ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထိုင်းစစ်တပ်က ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားကြောင်း သိရပါတယ်။

မြန်မာဘက်ခြမ်းက တိုက်ပွဲတွေကြောင့် လုံခြုံရေးခြိမ်းခြောက်မှုတွေနဲ့ တရားမဝင် ဝင်ရောက်မှု အန္တရာယ်တွေ ဖြစ်ပေါ်လာတဲ့အတွက် နယ်စပ်တလျှောက်မှာ လုံခြုံရေး အစီအမံတွေ သိသိသာသာ တိုးမြှင့်ထားတယ်လို့ နိုဝင်ဘာ ၂၃ ရက်မှာ ထိုင်းသတင်းဌာနတွေက ဖော်ပြကြပါတယ်။

ထိုင်းအထူးတပ်ဖွဲ့တွေက နေ့ရောညပါ ကင်းလှည့်မှုတွေ လုပ်ဆောင်နေပြီး နယ်စပ်ဖြတ်ကျော် နေရာတချို့မှာ ယာယီစောင့်ကြည့်ရေးဂိတ်တွေ ချထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း မြန်မာဘက် တိုက်ပွဲတွေကနေ လက်နက်ကြီးတချို့ ထိုင်းဘက်ကို ကျရောက်ပေါက်ကွဲပြီး ပျက်စီးမှုအနည်းငယ် ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့် ပြင်းထန်လာခဲ့ရင် ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက်လည်း မဟာဗျူဟာမြောက်နေရာတွေမှာ အရန်လက်နက်တွေ ထပ်တိုးချထားတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ Khaosod English)

0 Shares:
You May Also Like
Read More

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ကွယ်လွန်၊ အာဆီယံထိပ်သီးအစည်းအဝေး တက်မည့် ထိုင်းဝန်ကြီးချုပ် ခရီးစဥ် ပယ်ဖျက်…

ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ဆီရီကစ် ကစ်တီယာကာယာဟာ အသက် ၉၃ နှစ် အရွယ်မှာ ဘန်ကောက်မြို့တော်က ဆေးရုံတစ်ခုမှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ တော်ဝင်အိမ်တော်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။ ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလိုင်ဒက်ဂျ်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ခဲ့သူ ဆီရီကစ်ဟာ ၂၀၁၉ ခုနှစ်ကစလို့ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ ရောဂါမျိုးစုံ ခံစားနေခဲ့ရတာကြောင့် ဆေးရုံမှာပဲ အနေများခဲ့သူဖြစ်ပြီး အခုလပိုင်းအတွင်း သွေးထဲကို ပိုးမွှားဝင်ရောက်တဲ့ ပြဿနာ တစ်ခု ကြုံခဲ့ရတယ်လို့ သိရပါတယ်။
Read More

ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများနှင့် NUG အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းဦး ဦးဆောင်တဲ့အဖွဲ့က ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။
Read More

(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ညီလာခံတွင် NUG ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေ

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၃ ရက်အထိ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ပေါက်ကိုယ်တော်နှင့် နှုတ်ခမ်းမွှေး တွေ့ဆုံမှု ထိုင်းရောက် တော်လှန်ပြည်သူများ သတိထားစရာဖြစ်လာ

ပေါက်ကိုယ်တော်လို့ လူသိကြတဲ့ စစ်တပ်လက်အောက်ခံ သင်္ကန်းဝတ် ပျူခေါင်းဆောင်ဟာ ထိုင်းနိုင်ငံကို သွား‌ရောက်ပြီး ထိုင်းမျိုးချစ် နှုတ်ခမ်းမွှေးလို့ ခေါ်ကြတဲ့ ဆုန်ချိုင်နီ (ယမ်) ဟုမ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့ တစ်တော့မှာ အသိပေးဖော်ပြထားပါတယ်။
Read More

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဆောက်လုပ်ဆဲ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွား၊ အလုပ်သမား ၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရကာ ၂ ဦးပျောက်ဆုံးနေ…

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်က ဖလန်ဆောင်ရှိ ရာမ ၂ လမ်းမကြီးပေါ်မှာ တည်ဆောက်နေတဲ့ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွားပြီး အလုပ်သမား ၅ ယောက် သေဆုံးကာ အယောက် ၃၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။
Read More

တောင်ကိုရီးယားတွင် စစ်တပ်၏ ရွေးကောက်ပွဲအတု ကြိုတင်မဲလာပေးသူ ၁၀ ဦး ဝန်းကျင်သာ ရှိ 

စစ်အုပ်စုဟာ ပြည်ပရောက်မြန်မာတွေကို ကြိုတင်မဲပေးဖို့ နည်းလမ်းမျိုးစုံနဲ့ တိုက်တွန်းနှိုးဆော်နေခဲ့ပေမယ့် တောင်ကိုရီးယာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ကြိုတင်မဲလာပေးသူဟာ ၁၀ ယောက် ဝန်းကျင်သာ ရှိတယ်လို့ တောင်ကိုရီးယားရောက် တော်လှန်အင်အားစုတွေထံက သိရပါတယ်။