ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ်မှာ စစ်ထောက်လှမ်းရေးရုံးချုပ်(စရဖ)ထဲကို ဗုံးပစ်လောင်ချာနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂ရက်၊ မနေ့က ညပိုင်းမှာ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကားဝန်းအရှေ့မှာရှိတဲ့ စစ်ထောက်လှမ်းရေး(စရဖ) ရုံးချုပ်ထဲကို 79 ဗုံးပစ်လောင်ချာနဲ့အတူ ၄၀မမဗုံးသီး ၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို Rangoon Urban Column (R.U.C) စစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့အတူ NOKA UG တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗုံး၂လုံး ပစ်သွင်းမှုမှာ ၁လုံးအောင်မြင်ကာ လိုအပ်တဲ့ပစ်မှတ်ကို ထိမှန်သွားခဲ့တယ်လို့ သိရပါတယ်။
“မနေ့ ည ၇နာရီကျော်လောက်မှာ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ပထမ ၁လုံးက ထွတ်သွားပေမယ့် မကွဲသွားဘူး။ နောက်တစ်လုံးပစ်မှ ထိထိမိမိနဲ့ ကွဲသွားတယ်။ မကွဲတဲ့အလုံးက error တက်ပြီး မကွဲတာလို့ ယူဆလို့ရပါတယ်။ ကျတဲ့နေရာက မြေကြီးပျော့တာတို့ဘာတို့ဆို ဖြစ်တတ်တယ်။ အဆောင်တွေရှိရာ မှန်းပြီးပစ်ခဲ့တာ။ အထိအခိုက်ရှိတယ်လို့တော့ ကြားတယ်။ နောက်ပြီး အဲ့ဝန်းထဲမှာ လေတပ်မိသားစုတွေလည်းလာပြီး ခိုလှုံနေကြတယ်လို့လည်း သတင်းရထားလို့ လုပ်ခဲ့တာပါ။” လို့ NOKA UG အဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။
UG တပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်တိုက်ခိုက်မှု ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီက အဝေးပြေးကွင်းအပါအဝင် သုံးလမ်းဆုံမီးပွိုင့်၊ ခြောက်ကွေ့၊ ကန်သာယာနဲ့ ခရေပင်လမ်းခွဲဘက်တွေမှာ လုံခြုံရေးချ စစ်​ဆေးတာတွေ လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။
စစ်ထောက်လှမ်းရေး(စရဖ) တွေအနေနဲ့ မြို့ပြမှာ စစ်ရေးမစ်ရှင်တွေဖော်​ဆောင်နေတဲ့ UG ရဲဘော်တွေကို လိုက်လံဖမ်းဆီးနေတာကြောင့် အခုလိုလက်တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ R.U.C စစ်ကြောင်းကဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ရက်နေ့ကလည်း မြောက်ဒဂုံမြို့နယ်၊ ၄၅ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို R.U.C စစ်ကြောင်းရဲ့ NOKA UG တပ်ဖွဲ့ဝင်တွေက အဝေးထိန်းမိုင်းတွေနဲ့ သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ရုံးအုတ်တံတိုင်းပြိုကျပြီး ပျူစောထီး၂ယောက်ထိခိုက်သွားခဲ့ပါသေးတယ်။
“ရန်ကုန်တိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုပြီးလုပ်နိုင်ဖို့အတွက် လာမယ့် အောက်တိုဘာလ ၁၆ရက်နေ့မှာ “ရန်ကုန်သို့ချီ RUC” ဆိုတဲ့ ကမ်ပိန်းလေးပြုလုပ်ဖို့ရှိပါတယ်။” လို့လည်း RUC စစ်ကြောင်းတာဝန်ရှိသူက ပြောခဲ့ပါတယ်။
ပုံစာ – စစ်ထောက်လှမ်းရေးရုံးချုပ်ကို Google Map ကတဆင့် မြင်တွေ့ရပုံ
0 Shares:
You May Also Like
Read More

ရွှေထည်နဲ့ငွေသားများ ယူဆောင်ကာ မောင်တော နခခ (၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ အမှတ် (၅)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅)ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် တပ်မ(၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အသေဖမ်းမိခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ဒီဇင်ဘာ ၁၈ ရက်ညပိုင်းမှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူတွင် သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူအဖွဲ့နှင့် တပ်မ ၁၀၁ ပူးပေါင်းစစ်ကြောင်းထိုးနေ၊ စက်တပ်လေထီး ဗုံးကြဲမှုကြောင့် အရပ်သား ၂ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ သင်္ကန်းဝတ် ဝါယမ လက်ပါးစေ ပျူစောထီးတွေနဲ့ စစ်တပ်ပူးပေါင်းစစ်ကြောင်းက ကျေးရွာတွေကို စီးနင်းဝင်ရောက်နေပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်နေတာကြောင့် အရပ်သား ၂ယောက် သေဆုံးပြီး ၃ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကို ပြောပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု၏ အကျိုးစီးပွား ဦးတည်နေသည့် ရွေးကောက်ပွဲအတုကို မွန်ခမာအုပ်စု လူငယ်များ ဆန့်ကျင်ကန့်ကွက်

အာဏာသိမ်းစစ်အုပ်စု ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ လုံးဝ သွေဖယ်နေပြီး စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ဦးတည်နေတာကြောင့် ဆန့်ကျင်ကန့်ကွက်ကြောင်းကို မွန်ခမာအုပ်စုဖြစ်တဲ့ ဝ၊ တအာင်းနဲ့ မွန် လူငယ်တွေက ထုတ်ပြန်လာပါတယ်။
Read More

မြေပြင်မှာ မတိုက်နိုင်တော့တဲ့ စစ်ကောင်စီ သူ့ရဲ့ ဝါဒဖြန့်သတင်းစာကတဆင့် AA ကို တိုက်ခိုက်

စစ်ကောင်စီလက်ဝေခံ အဖွဲ့အစည်းတွေက  အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်လုပ်ရပ်တွေကိုသာ လုပ်ဆောင်တဲ့ အဖွဲ့အစည်းအဖြစ် ရှုတ်ချကြောင်း ကြေညာချက်တွေကို စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဖားကန့်တိုက်ပွဲ ပစ်ခတ်မှုများအတွင်း ဒေသခံ ၂ ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကော်မရှင်တပ်နဲ့ KIA,KPDF တို့ရဲ့ နှစ်ဖက်ပစ်ခတ်တိုက်ပွဲအတွင်း ပြည်သူတွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

၂ ရက်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည့် ထီးလင်းနယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်

မကွေးတိုင်း၊ ထီးလင်းမြို့နယ် အောင်းရွာအနောက်မြောက်ဘက်မှာ ၂ ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲဖြစ်ခဲ့တဲ့အတွက် အဆိုပါနေရာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။