အမေရိကန်နိုင်ငံ အိမ်ဖြူတော်ရှေ့မှာ နိုဝင်ဘာ ၂၂ ရက် မနေ့ကက အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံး အမြန်ဆုံး လွတ်မြောက်ဖို့ကိုလည်း ဆန္ဒပြသူတွေက ဆိုင်ဘုတ်တွေ၊ ပိုစတာတွေ ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

Video – NYCBC

0 Shares:
You May Also Like
Read More

သထုံမြို့ပေါ်ကို တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးရေး လှည့်လည်လုံခြုံရေးယူ (ရုပ်/သံ)

မွန်ပြည်နယ် သထုံမြို့ပေါ်ကို အောက်တိုဘာ ၁၃ ရက်က တော်လှန်ရေးတပ်တွေ နယ်မြေစိုးမိုးနိုင်ရေး လှည့်လည်ပြီး လုံခြုံရေးယူခဲ့တယ်လို့ သထုံမြို့ပြအထူးပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မန္တလေးမှ ရန်ကုန် ပျံသန်းမည့် MNA လေယာဉ် ၁ စီး ပြေးလမ်းမှာ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးကနေ ရန်ကုန်ကို ပျံသန်းမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines _ MNA)ခရီးသည်တင်လေယာဉ် ၁ စီး ဟာ မေလ ၆ ရက် မနေ့ညပိုင်းက လေယာဉ်ပြေးလမ်းမှာ ဘီးပေါက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်က လူမှုကွန်ရက်ကနေ မျှဝေခဲ့ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ အောင်ပွဲနှင့်ပြန်လာသည့် မိုးညှင်း K-PDF ရဲဘော်များ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲကနေ အောင်ပွဲနဲ့အတူ ပြန်လာတဲ့ မိုးညှင်း K-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မိုးညှင်းမြို့နယ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေးစပ်ဖန်တီးသူ တော်လှန်လူငယ် ၂ ယောက်ထဲက ၁ ယောက် ဖမ်းဆီးခံရပြီး အစအန ပျောက်နေတဲ့ “နွေမှာပျံသန်းသည့်ငှက်ငယ်”

မြို့ပြပြောက်ကျား လူငယ်နှစ်ယောက်ဟာ တော်လှန်ရေးကာလအတွင်း ပြေးရင်းလွှားရင်း “နွေမှာပျံသန်းသည့်ငှက်ငယ်” ဆိုတဲ့ သီချင်းတစ်ပုဒ်ကို ရေးစပ်ဖန်တီးခဲ့ကြပါတယ်။
Read More

ပြည်သူ့ရဲဘော်တွေ အထိအခိုက်နည်းစေဖို့ နေပြည်တော် PDF တပ်ရင်း ၈၀၅ကျည်ကာကမ်ပိန်းပြုလုပ် (ရုပ်/သံ)

အကြမ်းဖက်စစ်အာဏာရှင်ကို ဖယ်ရှားမယ့် တိုက်ပွဲတွေမှာ ပြည်သူ့ ရဲဘော်တွေ အထိအခိုက်နည်းစေရန် ကျည်ကာတပ်ဆင်နိုင်ဖို့ ရည်ရွယ်ပြီး နေပြည်တော် PDF တပ်ရင်း ၈၀၅ က “ထနောင်းစစ်သည် ပေါင်းစုချီ ကျည်ကာတပ်ဆင် ပြည်လည်းဝင်” ကမ်ပိန်းပြုလုပ်ထားပါတယ်။
Read More

အရှေ့ချောက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Young Force - UG အဖွဲ့ထံက သိရပါတယ်။