မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ နတ်မောက်ဂဠုန် PDF ထံက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက် ဒီနေ့မနက်ပိုင်းမှာ နတ်မောက်မြို့နယ် ကျောက်တန်းရွာအနီး တုံးလုံးကိုယ်တော် လမ်းဆုံကနေ သရက်ချောင်း ကံလှရွာဘက်ကို အင်အား ၈၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ကာကွယ်ရေးအဖွဲ့က အကျအဆုံး မရှိပါဘူး။ သူတို့လာမှာကို ကျနော်တို့ ကြိုသိပါတယ်။ ‌ေ-ွးတပ်ကနေပြီးတော့ အမြန်လမ်းက တင်ကားတွေနဲ့ ကား ၄၊ ၅ စီး စစ်ကူဆင်းလာတယ်။ ကျနော်တို့က အင်အားနည်းတဲ့အတွက် ပြန်ဆုတ်ခဲ့ရပါတယ်။ ‌ေ-ွးဘက်ကတော့ ၁၀ ယောက် အနည်းဆုံးလောက် ကျတယ်” လို့ နတ်မောက်ဂဠုန် PDF ရဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ပေမယ့် စစ်တပ်ဘက်က စစ်ကူတွေတက်လာသလို လူအင်အား မမျှတော့တဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

“လောလောဆယ် သူတို့ တိုက်ပွဲဖြစ်တဲ့နေရာမှာပဲ ရှိနေပါသေးတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာလည်း လယ်ရိတ်နေတဲ့ ပြည်သူတချို့ကိုလည်း ဖမ်းထားတယ် ကြားတယ်” လို့ အထက်ပါ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

Video – နတ်မောက်ဂဠုန်

0 Shares:
You May Also Like
Read More

ပန်ဝါမြို့ရှိ စစ်တပ်လက်အောက်ခံတပ်စခန်း ၄ ခုကို KIA ဦး‌ဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်သားအလောင်း၊ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

ကချင်ပြည်နယ် ပန်ဝါမြို့ရှိ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်နဲ့ ကာကင်းစခန်း ၄ ခုကို KIA ဦး‌ဆောင်တဲ့ တော်လှန်ရေးတပ်တွေက အောက်တိုဘာ ၁၄ ရက်နဲ့ အောက်တိုဘာ ၁၅ ရက် မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

အရာတော်မြို့နယ်အတွင်း သံပုံးတီးသပိတ်ပြုလုပ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက် မနေ့ညပိုင်းက သံပုံးတီးသပိတ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ၊ အရာတော်မြို့နယ် ဗကသ ကျောင်းသားဟောင်းများ၊ သမိုင်းသစ် စစ်ဘေးသင့် ကူညီထောက်ပံ့ရေးအဖွဲ့က ပြည်သူလူထုနဲ့အတူပူးပေါင်းပြီး မိုးကုတ်မြို့နဲ့အတူ အရာတော်မြို့နယ်ရှိကြောင်း ပြသနေတဲ့အနေနဲ့ သံပုံးတီးသပိတ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Read More

ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ မူးဆုံဂိတ်မှ ရေဆင်းချိုးနေတဲ့ အကြမ်းဖက်စစ်သား တွေကို ‌အောက်တိုဘာ ၂၄ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KBU-တောလေးအဖွဲ့ထံက သိရပါတယ်။
Read More

နတ်မောက်တွင် စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီး၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၅၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးတွေ၊ စနိုက်ဘာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် ငါးပြေမပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မဟာအောင်မြေမြို့နယ်အတွင်း ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ဖောက်ထွင်းခံရပြီး ဆိုင်ကယ် ၂ စီးအပါအဝင် သိန်း ၃၀ ကျော်ဖိုးရှိ ပစ္စည်းတွေ ခိုးယူခံရတယ်လို့ ဗန္ဓုလမိုဘိုင်းလ်ဆိုင်ထံက သိရပါတယ်။
Read More

ရွာလှည့်မီးရှို့နေသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ ၁၁ ဦး သေကာ မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်း ရွာစဉ်လှည့်မီးရှို့နေတဲ့ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၁ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။