မကွေးတိုင်း၊ မြိုင်နဲ့ပေါက်အစပ်မှာ ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းထံက စစ်ကော်မရှင်တပ်သား ၃ ယောက် သေနတ် ၃ လက်နဲ့ ကျည်ဆံတွေ ယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း မြိုင်ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်အစောပိုင်းက တပ်မ ၉၉ လက်အောက်ခံ၊ ခလရ ၄၁၈ နဲ့ ခလရ ၄၁၉ တပ်ရင်းတွေက စစ်ကော်မရှင်တပ်သား၃ယောက်ဟာ စစ်ကြောင်းကတဆင့် မြိုင်ပကဖထံ လက်နက်တွေယူဆောင်ပြီး အလင်းဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

အလင်းဝင်ရောက်လာသူတွေထဲမှာ စစ်မှုထမ်းတပ်သား ၂ ယောက်နဲ့ စစ်သား ၁ ယောက် ပါဝင်ပြီး သူတို့နဲ့အတူ MA 1 သေနတ် ၃ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၈၇ တောင့် ပါဝင်လာကြောင်း သိရပါတယ်။ စစ်မှုထမ်းတပ်သား ၂ ယောက်ဟာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အတွင်း ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ကြောင်း မြိုင်ပကဖက ထုတ်ပြန်ပါတယ်။

အလားတူ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းက ပေါက်မြို့နယ်အတွင်း ဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်ကြောင်းထံက တပ်မ ၉၉ လက်အောက်ခံ ခလရ ၄၁၈ က စစ်မှုထမ်းတပ်သား ၁ ယောက်လည်း မြိုင်နဲ့ပေါက်ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ အညာမြေတပ်ပေါင်းစုထံ အလင်းဝင်ရောက်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

မြိုင်ပကဖ ထံ အလင်းဝင်လာသူများအား တွေ့ရစဥ်

လက်ရှိမှာ မြိုင်နဲ့ပေါက်အစပ် ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းတွေထိုးနေသလို ပါရာမော်တာတွေ၊ ဂျက်ဖိုက်တာတွေလည်း အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာလည်း ပေါက်မြို့နယ်တောင်ပိုင်းက ဝန်ကျုံးနဲ့ သစ်ချိုကုန်း ပျူစောထီးရွာတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ကာ ပင်တောင်၊ ချိုင်စိုက်၊ ဖလံခင်၊ ကျောက်တိုင်ကုန်းကျေးရွာနဲ့ ညောင်စင်တောတိုက်တွေဘက်မှာလည်း စစ်အုပ်စုတွေ တိုက်ခိုက်ခံရပြီး အရှင်ဖမ်းဆီးရမိမှုတွေ အလင်းဝင်ရောက်လာတာတွေ ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၂ရက်နေ့ကလည်း အကြမ်းဖက် ပါရာမော်တာ ၁စင်းကို မြိုင်ပကဖ အပါအဝင် တော်လှန်ရေးတပ်တွေက ပစ်ချထားနိုင်သလို နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ပါရာမော်တာပျက်ကျရာ နသတ်၊ တဲကြီး၊ ကံသစ်၊ ကမ္ဘာဖြူနဲ့ ကျောက်ခွက်ကျေးရွာတွေဘက်မှာ ထိတွေ့တိုက်ပွဲတွေရှိနေတာ ဖြစ်ပါတယ်။

မြိုင်ပကဖထံ အလင်းဝင်လာသူများ၏ သေနတ်များအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားနှစ်ဦး သေနတ်ဒဏ်ရာများနဲ့ သေဆုံး

စမွတ်စခွန်မှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသားနှစ်ဦးကို ရတ်ချဘူရီပြည်နယ်၊ စွမ်ဖန်ခရိုင်မှာ နိုဝင်ဘာလ ၁၄ ရက် ကြာသပတေးနေ့ အစောပိုင်းက သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြထားပါတယ်။
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် လုပ်ကြံခံရမှုအတွက် ၆နှစ် ကလေးငယ်အပါ ၁၆ ဦးကို ဆက်စပ်တရားခံများအဖြစ် စစ်ကောင်စီ စွပ်စွဲဖမ်းဆီးထား

သံအမတ်ဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် လုပ်ကြံပစ်ခတ်ခံရမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက ၆နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၆ ‌ယောက်ကို တရားခံအဖြစ် ဖမ်းဆီးထားကြောင်း မနေ့က ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

စစ်ကြောင်းလိုက် ပြုတ်ထားတာ မကြာသေးတဲ့ ဘုတလင်မှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့  အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကြောင်းလိုက်ပြုတ်အောင် အတိုက်ခံထားရတဲ့ စစ်ကောင်စီက အင်အားဖြည့်တင်းမှုတွေလုပ်ကာ ကျေးရွာတွေကို စစ်ကြောင်းထိုးမွှေနှောက်ပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေတယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီကို လောင်စာဖြည့်ပေးနေသည့် Airbus ကို ပြည်သူများ ပါဝင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ရပ် Justice For Myanmar စတင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရာဇဝတ်ကျူးလွန်မှုတွေမှာ လောင်စာဖြည့်ပေးနေတဲ့ Airbus လေကြောင်းကုမ္ပဏီရဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ပြည်သူတွေပါဝင်တဲ့ လှုပ်ရှားမှုတစ်ရပ်ကို  Justice For Myanmar က စတင်လိုက်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကူအင်အားဖြည့်ဖို့သွားတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ​တိုက်ပွဲဖြစ်ပွားရာ ကျေးရွာဆီ အင်အားဖြည့်ဖို့သွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထက်မနည်း သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။