အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) က မြန်မာနိုင်ငံသားတွေကို ပေးအပ်ထားတဲ့ ယာယီ ကာကွယ်ပေးထားတဲ့ အခြေအနေ (TPS) ကို ရုပ်သိမ်းလိုက်ကြောင်း မနေ့က နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာလာခဲ့ပါတယ်။

ဒါကြောင့် အမေရိကန်ရောက် မြန်မာ ၄,၀၀၀ နီးပါးရဲ့ နေထိုင်ခွင့် အခြေအနေဟာ မရေမရာဖြစ်လာကာ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုတွေလည်း ထွက်ပေါ်လာနေပါတယ်။

TPS ဆိုတာဟာ လက်နက်ကိုင်ပဋိပက္ခ၊ သဘာဝဘေး ဒါမှမဟုတ် တခြား လုံခြုံရေး အခြေအနေတွေကြောင့် နေရပ်ကို ဘေးကင်းစွာ ချက်ချင်းမပြန်နိုင်သေးတဲ့ နိုင်ငံသားမဟုတ်သူတွေကို အမေရိကန် နိုင်ငံအတွင်းမှာ သတ်မှတ်ကာလတခုအထိ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် ပေးထားတဲ့ အစီအစဉ်ဖြစ်ပါတယ်။

DHS ရဲ့ ကြေညာချက်အရ TPS ရုပ်သိမ်းမှုဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ အသက်ဝင်မှာဖြစ်ပြီး အမေရိကန်အစိုးရက မြန်မာနိုင်ငံရဲ့ အခြေအနေ တိုးတက်မှုကို အကြောင်းပြပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မြန်မာပြည်မှာ အုပ်ချုပ်ရေးနဲ့ တည်ငြိမ်ရေးပိုင်း တိုးတက်လာတယ်၊ ပြီးတော့… အရေးပေါ်အခြေအနေ ရုပ်သိမ်းတယ် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတယ်၊ အောင်မြင်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ရှိတယ်၊ အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းတွေ အတွက် အရေးကြီးတဲ့ ဒေသတွင်းအုပ်ချုပ်ရေးလုပ်ငန်း တိုးတက်လာတယ်” လို့ ဝန်ကြီး Kristi Noem က ပြောဆိုခဲ့ပါတယ်။

နယူးယောက်အခြေစိုက် Human Rights Watch (HRW) အဖွဲ့ကတော့ DHS ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံဘဲ မြန်မာနိုင်ငံ၏ လက်ရှိ လုံခြုံရေးအခြေအနေဟာ ပြန်ပို့ဖို့ လုံးဝ မလုံခြုံသေးကြောင်း ထုတ်ဖော်ပြောကြားလာပါတယ်။

HRW ရဲ့ အာရှဆိုင်ရာ ထောက်ခံအားပေးရေး ဒါရိုက်တာ John Sifton က “မြန်မာနိုင်ငံဟာ လက်နက်ကိုင်ပဋိပက္ခ၊ ကျယ်ပြန့်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ရှိနေဆဲဖြစ်လို့ ပြန်ပို့ဖို့ လုံခြုံမှုမရှိပါဘူး။ DHS ရဲ့ ‘လုံခြုံမှု တိုးတက်လာပြီ’ ဆိုတဲ့ အဆိုဟာ လက်တွေ့မြေပြင်အခြေအနေနဲ့ လုံးဝကင်းကွာနေပါတယ်” လို့ ဝေဖန်ခဲ့တာပါ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဆက်လက်ဖြစ်ပွားနေပြီး နိုင်ငံတွင်း မတည်ငြိမ်မှုတွေ လျော့ကျသွားတာ မရှိကြောင်းကို နိုင်ငံတကာ အဖွဲ့အစည်းတွေက မှတ်တမ်းတင်ထားဆဲ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

ညီညွတ်ပေါင်းစည်းရေးကို ဦးစားပေးနေပေမယ့် ရှမ်းပြည်မှာ RCSS နဲ့ SSPP တို့ ထိတွေ့တင်းမာမှုတွေရှိနေ

ရှမ်းပြည်မှာ အင်အားကြီးမားတဲ့ ရှမ်းတပ်နှစ်ခုဖြစ်တဲ့ RCSS နဲ့ SSPP တို့ဟာ မြေပြင်မှာ ထိတွေ့တင်းမာမှုတွေရှိနေတယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)က မနေ့က ဒီဇင်ဘာလ ၁ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူ မျောသွားတဲ့ ရေလုပ်သား ၄ ယောက်ကို အိန္ဒိယ ကမ်းစောင့်တပ် ကယ်တင်ခဲ့…

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ကနေ ဝါးဖောင်နဲ့အတူမျောပါသွားတဲ့ ရေလုပ်သား ၄ ယောက် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းစောင့်တပ်က ဒီဇင်ဘာလ ၆ ရက် မနေ့က ကယ်ဆယ်ကူညီထားတယ်လို့ The Hindu သတင်းက ဒီဇင်ဘာလ ၇ ရက် ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

မလေးရှားကို အလုပ်သွားလုပ်မယ့် တရားမဝင် မြန်မာ ၁၀ ဦး ဖမ်းဆီးခံရ၊ မလေးရှားသွားဖို့ ပွဲစားကို တစ်ယောက် ဘတ်တစ်သိန်းကျော် ပေးရကြောင်း ထိုင်းရဲ ဆို

မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ထိုင်းနိုင်ငံထဲ တရားမဝင်ရောက်ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာ ၁၀ ယောက်ကို ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ သတင်းဖော်ပြပါတယ်။ 
Read More

BGF မှ စောချစ်သူနှင့် သူ၏တပ်ဖွဲ့ဝင်အချို့ကို  အမြန်ဆုံး ဖမ်း၀ရမ်းထုတ် အရေးယူပေးဖို့ ထိုင်းကို JFM တောင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်စပ်ပြီး နာမည်ကြီးနေတဲ့ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ခေါင်းဆောင် စောချစ်သူ အပါအဝင် သူ့ရဲ့ တပ်ဖွဲ့ဝင်တချို့ကို ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ဖို့ လုပ်ဆောင်နေမှုအပေါ်  ကြိုဆိုကြောင်း Justice For Myanmar (JFM) က ထုတ်ပြန်လိုက်ပါတယ်။
Read More

မလေးရှားတွင် ကျင်းပခဲ့သည့် မွန်းအောင် “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲ

တေးသံရှင် မွန်းအောင်ရဲ့ “တစိတ်ထဲလား” စစ်ဘေးရှောင် ရန်ပုံငွေဂီတပွဲကို ဒီဇင်ဘာ ၂၁ရက်က မလေးရှားနိုင်ငံ ပီနန်းမြို့မှာ ကျင်းပခဲ့ကြောင်း NLD OC International Malaysia က ထုတ်ပြန်ပါတယ်။
Read More

(AA နှင့်) ကင်းကင်းရှင်းရှင်း နေချင်ရင်တောင် နေလို့မရတော့ပါဘူး၊ ရခိုင်ကို လူသားစာနာ အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂ၏ တောင်းဆိုချက် ဘင်္ဂလားဒေ့ရှ် သဘောတူ

ဘင်္ဂလားဒေ့ရှ်ကတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှု အကူအညီပေးရေးစင်္ကြံဖွင့်ဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က သဘောတူညီခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။