စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ နည်းပညာတက္ကသိုလ်(GTC) ကျောင်းဝန်းအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတွေ စီးနင်းတိုက်ခိုက်ခံရပြီး ၄ ယောက် သေ၊ ၇ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၂) ဒေါင်းမျိုးဆက် က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၃ ရက် မနက်ပိုင်းက မုံရွာမြို့နယ်၊ နည်းပညာတက္ကသိုလ်(GTC) ကျောင်းမှာတပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတွေ ရှိရာနေရာကို တော်လှန်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အချိန်အတော်ကြာ စီးနင်းတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ၄ ယောက် သေဆုံးကာ ဒဏ်ရာပြင်းထန်သူ ၇ ယောက် ရှိခဲ့ပြီး လက်နက်ငယ် ၂လက် ပျက်စီးခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၂) ဒေါင်းမျိုးဆက် က ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ ၃ တပ်စု ၂ ဒေါင်းမျိုးဆက် တပ်ဖွဲ့၊ မုံရွာခရိုင်အမှတ် ၂ တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၄ မီးတောက်တပ်ဖွဲ့၊ ချောင်းဦး မီးတောက်တပ်ဖွဲ့ (MTG) နဲ့ Royal God People Defence Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် စစ်တပ်အနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ဦးတည်သတ်ဖြတ်နေမှုတွေ ဆက်လက်လုပ်ဆောင်ရင် ပိုမိုဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ကြုံတွေ့ရမှာဖြစ်ပြီး တပ်မတော်ဆိုတဲ့ နာမည်ကို ထိန်းသိမ်းတဲ့အနေနဲ့ ယောက်ျားပီသစွာ စစ်သား အချင်းချင်းသာ သတ္တိရှိရှိ တိုက်ခိုက်ကြဖို့လည်း ဒေါင်းမျိုးဆက်က အသိပေးထားပါတယ်။

 

0 Shares:
You May Also Like
Read More

အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်ရဲ့ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသလက်အောက်ရှိ စစ်ကိုင်းတိုင်းအခြေစိုက် ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀ - အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် က ရှေ့တန်း၊ နောက်တန်းနဲ့ အခြေခံစစ်သင်တန်းတွေအပါ တပ်ရင်းရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

အောက်တိုဘာ တစ်လအတွင်း စစ်အုပ်စုမှ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ စစ်သုံ့ပန်း ၁၂၅ ဦး အထိရှိ

ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လတာအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင်ပူးပေါင်းလာသူနဲ့ လက်နက်ချ စစ်သုံ့ပန်း စစ်ကော်မရှင်တပ်သား အရေအတွက် ၁၂၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်အောင် တိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေ ကြိုဆို

ဘုတလင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထိုးစစ်တွေကြောင့် ရက်ပိုင်းအတွင်း ဂွမြို့ထဲအထိ AA ရောက်ရှိလာနိုင်၊ အမ်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်တိုက်သိမ်းပိုက်နေ

ရခိုင်ပြည်နယ် အမ်းနဲ့ ဂွမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AAက ထပ်မံသိမ်းပိုက်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ  ဂွမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း  စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်
Read More

ထားဝယ် PDF ရဲ့ ဒရုန်းသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း T5 wings နဲ့ သရက်ချောင်း(ပကဖ) ဒေါင်းညီနောင်စစ်ကြောင်း ဒရုန်းတပ်ဖွဲ့ တို့ရဲ့ အပတ်စဥ် (၁) ဒရုန်းသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။