ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို ဦးတည်ဖိနှိပ်နေပြီး လာဘ်စားမှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ပါတယ်။ 

PPNM ရဲ့ ထုတ်ပြန်ချက်အရ ဖျာပုံအကျဥ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အခြားအကျဉ်းသားတွေကို အချုပ်သစ်၊ အကျသစ်တွေ စတင်ရောက်လာတာနဲ့ ထောင်မှူး အောင်ဆန်းလင်းနဲ့ အရာရှိတွေက တိုက်ရိုက်သော်လည်းကောင်း၊ အရာရှိတွေကနေသော်လည်းကောင်း အခန်းလူကြီး စောင့်ရှောက်ကြေးဆိုပြီး ငွေကြေးတောင်းခံလျက်ရှိတယ်လို့ ဆိုပါတယ်။ 

အခန်းလူကြီးဆိုတာ အကျဉ်းသားတန်းစီးဖြစ်ပြီး အကျဉ်းထောင်အတွင်း ခေါ်ကြတဲ့ အမည်ဖြစ်ကာ သုံးသိန်းကစလို့ ငွေကြေးတတ်နိုင်မှုအပေါ်မူတည်ကာ ရှစ်သိန်းကျပ်အထိ တရားဝင်ရပိုင်ခွင့်လို့ ပြောဆို တောင်းခံ‌နေကြောင်း သိရပါတယ်။ 

“အခန်းလူကြီးကြေးပေးရတယ်ဆိုတာ ပုံမှန်မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းဆိုတော့ အကျဉ်းထောင်တွေမှာ နေခဲ့ရဖူးတယ်။ ဘယ်စည်းကမ်းထိန်းသိမ်းရေးကိုမှလည်း မပေးရသလို… ဘယ်အခန်းလူကြီးကြေးဆိုပြီး ပေးရတာလည်း မရှိပါဘူး။ ဒါက ဖျာပုံထောင်မှာ ထောင်မှူးတွေက လာဘ်စားချင်တာကြောင့် လုပ်နေတာ ဖြစ်ပါတယ်။ ဒီလိုလုပ်နေတာတွေက ၂၀၂၄ ခုနှစ် ဧပြီလကတည်းကနေ အဆင့်ဆင့် လာဘ်စားတာတွေ လုပ်နေတယ်လို့ သိရပါတယ်” လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက မောင်းကို ပြောပါတယ်။ 

အခန်းလူကြီးကြေး မပေးနိုင်တဲ့ အကျဥ်းသားတွေကို အခန်းလူကြီးနဲ့ စည်းကမ်းထိန်းရေးတွေကနေ တဆင့် နည်းမျိုးစုံနဲ့ ငွေညှစ်နေပြီး အရာရှိတွေကလည်း ဆဲဆိုအော်ဟစ် သောင်းကျန်းတာတွေ၊ အကျဥ်းသားတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေကို မကြာခဏကျူးလွန်နေပေမယ့် ထောင်ပိုင် ဇော်ထွန်းဦးနဲ့ ထောင်မှူး အောင်ဆန်းလင်းတို့က အရေးယူမှု မရှိဘူးလို့ သိရပါတယ်။ 

ကိုသိုက်ထွန်းဦးက ဆက်လက်ပြီး “ဖျာပုံထောင်က အခုလို လာဘ်စားမှုတွေ လုပ်နေတာ တနှစ်ကျော်နေပါပြီ။ အခန်းလူကြီးကြေးကို စောင့်ရှောက်ကြေးလို ပုံစံမျိုးနဲ့ တောင်းတာပေါ့နော်။ ဒါတွေက ထောင်မှူးနဲ့ ထောင်ပိုင်တွေမှာ တာဝန်ရှိပါတယ်။ သူတို့က တရားဝင်ရပိုင်ခွင့်ဆိုပြီးတော့ကို ပြောပြီးတော့ တောင်းခံနေတာပါ။ ဒါက ဥပဒေမှာလည်း မရှိပါဘူး။ ဒါကို PPNM အနေနဲ့ အပြင်းအထန်ကို ရှုတ်ချပါတယ်” လို့ ဆိုပါတယ်။ 

အခုလို ဖိနှိပ်မှုတွေကို လုပ်ဆောင်နေတဲ့ အခန်းလူကြီးတွေကတော့ မုဒိမ်းမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံနေရတဲ့ ရဲအောင်၊ ၁၉ (က) နဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံနေရတဲ့ သက်ဝေစိုး (ခ) ကတုံးနဲ့ လူကုန်ကူးမှုကြောင့် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရတဲ့ အောင်သူတို့ ဖြစ်တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကော်မရှင်၏ နယ်စပ်ကုန်သွယ်ခွင့် ပိတ်ပင်မှုကြောင့် ကုန်ဈေးနှုန်းများ ထိုးတက်လာနေ 

အာဏာသိမ်း စစ်ကော်မရှင်ဟာ ဆေးဝါးတွေ အပါအဝင် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်ကနေ ကုန်တင်သွင်းခွင့် ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းမှာ ကုန်ဈေးနှုန်းတွေ ထိုးတက်လာနေတယ်လို့ ပြည်သူတွေထံက သိရပါတယ်။ 
Read More

စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက နိုင်ကျဉ်းတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေ

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီဟာ အာဏာရှင်စနစ်အမြစ်ပြတ်ရေး ကြိုးပမ်းနေကြတဲ့ ပြည်သူတွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို အဓမ္မဖမ်းဆီးချုပ်နှောင်လျက်ရှိပြီး  သူတို့လက်အောက်ခံ ထောင်အာဏာပိုင်တွေကလည်း နိုင်ငံရေးအကျဉ်းသားတွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းနေကြတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကနိုဝင်ဘာလ၃ရက်နေ့မှာထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိဖို့လိုအပ်ပြီး အမှန်တရားပေါ်မှ စုစည်းမှုသည်သာ အောင်ပွဲအတွက် အစစ်မှန်ဆုံးခွန်အားဖြစ်သည် ဟု ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ပြောကြား

ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဒုတိယဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က တော်လှန်ရေးအင်အားစုတွေ ရန်သူကို လက်နက်အင်အားနဲ့ ယှဉ်ပြိုင်ဖို့ထက် အမှန်တရားပေါ်မှာ အခြေခံတဲ့ စုစည်းညီညွတ်မှုနဲ့ အောင်ပွဲဖော်ဆောင်ကြဖို့ တိုက်တွန်းပြောဆိုလာပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း  ၃ ကြိမ် စစ်တပ်လေကြောင်းတိုက်ခိုက်၊ တနင်္သာရီမြို့နယ်မှာ ၂ လနီးပါး တိုက်ပွဲများအတွင်း တော်လှန်ရေးရဲဘော် ၇ ဦးထက်မနည်း သေဆုံးခဲ့

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာကို တစ်ရက်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ မြောင်မြို့နယ်တော်လှန်ရေးတပ်ရဲ့ မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်း ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်း - မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က တပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ကျွန်းလှမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးသင်တန်းများ ပြန်လည်ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ အမျိုးသမီး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးသင်တန်း (WCP) ကို အခုစက်တင်ဘာလထဲမှာ ပြန်လည်စတင်ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။