ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်က ရှေ့တန်းတစ်နေရာကို ပို့ဆောင်ခံရတဲ့ ခမရ ၅၃၁ တပ်ရင်းက တပ်သားတစ်ဦးဟာ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကရင်နီတပ်မတော်(KA) တပ်ရင်း ၅ ထံမှ သိရပါတယ်။

“သူက KA တပ်ရင်း ၅ ထဲဝင်လာတာမဟုတ်ဘူးဗျ၊ တပ်ပေါင်းစုဆီကို အလင်းဝင်လာတာဗျ၊ အခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ အလင်းဝင်ဖို့လုပ်တာမှာ ကင်းပုန်းဝပ်တဲ့အဖွဲ့နဲ့တိုးပြီး သူတစ်ယောက်ထဲ အလင်းဝင်လာနိုင်တာလို့ ပြောတယ်၊ သူ့တပ်စိတ်မှာ သူက ဒုတပ်စိတ်မှုးလို့လည်း ပြောတယ်” လို့ KA တပ်ရင်း ၅ မှ တာဝန်ရှိသူတစ်ယောက်က မောင်းကို ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားဟာ MA- 1 တစ်လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ဓား တစ်ချောင်းနဲ့ လက်ကိုင်ဖုန်းတို့ကို ယူဆောင်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ၎င်းကို သက်ဆိုင်ရာ CDM ဌာနကို ပို့ဆောင်ပေးလိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။

“သူကတော့ သူ့အမေကို ပြန်တွေ့ချင်တယ်ပြောပါတယ်။ ကျန်တာကတော့ CDM ဌာနကဆက်ပြီး ကြည့်စီစဉ်ပေးမှာပါ၊ ဆုကြေးရ မရတော့ မသိသေးပါဘူး” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ဖရူဆို− ထားလဲ− နန်းဖဲ − ဘောလခဲ လမ်းမကြီးတွေဘက်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် အဆိုပါလမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ ပိတ်ထားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

နောင်ချိုရှိ ရှဲဆန်သတ္တုကုမ္ပဏီကို စစ်ကောင်စီ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့

တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်အတွင်းက ရှဲဆန်သတ္တုကုမ္ပဏီကို ဟန်ပြအပစ်ရပ်ကြေညာထားတဲ့ အကြမ်းဖက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
Read More

နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ်အကျဉ်းသား (၁၁၀) ဦးကို NUG လွတ်ငြိမ်းသက်သာခွင့်ပြု

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ ဒီကနေ့ ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်ကူးအခါသမယ အထိန်းအမှတ်အနေနဲ့ အကျဉ်းသား၊ အကျဉ်းသူ ၁၁၀ ယောက်ကို  ခြွင်းချက်မရှိ လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့အသိပေးထုတ်ပြန်လာပါတယ်။ 
Read More

KNU တပ်မဟာ(၁) ဒူးသထူခရိုင်မှာ အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာဝန်ဆောင်မှု သင်တန်းဆင်းပွဲ

ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်က နိုဝင်ဘာလအတွင်း အုပ်ချုပ်ရေးခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ပြည်သူ့ရေးရာ ဝန်ဆောင်မှု သင်တန်းကို ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ မတရားဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်

စစ်ကောင်စီ မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ ဧပြီလ ၂၄ ရက်နေ့မှာ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်လိုက်တယ်လို့ ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်ပါတယ်။
Read More

လူနာလာခေါ်တဲ့ ပရဟိတကားကို စစ်တပ်က ရွာထဲအဝင်မခံတာကြောင့် မိုင်းထိသူ ‌သွေးထွက်လွန်ပြီး သေဆုံး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာက အမျိုးသားတစ်ယောက်ဟာ စစ်ကောင်စီထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်ထိကာ သွေးထွက်လွန် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ် သံပြားကာကားယာဥ်တန်းကို တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာကားတွေနဲ့ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။