ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့အဝင်က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက် သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

မနေ့က နိုဝင်ဘာလ ၂၃ ရက် မနက် ၉ နာရီဝန်းကျင်အချိန်မှာ အဆိုပါ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ဆေးရေး ဂိတ်စခန်းမှာရှိနေတဲ့ စစ်သား၊ ရဲနဲ့ ပျုစောထီး ၅ ယောက်သေဆုံးပြီး လက်နက်တချို့ ရရှိခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးသတင်းရင်းမြစ်တစ်ယောက်က “သတင်းကတော့ မှန်ပါတယ်။ သတင်းထုတ်ပြန်ပါမယ်။ လုံခြုံရေး ကိစ္စရှိနေလို့ပါ” လို့ ဆိုပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာလည်း “ကြည်စုရွာမှ မောင်းနှင်လာသော FAW ကား (၁) စီးအား နေရာတွင် ရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်မှ PDF အကြမ်းဖက်သမား (၁၅) ဦးခန့်သည် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့” လို့ ရေးသားဖော်ပြထားတာတွေ တွေ့ရပါတယ်။

ဒါ့အပြင် ရဲ ၁ယောက်နဲ့ ပျူစောထီး ၄ဦး သေဆုံးခဲ့ကြောင်း၊ ဘီအေ-၆၃ (၁) လက်၊ ဘီအေ-၆၄ (၁) လက်၊ အမ်အေ-၁၃ (၁) လက်တို့ ပျောက်ဆုံးလျက်ရှိကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားကြပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်ဟာ ကြို့ပင်ကောက်မြို့နဲ့ မီတာ ၃၀၀ ခန့်အကွာမှာရှိပြီး ကြို့ပင်ကောက် နယ်မြေစခန်းက ဒုရဲအုပ် ကျော်ဇင်ထွန်း၊ ပျူစောထီး ဦးသိန်းဝင်း အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင် ၆ ယောက် လမ်းသွားလမ်းလာတွေကို စစ်ဆေးနေစဉ် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

(ဓာတ်ပုံ စစ်တပ်လော်ဘီ ချန်နယ်များ)

0 Shares:
You May Also Like
Read More

ညောင်ဦးမြို့နယ် ပကဖ ရဲ့ လက်နက် တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနား (ဓာတ်ပုံသတင်း)

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လက်နက် တပ်ဆင်ခြင်းနဲ့ သင်တန်းဆင်းပွဲ အခမ်းအနား ပြုလုပ်ခဲ့တဲ့ ပုံရိပ်တွေကို ပုဂံပြည်ဘီလူးတပ် (ညောင်ဦး ပကဖ) က ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တရုတ်ကို မှီခိုမှု မကင်းနိုင်တဲ့ တော်လှန်ရေးအင်အားစုတွေ တရုတ်ရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားစဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ ယာယီသမ္မတ ပြော… NUG အစိုးရက “အဝေးရောက်အစိုးရ” ဖြစ်လို့ မရဘူးလို့ သတိပေး…

တော်လှန်ရေးအင်အားစုတွေဟာ တရုတ်ကို မှီခိုမှုမကင်းနိုင်တာတွေ ရှိတာကြောင့် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု မခံရအောင် အခြားရွေးချယ်စရာ စဥ်းစားချက်တွေ ထားရှိဖို့ အရေးကြီးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။
Read More

သံတောင်ကြီးရှိ စစ်ကောင်စီ တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးများ ပစ်ခတ်တိုက်ခိုက်

ပဲခူးတိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့က စစ်ကောင်စီရဲ့ ကြည်းတပ် တိုက်ခိုက်ရေး သင်တန်းကျောင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors For Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။
Read More

ကျားဖြန့်ကိစ္စ အမေရိကန် စွက်ဖက်ဖို့ လုပ်တာဟာ ပွဲလန့်တုန်း ဖျာဝင်ခင်းတာလို့ ဇော်မင်းထွန်း ပြော

ကျားဖြန့်နှိမ်နင်းရေးကိစ္စမှာ အမေရိကန်နိုင်ငံက ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်နေတာဟာ ပွဲလန့်တုန်း ဖျာခင်း ဖို့သာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်။
Read More

ဆေးဝါးကုသရေး ခက်ခဲသည့်နေရာများမှ ပြည်သူလူထုကို တပ်ကုန်းမြို့နယ် PDF ဆေးဝါးကုသမှုပေးနေ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနခွဲ၊ နေပြည်တော် တပ်ရင်း ၈၀၃ - တပ်ကုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်က ဆေးဝါးကုသရေး ခက်ခဲတဲ့နေရာတွေမှာ ပြည်သူလူထုကို ဆေးဝါးကုသမှုပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

KNDF ရဲ့ ကဏ္ဍအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်မှုပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF စတင်ဖွဲ့စည်းတဲ့ အချိန်ကစလို့ ကဏ္ဍအသီးသီးမှာ ပါဝင်လုပ်ဆောင်နေတဲ့ အမျိုးသမီးတပ်ဖွဲ့ဝင်တွေရဲ့ ပုံရိပ်တွေကို KNDF အမှတ်(၄) ဗျူဟာက ပြုလုပ်ထားတဲ့ ကျည်-Ammo (သိန်း ၉၉၉၉) Project မှာ ဖော်ပြထားပါတယ်။