ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအတွင်း DKBA လုံခြုံရေးယူပေးထားတဲ့ ကျားဖြန့် အလုပ်ရုံကို KNU က နိုဝင်ဘာ ၂၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကျားဖြန့်ရုံကို DKBA မှ ဗိုလ်သခွါးသီးက လုံခြုံရေးပေးထားတာဖြစ်ပြီး စီးနင်းမှုအတွင်း ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ကာ လုံခြုံရေးယူပေးထားတဲ့ DKBA တပ်ဖွဲ့ဝင် အယောက် ၂၀ ကို ထိန်းသိမ်းခဲ့သလို လက်နက် ၁၇၆ လက် သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာ ၂၃ ရက်က နိုင်ငံပေါင်း ၈ နိုင်ငံက လူပေါင်း ၃၉၆ ယောက်ကို စစ်ဆေးအတည်ပြုခဲ့ပြီး ထိုင်းနိုင်ငံ သား ၂၈ ယောက်ကို တာဝန်ရှိသူတွေထံ လွှဲပြောင်းပေးခဲ့ကာ နိုဝင်ဘာ ၂၄ ရက်မှာလည်း လူပေါင်း ၃၄၅ ကို ထပ်မံစစ်ဆေးပြီး ထိုင်းနိုင်ငံသား ၃၆ ယောက်ကို ထိုင်းတာဝန်ရှိသူတွေထံ ထပ်မံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းမှာ ကျားဖြန့်အလုပ်သမားတွေဟာ အသေခံဒရုန်းနဲ့ တိုက်ခိုက်မှုတွေရှိတယ်လို့ ကြားကာ ခြံဝင်းအပြင်ဘက်သို့ ထွက်ပြေးဖို့ကြိုးစားခဲ့ကြပြီး အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

KNU မြေပြင်အဖွဲ့နဲ့ ခြံဝန်းအတွင်း ပိတ်မိနေတဲ့ နိုင်ငံအများအပြားက အရပ်သားတွေအတွက် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ တိုးလာကြောင့် ကျားဖြန့် အဆောက်အအုံဝင်းနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေရှိနေပြီး အရေးပေါ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအတွက် KNU က အကူအညီတောင်းခံထားပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

ကျားသစ်နက်တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်စဉ် ပါဝင်ခဲ့ပြီး တိုက်ပွဲပေါင်း ၁၀၀ ကျော်တိုက်ခိုက်ခဲ့တဲ့ စခန်းမှူး (ယာယီ) ဗိုလ်မိုက်တီးရဲ့ စျာပန (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း ကျားသစ်နက်ပြည်သူ့ကာကွယ်‌ရေး တပ်မတော်မှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့တဲ့ စခန်းမှူး (ယာယီ) ဗိုလ်မိုက်တီး (ခ) ဇော်ရဲမှူး ရဲ့ နာရေးစျာပနကို အောက်တိုဘာ ၁၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၁၁ထံက သိရပါတယ်။
Read More

ဖလမ်းမြို့သိမ်းတိုက်ပွဲက ပြန်လာတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲဘော်တွေကို ပြည်သူများက အောင်သပြေပန်းတွေနဲ့ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင် စစ်ဆင်ရေး (Operation CB) နဲ့အတူ ပါ ဝင်တိုက်ခိုက်ပြီး အောင်ပွဲနဲ့အတူ ပြန်လာတဲ့ အမျိုးသားလွတ်မြောက်‌ရေးတပ်တော် (NLA) ရဲဘော် တွေကို ပြည်သူတွေက အောင်သပြေပန်းနဲ့အတူ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၃၀ ခန့်ကို အောက်တိုဘာ ၁၁ ရက် မနေ့နေ့လယ်ပိုင်းက‌ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။
Read More

ဇီးဖြူကုန်းကျေးရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် ပျူခေါင်း‌ဆောင် ဝင်းဇော်အောင်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ပျူခေါင်း‌ဆောင်သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ သတင်းထုတ် ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက် ၂ ရက်ဆက် ဇီးဖြူကုန်းကျေးရွာရှိ အကြမ်းဖက်စစ် ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၄၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သား ပျူခေါင်းဆောင် ဝင်းဇော်အောင် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ULF စစ်ကြောင်းထံ အလင်းဝင်လာတဲ့ ပြည်သူ့စစ်များက ဝှက်ထားတဲ့ လက်နက်များကို ပေးအပ် (ရုပ်/သံ)

အလင်းဝင်လာတဲ့ ပြည်သူ့စစ်များက ဝှက်ထားတဲ့ လက်နက်များကို လိုက်လံပြသပြီး ULF စစ်ကြောင်းထံ အပ်နှံခဲ့ပါတယ်။ Union Liberation Front က ထုတ်ပြန်တဲ့ ဗီဒီယိုမှာတော့ ပြည်သူ့စစ်များက တောထဲတစ်နေရာမှာ ဝှက်ထားတဲ့ MA-1 ၂ လက်၊ MA -2 ၁ လက် စုစုပေါင်း ၃ လက်နဲ့ ခဲယမ်းတွေကို ULF ရဲဘော်တွေကို လိုက်လံပြသပြီး အပ်နှံခဲ့ပါတယ်။
Read More

ပခုက္ကူတပ်မ ၁၀၁ မှ ဒုတပ်မမှူးဦးဆောင်ထွက်လာတဲ့ စစ်ယာဉ်တန်းအား ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲပြီး ပြောက်ကျားခြုံခိုတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ယောက် အလင်းဝင်ရောက်လာ (ရုပ်/သံ)

ဇွန်လ ၂၄ ရက်မှာ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ဇွန်လ ၂၅ ရက်မှာ ၁ ယောက် မြိုင်ပကဖထံ ဆက်သွယ်အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။