အမေရိကန်နိုင်ငံအစိုးရရဲ့ မြန်မာနိုင်ငံသားတွေ‌‌ကိုပေးထားတဲ့ ယာယီခိုလှုံခွင့် (TPS) ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမလိုဘဲ မြန်မာနိုင်ငံပြန်လာပြီးတော့ မဲပေးနိုင်တယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့ ပြောဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ အမိနိုင်ငံကို ပြန်လာနိုင်သလို ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။

“အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး အထွေထွေရွေး ကောက်ပွဲမှာ မဲပေးနိုင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့ လက်ကမ်းကြိုဆိုပါတယ်” လို့ ဗိုလ်ချုပ်ဇာ်မင်းထွန်းက ဆိုပါတယ်။

အမေရိကန်အစိုးရရဲ့ TPS ရပ်ဆိုင်းလိုက်တာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေတိုးတက်လာတာကြောင့်ဖြစ်တယ်လို့ ပါဝင်နေပြီး စစ်ကော်မရှင်က အရေးပေါ်အခြေအနေ ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆောင်ရွက်နေတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကာ ငြိမ်းချမ်းရေးဆောင်ရွက်နိုင်ခြင်းကြောင့် ယာယီနေထိုင်ခွင့် (TPS) ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

(ဓာတ်ပုံ စစ်ကော်မရှင်)


ပြီးခဲ့တဲ့ ၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်ကိုရောက်ရှိနေတဲ့ ဒုက္ခသည်နဲ့ နိုင်ငံရေးခိုလှုံခွင့်ကနေရရှိထားတဲ့ အမြဲတမ်းနေထိုင်ခွင့် (Green Card) ရထားသူတွေကို ပြန်စိစစ်မယ့် ခုနစ်နိုင်ငံထဲမှာ မြန်မာနိုင်ငံပါဝင်နေတယ်လို့ အမေရိကန်အခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) ရဲ့ဆုံးဖြတ်ချက်ဟာ လက်ခံနိုင်စရာမရှိဘဲ မြန်မာနိုင်ငံရဲ့ လက်ရှိ လုံခြုံရေး အခြေအနေက လုံးဝ မလုံခြုံသေးဘူးလို့ နယူးယောက်အခြေစိုက် Human Rights Watch (HRW) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဟာ လက်နက်ကိုင်ပဋိပက္ခ၊ ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိနေဆဲဖြစ်လို့ ပြန်ပို့ဖို့အတွက် လုံခြုံမှုမရှိဘူးဟု HRW က ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

ဧရာဝတီတိုင်းအတွင်း တပ်ရင်းတွေအလိုက် ပြုတ်ပြုတ်ပြုန်း ထားတာကြောင့် စစ်ကောင်စီ တွေ့သမျှလူ ဆွဲခေါ်ကာ လုံခြုံရေးယူခိုင်းနေ

ရခိုင်ပြည်နယ်မှာ အကြီးအကျယ် ရှုံးနိမ့်ထားတဲ့ စစ်ကောင်စီဟာ ဧရာဝတီတိုင်းအတွင်း ရခိုင်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ လုံခြုံရေးတင်းကျပ်ကာ ခံစစ်အတားအဆီးတွေ လုပ်ဆောင်နေပါတယ်။
Read More

ချောင်းဦးမြို့အဝင် စစ်အုပ်စုကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့အဝင်မှာရှိတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အပြန်အလှန် ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် တစ်လအတွင်း ကော့ကရိတ်-ကျုံဒိုးအနီးတဝိုက် ပြည်သူ (၁၄) ဦး သေဆုံးခဲ့

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ကိုရီးယားလွှတ်တော်တွင် “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်…

တောင်ကိုရီးယားလွှတ်တော်မှာ “မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကျော်လွန်၍ ငြိမ်းချမ်းရေးကို ရှုမြင်ခြင်း” ခေါင်းစဉ်နဲ့ မြန်မာ့နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲကို သြဂုတ်လ ၂၁ ရက်က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်နှင့် ရေဖြူမြို့နယ်တွင် စစ်အုပ်စုများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေပြီး အများအပြား ဒဏ်ရာရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်တို့မှာ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၃ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒူရကစစ်ကြောင်းက‌ သတင်းထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီးနယ်တွင် အကြမ်းဖက် စစ်ကော်မရှင် စက်တပ်လေထီးဖြင့် ပစ်ခတ်လို့ ၁ ဦး သေဆုံး၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။