အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ခေါ်ယူပြီး  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရ အဖွဲ့ဝင်တွေကို မတရား ဖမ်းဆီးခဲ့သူတွေနဲ့ ကာလုံအဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးတွေ၊ ကာလုံအဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း ၁၈ ယောက်ကို အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်တာပါ။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ရဲ့  အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (င)နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး အခုလို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်တယ်လို့ NUG က ဆိုပါတယ်။ 

NUG အနေနဲ့ အရင်က အကြမ်းဖက်စစ်တပ်နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့ဖူးပြီး လက်ရှိမှာ လူပုဂ္ဂိုလ်တွေကို နာမည်နဲ့တကွ အကြမ်းဖက် သမားတွေအဖြစ် ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ 

အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခံရသူတွေဟာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်တပ်ခန့် ဒုသမ္မတ မြင့်ဆွေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ တီခွန်မြတ်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဆွေ၊ ဦးဟင်နရီဗင်ထီးယူ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒေါက်တာသီတာဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ပဲ ဖြစ်ပါတယ်။

အခုလို အကြမ်းဖက်သမားတွေအဖြစ် ကြေညာခံရသူတွေဟာ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အကြမ်းဖက်စစ်တပ်ဟာ  အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ ခေါ်ယူကာ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးပြီး နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ အဓိကတရားခံတွေဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ  ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်အတွင်း အကြမ်းဖက်စစ်တပ် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” က တာဝန်ပေး ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့အဆက်ဆက်ရဲ့ ကာလုံအဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-မန္တလေးလမ်းပေါ် ဆက်ကြေးကောက်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းနဲ့ ပစ်ခံရပြီး ၂ ယောက်သေ၊ အထိနာသွားတဲ့ ပျူတွေက အနီးနားမှာရှိတဲ့ နေအိမ် ၃ လုံးကို မီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်မှာ မုံရွာ- မန္တလေးလမ်းပေါ်တက်ပြီး ဆက်ကြေးကောက် ငွေညှစ်ဖိုလုပ်နေတဲ့ ပျူစောထီးတွေ ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခံရလို ၂ယောက် သေပြီး ၁၀ယောက်နီးပါး ထိခိုက်သွားကြောင်း Brave Heart Army - BHA အဖွဲ့ထံက သိရပါတယ်။
Read More

နောင်ချိုမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ မိန်းကလေးငယ် ထပ်မံ ခွဲစိတ်ဖို့ အကူအညီလိုအပ်နေ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းကနေ တိုက်ခိုက်ချိန် ဒဏ်ရာရခဲ့တဲ့ ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထပ်မံ ခွဲစိတ်မှု ပြုလုပ်ဖို့ အကူအညီလိုအပ်နေတယ်လို့ Ta'ang Women's Organization က ထုတ်ပြန်ထားပါတယ်။
Read More

ပေါင်းတည်မှာ အင်အား ဖြည့်တင်းဖို့ လာတဲ့ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁ ယောက် သေဆုံး…

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်ပင်တာဝါတိုင်စခန်းကို အင်အားဖြည့်တင်းဖို့ လာတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ၃၆၀၁ PPDF တပ်ရင်းဆီက သိရပါတယ်။
Read More

မြိုင်မြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းများ ပြန်လည်စတင်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းမှာ အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးသင်တန်း (WCP) သင်တန်းကို ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာ စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးနဲ့ မဝေးတဲ့ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက ရွာကို မီးရှို့၊ စစ်အုပ်စုက လေကြောင်းနဲ့ လက်နက်ကြီးတွေပါ ပစ်ခတ်နေ

မန္တလေးမြို့အနီး မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေနဲ့ ရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ပြီး အောင်ပွဲနှင့် ပြန်လာသည့် တနင်္သာရီ ပကဖ တပ်ဖွဲ့ဝင်များကို ပြည်သူလူထု ဂုဏ်ပြုကြိုဆို

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့ကို အောင်မြင်စွာတိုက်ခိုက်ပြီး ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကို တနင်္သာရီမြို့နယ် ပြည်သူတွေက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ပါတယ်။