အမျိုးသမီး ၁ယောက်ကို ထိုးကြိတ်ရိုက်နှက်ပြီး သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ထောက်အရာရှိ ရဲဘော်ဓူဝံကို ခေါ်ယူစစ်ဆေးမေးမြန်းနေပြီဖြစ်တယ်လို့ PDF နေပြည်တော် တိုင်းစစ်ဌာန၊ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီဖြစ်စဥ်အပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာနအပါဝင် ဌာနဆိုင်ရာတွေကို လိပ်မှု တိုင်ကြားထားတဲ့ ကာယကံရှင် မသန္တာအောင်ကတော့ နေပြည်တော်PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို လုပ်ရပ်နဲ့ထိုက်တန်တဲ့ အပြစ်ပေးစေချင်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ရက်နေ့က နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံဟာ သူတို့လင်မယားရန်ဖြစ်တဲ့ကိစ္စနဲ့ ပက်သက်ပြီး နှစ်ယောက်သား စကားပြောဆိုနေရင်းကနေ သူ့နေအိမ်မှာ လာရောက်တည်းခိုနေတဲ့ မသန္တာအောင်ကို ဆဲဆိုရိုက်နှက်ရင်း သေနတ်ပြခြိမ်းခြောက်ခဲ့ကြောင်း မသန္တာအောင်က ပြောပါတယ်။

မသန္တာအောင်က သူ့အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနဲ့ ဗိုလ်ဓူဝံကို NUG ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၊ အမျိုးသမီးနှင့်ကလေးသူငယ်ဌာန၊ ကရင်နီပြည်ရဲဌာန (KSP) ၊ ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) နဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) တို့ကို တိုင်ကြားထားကြောင်း သိရပါတယ်။

မသန္တာအောင် တင်ပြထားသည့် သက်သေများ

မသန္တာအောင်ရဲ့ တိုင်ကြားစာထဲမှာ ဗိုလ်ဓူဝံက M4 သေနတ် ၂လက်၊ ပစ္စတို ၁လက်ကိုင်ကာ ဒေါသတကြီး သူ့လည်ပင်းကိုညှစ်ကာ ပါးတစ်ချက်ရိုက်ခဲ့ကြောင်း၊ လက်သီးနဲ့ထိုးဖို့ ချိန်ရွယ်စဥ် ဗိုလ်ဓူဝံ အမျိုးသမီးရဲ့တူက ကာပေးခဲ့လို့ မထိုးမိခဲ့ဘဲ သေနတ်ပြ ခြိမ်းခြောက်ခံခဲ့ရကြောင်း စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

ဒီဖြစ်စဥ်အပေါ် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို မောင်းသတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာတော့ သူ့အနေနဲ့ မသန္တာအောင်ကို ဆဲဆိုခဲ့ရုံကလွဲလို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနဲ့ စစ်ဆေးမှုခံယူနေကြောင်း ပြောပါတယ်။

“အဲ့နေ့က ကျနော် ဗုံးခိုကျင်းထဲကနေ ရုံးပြန်မို့ ကျနော် သေနတ် ၃လက်ယူပြီး အပေါ်တက်လာတာ။ သူက ဘာဖြစ်တာလဲ ကျမကြောင့် ရန်ဖြစ်တာလားဆိုမေးတာ။ ပြဿနာမဖြစ်ခင်ညက သူ့ကြောင့် ကျနော်တို့လင်မယားရန်ဖြစ်ထားလို့ သူ့ကို နင့်ကြောင့် ငါတို့လင်မယားရန်ဖြစ်တာဆိုပြီး ဆဲတာပေါ့။ ဒါပေမယ့် သေနတ်နဲ့လည်းမချိန်ခဲ့သလို ပါးလည်းမရိုက်ခဲ့ပါဘူး။” လို့ ဗိုလ်ဓူဝံက မောင်းကိုပြောပါတယ်။

မသန္တာအောင်ကတော့ ဗိုလ်ဓူဝံဟာ သူ့အပေါ် ကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် မျက်နှာပေါ် ထိခိုက်ဒဏ်ရာရရှိခဲ့မှုနဲ့ ကျူးလွန်ခံရချိန်မှာ မျက်မြင်သက်သေတွေပါရှိကြောင်း ပြောဆိုထားပါတယ်။

လက်ရှိမှာလည်း PDF နေပြည်တော် တိုင်းစစ်ဌာန၊ ကွပ်ကဲရေးအဖွဲ့က ဗိုလ်ဓူဝံကို ဒီဖြစ်စဥ်အပေါ် စစ်ဆေးမေးမြန်းနေကြောင်း စာထွက်လာပါတယ်။

ဒီအပေါ် မသန္တာအောင်က “တပ်ရင်းတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့အပေါ်လို့ပြောရင် ရုံးစာနဲ့ လက်မှတ်ထိုးတာ မပါတာ တစ်ခုတည်းနဲ့တင် တွေးလို့ရပါတယ်နော်။ အဖွဲ့အစည်းတံဆိပ်နဲ့ လက်မှတ်မပါတဲ့ အရာတစ်ခုက အကျုံးဝင်ပါသလား။ တိုက်ရိုက်သက်ဆိုင်ပါသလား။ အစ်မကတော့ အမှန်တရားတိုင်း ရှေ့ဆက်မှာပါ။ သူ့လုပ်ရပ်နဲ့ ထိုက်တန်တဲ့ အပြစ်ပေးခံရတာပဲ လိုချင်ပါတယ်။” လို့ မောင်းကိုပြောပါတယ်။

တစ်ဖက်မှာလည်း ဗိုလ်ဓူဝံက အခုလိုတိုင်ကြားခံရမှုဟာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အပေါ် ရည်ရွယ်ချက်ရှိရှိ တိုင်ကြားတာဖြစ်ကြောင်း ချေပပြောဆိုထားပါတယ်။

“ပြဿနာမဖြစ်ခင်ညက ကျနော့်အမျိုးသမီးနဲ့ စကားများပါတယ်။ သူ့ကြောင့်ပါ။ ဘာလို့လဲဆိုတော့ အဲ့ည သူက စသလိုနောက်သလိုနဲ့ ကျနော့်မိန်းမကို အလင်းဝင်ဖို့ပြောပါတယ်။ အဲဒီကိစ္စမဖြစ်ခင် ရှေ့ရက်မှာ KSP ရုံး လေယာဥ်ကြဲခံရတော့ သူ့ကို စိတ်ခုထားတာရှိပါတယ်။ အဲ့ကောင်တွေ သေတာနည်းသေးတယ်ပြောတော့ ကျနော်ဒေါသထွက်သွားတယ်။ အဲ့ဒါနဲ့ မိန်းမကိုပြောတယ်။ နင့်သူငယ်ချင်းကို ဆက်ထားလို့မရတော့ဘူးဆိုပြီး အဲ့ကစ ပြဿနာဖြစ်တာပါ။” လို့ မောင်းကိုပြောပါတယ်။

မသန္တာအောင်ဘက်ကတော့ “အစ်မကတော့ အမှန်တရားတိုင်း ရှေ့ဆက်မှာပါ။ သူ့လုပ်ရပ်နဲ့ ထိုက်တန်တဲ့ အပြစ်ပေးခံရတာပဲ လိုချင်ပါတယ်။ မျက်မြင်သက်သေ၊ ပုံ၊ ဆေးမှတ်တမ်း၊ အသံဖိုင်၊ ss အကုန်ရှိပါတယ်နော်။ လိုအပ်ရင် သက်သေဖိုင်တွေပါ ပေးပါမယ်” လို့ မောင်းကိုပြောခဲ့ပါတယ်။

ဒီဖြစ်စဥ်မှာ ရိုက်နှက်ခြိမ်းခြောက်ခံရကြောင်း တိုင်ကြားထားတဲ့ မသန္တာအောင်ဟာ ဒီးမော့ဆို အနောက်ခြမ်းရှိ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေအတွက် Crochet For Karenni ဆိုတဲ့ လက်မှုပညာသင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ထားသူလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်၊ ရဲ ၅ ဦး သေ

ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင် အမှတ် ၃၁၉ မိုင်မှာ ဒီနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက စစ်အုပ်စုနဲ့  ပြည်သူ့ကာကွယ်တပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
Read More

အနန်းကွင်း ဗျူဟာစခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ပါ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၊ ၃၀ ကျော်သေပြီး လက်နက်ခဲယမ်းများပါရရှိ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြားဖြတ်တိုက်ခိုက်ရာ ၃၀ ကျော်သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ဒီနေ့ ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

အင်းစိန် ကြို့ကုန်းဘူတာနားက ခလရ-၁၆ စစ်တပ် ဂိတ်ကင်းကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်…

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က ခလရ- ၁၆ စစ်တပ်ကင်းဂိတ်ကို အဝေးထိန်းမိုင်းနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ God's Hand Forces ( GHF) အဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
Read More

ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Kaw Lin People Defense Force (KLPDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြန်မာ့ဘိန်းစိုက်ပျိုးမှု ၁၀ နှစ်အတွင်း အမြင့်ဆုံးရောက်နေ

ပဋိပက္ခဒဏ်သင့်နေတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပြီး ယခုနှစ်ရဲ့ ဘိန်းစိုက်ပျိုးမှုဟာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံးအခြေအနေမှာ ရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းတရပ်က ဒီဇင်ဘာလ ၃ ရက်မှာ ဆိုထားပါတယ်။ ၂၀၂၁ ခုနှစ်မှာ တာလီဘန်တို့ အာဏာသိမ်းပြီးနောက် ဘိန်းထုတ်လုပ်မှု ပိတ်ပင်ခဲ့ခြင်းကြောင့် အာဖဂန်နစ္စတန်မှာ ဘိန်းထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့အဓိက တရားမဝင် ဘိန်းအရင်းအမြစ် ဖြစ်လာခဲ့တာပါ။
Read More

မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေး ရဲဘော်တွေရဲ့ အပတ်စဉ် ၁ မွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပကဖ တိုက်ခိုက်ရေးရဲဘော်တွေရဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၁ သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။