မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ် စခန်းကုန်း၊ ဂိတ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက် သေဆုံးခဲ့သလို ပျူစောထီး ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ Earthquake People’s Defence Force က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ပခုက္ကူခရိုင် မြစ်ခြေမြို့ လက်ပံချောင်းကျေးရွာ ဘုန်း ကြီးကျောင်းမှာ ဝင်ရောက်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းအနောက်ဘက် ကာကင်းစခန်းကုန်း၊ စာသင်ကျောင်း၊ စစ်တပ်ဂိတ်နဲ့ လက်ပံ ချောင်းစက်လှေတွေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁ ရက်မှာလည်း ပခုက္ကူခရိုင် ကံရပ်ရွာ၊ တန့်ကြည်ရွာတွေကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို တန့်ကြည်ရွာဘုန်းကြီးအနီး တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ မနက်တစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားတွေ အထိနာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၂၂ ရက်မှာ ပခုက္ကူမြို့နယ် ညောင်ဂျစ်ပင်ရွာအနီး အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းမှာလည်း မြိုင်မြို့နယ် စက်မှု ၂ ကနေ ဝက်ပုပ်ရွာအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်ခန့် သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ စက်မှု ၂ သို့ ဆုတ်ခွာသွားပြီး အရပ်သားပြည်သူ အမျိုးသား ၁ ယောက်နဲ့  အမျိုးသမီး ၁ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၆ ရက်မှာလည်း ပခုက္ကူမြို့နယ် တင်းဂတ်ရွာက ပျူစောထီးဒုခေါင်းဆောင် ၁ ယောက်နဲ့ အပေါင်းအပါ ၁ ယောက်ကို တော်လှန်ရေးရဲဘော်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

အထက်ပါစစ်ဆင်ရေးတွေကို Earthquake People’s Defence Force ၊ ပခုက္ကူခရိုင် Local တပ်ရင်း- ၁(PDLB)  နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Earthquake People’s Defence Force

0 Shares:
You May Also Like
Read More

ကျားမင်းကြီးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်မှု ၃ ယောက်သေပြီး ၇ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ကျားမင်းကြီးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ‌တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ယောက်သေပြီး ၇ ယောက် ဒဏ်ရာရရှိသွားတယ်လို့ YOUNG WOLF PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

လောင်းလုံးမြို့နယ်ထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေး လူထုသပိတ်လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ ဇန်နဝါရီ ၂၀ ရက် မနေ့နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ထံက သိရပါတယ်။
Read More

မင်းကွန်း နဂါးပတ်တောင်စစ်စခန်းကို သိမ်းပိုက်စဉ် စစ်သုံ့ပန်းများ ဖမ်းမိခဲ့မှု ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတောင်ရွာ နဂါးပတ်တောင်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေရဲ့ မှတ်တမ်းရုပ်သံကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗမာ့တပ်တော် နှစ်ပတ်လည်နေ့အခမ်းအနား ကျင်းပပြုလုပ် (ရုပ်/သံ)

ဇန်နဝါရီ ၁ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ဗမာ့တပ်တော် (B.A) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား မှတ်တမ်းရုပ်သံကို ဗမာ့တပ်တော် - Bamar Army က ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အုပ်စုရေယာဉ်များကို ၁၀၇ မမ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်နဲ့ ကနီမြို့နယ်ကြားမှာ စစ်အုပ်စုရေယာဉ်တွေကို ၁၀၇ မမ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဗန်းမော်တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် ရဲဘော်နိုင်းနိုင်း၏ မိဘနှစ်ပါးထံ ကျန်ရစ်ရဲဘော်များ သွားရောက်ဂါရဝပြု (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ယင်းမာပင်ခရိုင် တပ်ရင်း၂၈ (ဓားမဆိုင်းတပ်မတော်) တပ်ခွဲမှူး ရဲဘော်နိုင်းနိုင်းရဲ့ မိဘတွေကို အဆိုပါ တပ်ရင်း ရဲဘော်တွေက သွားရောက်ဂါရဝပြုခဲ့ကြပါတယ်။