ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်တွင် စစ်ရှောင်ပြည်သူတချို့ တောင်ယာပြန်လုပ်နေချိန် အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Jobs For Kayah ထံက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် မနေ့က မနက် ၁၀ နာရီလောက်မှာ ဖယ်ခုံအနောက်ခြမ်း ဘောရန်စစ်ရှောင်စခန်းနဲ့ နန့်ပလုံစစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူ ၇ ယောက် ဘောရန်ရွာအနီး တောင်ယာပြန်လုပ်နေချိန် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့က လက်နက်ကြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် အဖွားတစ်ယောက်၊ ၄၆ နှစ်အရွယ် အမျိုးသမီးနဲ့ ၁၇ နှစ်အရွယ် အမျိုးသမီးတို့ ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“တောင်ယာလုပ်နေတာက ၇ ယောက်၊ ၃ ယောက်ပဲထိပြီး အဲ့အမျိုးသမီး ၃ ယောက်စလုံး သေဆုံးခဲ့တယ်၊ နန့်ပလုံက သေဆုံးတာ ၂ ယောက်။ သူတို့ ၂ ယောက်က တစ်နေ့ကို တစ်ဦး (၂) သောင်းကျပ်နဲ့ လုပ်အားလိုက်လုပ်ကြတာ။ အခု ဘောရန်က သေဆုံးသွားတဲ့ ဒေါ်အေးသန်းဆီမှာပေါ့။ စစ်ရှောင်နေရာချင်းက မနီးဘူး အဝေးကြီး..” လို့  Jobs For Kayah တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

PNO လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့နေရာဟာ အရင်က ဘောရန်ရွာသားတွေ စစ်ရှောင်ပြီး တောင်ယာလုပ်ကိုင်နေတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်က ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ဖယ်ခုံအနောက်ခြမ်းရှိ ကျေးရွာတွေကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ရွာသားတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေနဲ့ ဘုရားကျောင်းတွေကို မီးရှို့တာ၊ တောင်ယာလုပ်ကိုင်သူတွေကို လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ ပစ်ခတ်တာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“၁၀ လပိုင်းက စကစနဲ့ PNO တွေ ဘောရန်ရွာ (၂) ရွာထဲကို စစ်ကြောင်းထိုးလာတယ်၊ အဲ့ဘက်ကို လက်နက်ကြီး အများကြီးပစ်ခဲ့သေးတယ်။ အဲဒါနဲ့ အဲ့နေရာမှာနေကြတဲ့ ဘောရန်ရွာ (၂) ရွာက စစ်ရှောင်ပြည်သူတွေက နောက်ထပ်နေရာကို ထပ်ပြေးစစ်ရှောင်ရတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေဟာ စစ်ရှောင်ပြည်သူတွေအနေနဲ့ သူတို့စိုက်ပျိုးပြီး ကျန်ခဲ့တဲ့ တောင်ယာတွေဆီ သွားတဲ့အခါ ကင်းထောက်ဒရုန်းတွေနဲ့ ပျံဝဲပြီး မကြာခင်အချိန်မှာ လက်နက်ကြီး ပစ်ခတ်တာမျိုးတွေ လုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

လက်နက်ကြီး ထိမှန်သေဆုံးခဲ့သည့် ဒေါ်အေးသန်း၏ နာရေး (ဓာတ်ပုံ Jobs for Kayah)

0 Shares:
You May Also Like
Read More

မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူအချို့ စားနပ်ရိက္ခာများ ပို့ဆောင်ရောင်းချနေဟု ဆို

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခင်ရန်း ပျူရွာကို အမည်မသိလူတချို့က စားနပ်ရိက္ခာတွေ ပို့ဆောင်ရောင်းချနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများနှင့် ထောက်ပံ့ကူညီမှုများ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ ပြည်သူတွေကို လေကြောင်းအန္တရာယ် အသိပညာပေးခြင်းနဲ့ စစ်ရှောင်စခန်းတွေမှာ နေထိုင်သူတွေအတွက် ထောက်ပံ့ကူညီတာတွေကို စက်တင်ဘာလ ပထမပတ်ထဲမှာ ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်း ၃ကြောင်းခွဲပြီး ဝင်လာသည့် စစ်အုပ်စု ဒေသခံ ၁ ဦးကို သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုပ္ပါး-ဝဲလောင်လမ်းပိုင်းမှာ စစ်ကောင်စီကားတွေကို မိုင်းဆွဲ၊ ထိခိုက်သေဆုံးမှုတွေ ရှိ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပုပ္ပါး-ဝဲလောင်လမ်းပိုင်းအတိုင်း လာတဲ့အကြမ်းဖက်စစ်ကောင်စီကားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ ယောက် သေကာ ၃ ယောက် ထိခိုက်ဒဏ်ရာရကြောင်း Popa Guerrilla Force ( PGF) တပ်ဖွဲ့ ရဲဘော် ဗျတ္တက မောင်းကို ပြောပါတယ်။
Read More

ရခိုင်ပြည်သူများ အေးချမ်းပျော်ရွှင်ပါစေ ဟု မြောက်ဦးဆေးရုံကို ဗုံးကြဲပြီး ၅ ရက်အကြာတွင် မင်းအောင်လှိုင် ပြော

ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားတွေ အစဥ်ထာဝရ အေးချမ်းသာယာ ပျော်ရွှင်ချမ်းမြေ့ဖို့ ဆုတောင်းပေးတယ်လို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူပေါင်း ၃ ဒါဇင်ခန့် သေဆုံးစေခဲ့တဲ့ မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်မှုအပြီး ၅ ရက်အကြာမှာ ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေးမှာ ပါဝင်ခြယ်လှယ်နေတဲ့ ပြည်ပနိုင်ငံတွေကို ကန့်ကွက်ကြောင်း သောင်းရင်းဆွေးနွေးပွဲ ထုတ်ပြန်

မြန်မာ့အရေးကို ဝင်ရောက်ခြယ်လှယ်နေတဲ့ ပြည်ပနိုင်ငံတွေကို လုံး၀လက်မခံဘူးလို့ သောင်းရင်းဆွေးနွေးပွဲကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။