လာအိုမှာ ကျင်းပမယ့် အာဆီယံ အစည်းအဝေးမှာ မြန်မာနိုင်ငံက စစ်ကောင်စီကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးဌာနက အဆင့်မြင့်အရာရှိတစ်ယောက် တက်ရောက်ဖွယ်ရှိတယ်လို့ စစ်ကောင်စီရဲ့ ပြောကြားမှုကို NIKKEI Asia သတင်းဌာနက ကိုးကားရေးသားထားပါတယ်။
အောက်တိုဘာ ၉ ရက်နေ့မှာ စတင်မယ့် အဲဒီအစည်းအဝေးကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးကို စေလွှတ်မှာဖြစ်တယ်လို့ အဆိုပါသတင်းဌာနက ရေးသားဖော်ပြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကနေ စစ်ကောင်စီကို မြန်မာကိုယ်စားပြုအဖြစ် အာဆီယံအစည်းအဝေးတွေမှာ အသိအမှတ်ပြု ဖိတ်ခေါ်ခြင်းတွေကို အာဆီယံအနေနဲ့ မလုပ်ဖို့ တိုက်တွန်းနေချိန်မှာပဲ စစ်ကောင်စီဘက်က အခုထုတ်ပြန်လာတာပါ။
အာဆီယံရဲ့ ပုံမှန်အစည်းအဝေးတစ်ခုမှာ မြန်မာနိုင်ငံက အခုလိုပါဝင်လာတာဟာ လေးနှစ်အတွင်း ပထမဦးဆုံး အကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုတစ်ကြိမ်စေလွှတ်မယ့် စစ်ကောင်စီရဲ့ အဆင့်မြင့်ကိုယ်စားလှယ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သဘောတူဖွယ်ရှိတယ်လို့လည်း ခန့်မှန်းရေးသားထားပါတယ်။
အာဆီယံဟာ ထိပ်သီးအစည်းအဝေးကြီးတွေကလွဲရင် တခြားသောအစည်းအဝေးပေါင်း ၅၀၀ ကျော်မှာ မြန်မာကိုယ်စားပြုအဖြစ် စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ စေလွှတ်မယ့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဗြိတိန်က မြန်မာ့ငလျင်ဘေးကို စတာလင်ပေါင် ၁၅ သန်းအထိ ကူညီထား၊ ထောက်ပံ့မှုများ စစ်ကောင်စီထံမှ စီးဆင်းမည်မဟုတ်ဟု ဆို

ဗြိတိန်က မြန်မာ့ငလျင်ဘေးအတွက် ကူညီလှူဒါန်းထားမှုဟာ စုစုပေါင်း စတာလင်ပေါင် ၁၅ သန်း အထိ ရှိသွားပြီလို့ ထုတ်ပြန်ကြေညာပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ တာလယ် ဗျူဟာစစ်စခန်းကို KNLA ပူပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီးရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ တာလယ်ဗျူဟာ စစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်လိုက်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဘားအံမြို့ပေါ်တွင် ပြည်သူများအား BGF တပ်ဖွဲ့များ စစ်ဆေးနေပြီး ၊ မြို့ပြင်ဂိတ်များတွင် KNA တပ်ဖွဲ့များ စစ်ဆေးနေ

“ဘားအံမြို့မှာသွားလာနေတာကတော့ BGF တွေကတော့ ဝါ၊ စိမ်း၊ နီ ကပ်ထားတာကြီးပဲ၊ KNA တော့မတွေ့သေးဘူး ဘားအံမြို့ပေါ်မှာ၊ အရင်ကတော့ လမ်းဂွမှာစစ်တပ်ပဲရှိတယ်၊ အခုတော့ အဖွဲ့အစည်းတွေရောပေါင်းပြီးတော့ သူတို့စစ်ကြတယ် ” လို့ ဘားအံမြို့ခံတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

ဇီးကုန်းနဲ့ကြို့ပင်ကောက်အစပ်က တံတားမှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တဲ့စစ်အုပ်စုတွေကို ပစ်ခတ်တိုက်ခိုက်…

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ လမ်းသွားလမ်းလာ အရပ်သားတွေကို ရိုက်နှက်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးကိုတေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ TNLA က ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

“လေယာဉ်တစ်စီးနဲ့ မင်းတို့နဲ့ မလဲနိုင်ဘူး” ဆိုပြီး စစ်ကောင်စီ သူ့တပ်ဖွဲ့ဝင်တွေကို စွန့်ပစ်

အာဏာသိမ်းစစ်တပ်က လေယာဉ်ဆုံးရှုံးမှာစိုးလို့  လာရောက်ကယ်တင်ခြင်း မပြုလုပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် ၅၀ကျော်ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က စစ်သုံ့ပန်း စည်းကမ်းတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။