Chinland အစိုးရတပ်ဖွဲ့ရဲ့ စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) နဲ့ အကြမ်းဖက်စစ်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ ဆက် လက် ဖြစ်ပွားနေပြီး တော်လှန်ရေးမဟာမိတ်အင်အားစုတွေက စစ်အုပ်စုတပ်ဖွဲ့ဝင် ၅၀ ကျော်ကို ထပ်မံချေမှုန်း သုတ်သင်နိုင်ခဲ့တယ်လို့ Chinland ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအစောပိုင်းကစပြီး ချင်းလဲန်အစိုးရတပ်ဖွဲ့ စစ်ကြောင်း (၁) – (၂) နဲ့ အကြမ်းဖက်စစ်တပ်တို့ ကလေး၊ ဂန့်ဂေါ၊ ဖလမ်း၊ တီးတိန် စတဲ့ မြို့နယ်တွေမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲအတွင်း ချင်းလဲန်အစိုးရတပ်ဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဟာ စစ်အုပ်စုအင်အား ၅၀ ခန့်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်သုံ့ပန်းတချို့ကို ထပ်မံ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့ကာ စစ်အုပ်စုရဲ့ ဒရုန်းတချို့ကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“လက်ရှိအချိန်ထိတော့ တိုက်ပွဲက ပြင်းထန်နေဆဲပါ။ သူတို့ဘက်က အလောင်းတွေ ရထားပေမယ့် ရတဲ့နေရာမှာပဲ မြေမြှုပ်ထားလိုက်ပြီ” လို့ Chinland ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုခွင့်ရှိသူ Salai Nai John Kim က မောင်းကို ပြောပါတယ်။

Chinland ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ချင်းလဲန်အစိုးရတပ်ဖွဲ့ စစ်ကြောင်း (၁) ဟာ ကလေးနဲ့ ဂန့်ဂေါမြို့အကြားမှာ မိတ်ဖက် Vakok PDF အပါအဝင် ကျောင်းသားတပ်မတော် (ABSDF) ၊ PDF ခရိုင် တပ်ရင်းတွေ၊ ပကဖတွေ၊ Kalay Revolution Force (KRF)၊ Ranger Kalay Defense Force (RKDF)၊ Yaw Defense Force (YDF) စတဲ့ မဟာမိတ်အဖွဲ့တွေနဲ့အတူ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နေခဲ့ပါတယ်။

စစ်ကြောင်း (၂) ကတော့ ဖလမ်းနဲ့ ဝေဘူလမြို့ကြား၊ ၊ တီးတိန်နဲ့ခိုင်ကမ်းမြို့ကြားမှာ မဟာမိတ် Kalay Revolution Force (KRF) အပါအဝင် Chin National Defense Force (CNDF) ၊ PDF Zoland စတဲ့ တော်လှန်ရေးအင်အားစု တွေနဲ့ ပူးပေါင်းပြီး စစ်အုပ်စုတပ်ကို တိုက်ခိုက်နေခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 တို့နဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခဲ့သလို ဒရုန်းအသုံးပြု ဗုံးကြဲတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဒရုန်းတို့ကို အားပြု တိုက်ခိုက်နေပေမယ့် Chinland အစိုးရတပ်ဖွဲ့ စစ်ကြောင်း (၁) စစ်ကြောင်း (၂) နဲ့ မဟာမိတ်အဖွဲ့တွေဟာ စစ်အုပ်စု ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့် အရာရှိတွေ အပါအဝင် အင်အား ၁၀၀ ခန့်ကို နိုဝင်ဘာလ ၁၈ ရက်မှာ ချေမှုန်းနိုင်ခဲ့သလို စစ်သုံ့ပန်းတချို့ကို ဖမ်းဆီးရမိကာ လက်နက် ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။

Chinland အစိုးရတပ်ဖွဲ့ စစ်ကြောင်း (၁)၊ စစ်ကြောင်း (၂) ဟာ ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ ချင်းအမျိုးသားတပ်မတော်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေ စုပေါင်းဖွဲ့စည်းထားတဲ့ စစ်ကြောင်းတွေဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ပွင့်ဖြူမှာ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ…

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ ​အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစခန်းနဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာ ၁၅ ယောက်ထက်မနည်း သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ အညာညီနောင်တော်လှန်ရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမှာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုတွေ ဒရုန်းနဲ့ ဗုံးကြဲခံရပြီး ၅ ယောက်သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

KTLA တပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်မှုကြာင့် KNLA တပ်မဟာ (၄) ရဲဘော် (၄) ဦး ထိခိုက်ဒဏ်ရာရဟု KNU ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်မြေအတွင်း ကော်သူးလေစစ်တပ် (KTLA) ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် KNU တပ်မဟာ ၄ မှ ရဲဘော် ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (‎KNU) - မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါး ရှိလာပြီဟု စစ်ကောင်စီ ထုတ်ပြန်

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ယောက် ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲအတွင်း ခရီးသည်များ ပိတ်မိနေခဲ့၊ ၃ နှစ်သား က​လေးငယ်နှင့် မိခင်ဖြစ်သူအပါ ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း မုံရွာ-မန္တလေးလမ်းပေါ်မှာ တိုက်ပွဲအတွင်း ပိတ်မိတဲ့ ခရီးသည်​တွေထဲက ၃ နှစ်အရွယ် ကလေးငယ်နဲ့ မိခင်ဖြစ်သူ အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ယင်းမာပင်ခရိုင်တပ်ရင်း (၆)ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၆) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်သင်တန်းဆင်းပွဲကို မနေ့က ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။