မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် တပ်မ (၉၉) လက်အောက်ခံ ခလရ (၄၁၈) က စစ်သားတစ်ယောက် လက်နက်နဲ့တကွ အလင်းဝင်လာကြောင်း အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းဟာ နိုဝင်ဘာ ၂၂ ရက်နေ့က ပေါက်နဲ့မြိုင်မြို့နယ်အစပ် ကျေးရွာတွေမှာ တစ်ညအိပ် စခန်းချခဲ့ပြီးနောက် နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းမှာ ကျေးရွာတွေကနေ ပြန်လည်ထွက်ခွာလာချိန် အသက် ၂၆ နှစ်အရွယ် စစ်သား ပြည့်စုံဟိန်းက လက်နက်တွေ ယူဆောင်ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

“ဒီစစ်ကြောင်းက မနေ့က မီးတွေရှို့တဲ့ တဲကြီးရွာနဲ့ နသတ်တို့ဘက်ကို ရွေ့သွားတယ်။ အဲ့အချိန်မှာ သူတို့နဲ့ ရွေ့မလိုက်ဘဲနဲ့ ရွာလေးမှာ ပုန်းပြီးကျန်နေခဲ့တယ်။ ကျနော်တို့တွေလည်း စစ်ကြောင်းအရွေ့မှာ နယ်မြေရှင်းလင်းတာ ပုံမှန်ပေါ့နော်။ စစ်ကြောင်းလာပြီးတဲ့ ရွာတွေကို ကျနော်တို့တွေ နယ်မြေရှင်းလင်းတယ်။ မိုင်းတွေထောင်ခဲ့မှာစိုးလို့ နယ်မြေရှင်းလင်းရေးလုပ်တဲ့အချိန်မှာ သူကလည်း သူပုန်းနေတဲ့နေရာကနေ ကျနော်တို့ဆီလာပြီး အလင်းဝင်ခဲ့တယ်” လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။

အလင်းဝင်လာတဲ့ ပြည့်စုံဟိန်းဟာ ကျောက်ဆည်ဘက်မှာ ပေါ်တာဆွဲခံခဲ့ရတဲ့ အပတ်စဥ် (၁၅) ဆင်း စစ်မှုထမ်းတပ်သားဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်ခံရချိန် အခုလို ထွက်ပြေးလာခဲ့တာပါ။ သူနဲ့အတူ MA1 သေနတ် ၁ လက်၊ 5.56 ကျည် ၄၂၀ တောင့်၊ 40 mm ၆လုံး၊ MA1 ကျည်ဘောက် ၇ခု၊ အီနာဂါ ၂ လုံးနဲ့ လက်ပစ်ဗုံး ၂ လုံး ယူဆောင်လာခဲ့ပါသေးတယ်။

“သူက လက်နက်တွေတော့ ယူလာခဲ့တယ်။ ဒါပေမယ့် အခုချိန်ထိတော့ သူ့ကို ဆုချီးမြှင့်ဖို့ အစီအစဥ်တော့ မရှိသေးဘူးပေါ့နော်။ ဘာလို့လဲဆိုတော့ သူက သုံ့ပန်းတော့လည်း မဟုတ်ဘူး။ ကြေညာပြီးတော့ လက်နက်ခဲယမ်းတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ဆက်သွယ်ပြီးတော့ ဝင်ခဲ့တာမျိုးလည်း မဟုတ်ဘူး။ အဲဒီ ၂ ခု ကြားထဲက ပုံစံမျိုးပေါ့။ အဲလိုမျိုးဆိုတော့ ဆုချီးမြှင့်ဖို့တော့ မရှိဘူး” လို့ ကိုဘိုဘိုသန့်ဇင်က ဆက်ပြောပါတယ်။

လက်ရှိမှာ စစ်မှုထမ်းတပ်သား ပြည့်စုံဟိန်းကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး သူ ဝန်ခံဖြောင့်ချက်ပေးတဲ့ စစ်ဆေးချက်တွေက စစ်ရေးအရ အရေးပါတာကြောင့် အသေးစိတ်အချက်အလက်တွေကို အညာမြေတပ်ပေါင်းစုက ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

တပ်သား ပြည့်စုံဟိန်း ထွက်ပြေးလာတဲ့ စစ်တပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၁၆ ရက်နေ့ကတည်းက စက်မှု (၂) ကနေ အင်အားအများအပြားနဲ့ ထွက်လာတာဖြစ်ပြီး စစ်ကြောင်းထိုးရာတလျှောက် နေအိမ်တွေကို မီးရှို့ခဲ့သလို ပြည်သူ ၆ ယောက်ထက်မနည်း သတ်ဖြတ်ကာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ချင်းမိုင်မှာ ထိုင်းအာဏာပိုင်များ နေအိမ်များကို ဝင်ရောက်စစ်ဆေးစဉ် အထောက်အထားမဲ့ မြန်မာများကို မူးယစ်ဆေးဝါးတွေနှင့်အတူ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အထောက်အထားမဲ့ မြန်မာ နိုင်ငံသား ၈ ယောက် ဖမ်းဆီးရမိပြီး ၆ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Read More

လားရှိုးက တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

လားရှိုးမြို့ပေါ်က သမိုင်းဝင် ကွမ်ရင် တရုတ်ဘုံကျောင်းနဲ့ လူနေအိမ်တချို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးမှုခဲ့ကြောင်း လားရှိုးမြို့ဒေသခံတွေထံက သိရပါတယ်။
Read More

ABSDF မှ ရဲဘော်များ လွတ်မြောက်နယ်မြေတစ်နေရာမှ စစ်ရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

ပင်လည်ဘူးမြို့က အောင်ပွဲရ ရဲဘော်တွေကို NUG ကာကွယ်ရေးဝန်ကြီး သွားရောက် တွေ့ဆုံ အားပေး (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို အောက်တိုဘာလ (၁၀) ရက်မှာ သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ပအိုဝ်းသံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာတာကြောင့် မောက်မယ်မှာ တိုက်ပွဲပြင်းထန်နေ…

အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး ပအိုဝ်းဒေသကို ကျူးကျော်စစ်ကြောင်းထိုး တိုက်ခိုက်တာကြောင့် မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ်(၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။