တပ်နှင့် တော်လှန်ရေးတပ်တွေ တစ်ရက်တည်း ၂ ကြိမ် တိုက်ပွဲဖြစ်၊ စစ်အုပ်စု ၃ ယောက် သေ၊ ၁၃ ယောက် ထိခိုက်ပြီး TYK ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံလည်း ကျဆုံးခဲ့ရ

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ တစ်ရက်အတွင်း တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၃ ယောက် သေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Read More

ထိုင်းကုန်စည်တွေ စျေးကွက်အတွင်း ပြတ်လတ်ပြီး စျေးတက်နေ

စစ်ကောင်စီက ကုန်သည်တွေကို တရားမ၀င်ကုန်စည်တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးအရေးယူနေလို ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအချို ပြတ်လပ်နေတယ်လို ရန်ကုန်မြိုခံတွေက ပြောပါတယ်။
Read More

ကလေးမြို့ မော်လိုက်ထောင်တွင် အကျဥ်းသားများကို ချနင်းကာ ထောင်အာဏာပိုင်များ စီးပွားရှာကြမ်းနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်အကျဥ်းထောင်မှာ ထောင်ပိုင်အပါအဝင် ထောင်ဝန်ထမ်းအဆင့်ဆင့်က အကျဥ်းသားတွေရဲ့ လုပ်အားအပေါ် ခေါင်းပုံဖြတ်အမြတ်ရှာရင်း လာဘ်စားမှုတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Read More

ကံထူးမရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူ ၁၂ ယောက် အထိရှိလာပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူ အယောက် ၂၀ ကျော် ရှိနေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်မှာ သေဆုံးသူ ၁၂ယောက်အထိ ရှိလာပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်သူတွေလည်း ရှိထားကြောင်း People's Defense Comrade တာဝန်ရှိသူက မောင်းကို ပြောပါတယ်။ ​