စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်ထဲကို စစ်ကော်မရှင်တပ်က Gyrocopter နဲ့ လေကြာင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အသက်မပြည့်သေးတဲ့ကလေး ၂ ဦးအပါ အရပ်သားပြည်သူ ၃ ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကော်မရှင်တပ်က ထိတွေ့တိုက်ပွဲမရှိပဲ ရတုံရွာနဲ့ ဘူးတောင်းကန်ရွာကြားကနေရာတွေကို Gyrocopter နဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ အသက် (၅) နှစ်အရွယ်ကလေးတစ်ယောက်၊ အသက် (၈) နှစ်အရွယ် ကလေးတစ်ယောက် နဲ့ အသက် (၃၀) အရွယ် အမျိုးသားတစ်ယောက် ထိမှန်သေဆုံးသွားတယ်လို့ သိရတာပါ။

“အဲ့မတိုင်ခင် အခင်းဖြစ်ပွားတဲ့နေရာကို နမခ ကနေ ၁၂၀ မမ နဲ့ ၃ လုံးပစ်တယ်၊ အဲဒါပြီးတော့ ပါရာမော်တာ တက်တယ်၊ ဘူးတောင်းကန်ရွာထဲကို ချတာမဟုတ်ဘူး၊ တောထဲယာခင်းတဲတွေကိုချတော့ အမျိုးသား ၂ ယောက်သေတယ်၊ ရတုံရွာကအမျိုးသမီးတစ်ယောက် သေတယ်၊ တောထဲလုပ်တဲ့ အလုပ်သမားတွေဖြစ်မယ်” လို့ မုံရွာနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေ Gyrocopter နဲ့ လာရောက်ကြဲချတဲ့ ကျေးရွာတွေဟာ မုံရွာ နမခ နဲ့ ၇ မိုင် ၊ အမြောက်တပ် နဲ့ ၁ မိုင်လောက်သာ ဝေးတဲ့ကျေးရွာတွေဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် (၈) နှစ်အရွယ် မအိရွှေရည်ဖြိုး၊ အသက် (၅) နှစ်အရွယ် မောင်ဟိန်းထက် နဲ့ အသက် (၃၀) အရွယ် ကိုအောင်စိုးထွေးတို့ ထိမှန်သေဆုံးခဲ့တာပါ။
စစ်ကော်မရှင်တပ်ဟာ ထိတွေ့ပစ်ခတ်မှုမရှိပဲ အခုလို စက်တပ်လေထီး နဲ့ လာရောက်ကြဲချခဲ့တာဖြစ်လို့ ဘူးတောင်းကန်ရွာ ဒေသခံတစ်ချို့ ဟာ ထွက်ပြေးရှောင်တိမ်းနေကြပြီး၊ ရတုံရွာ ဒေသခံတွေကတော့ လက်ရှိအချိန်ထိ ရှောင်တိမ်းတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက် သီတင်းကျွတ်လပြည့်နေ့ကလည်း မုံရွာမြို့နယ် နဲ့ ချောင်းဦးမြို့နယ်အစပ်မှာ သီတင်းကျွတ်မီးထွန်းပွဲ နဲ့ ဆီးမီးသပိတ် ပြုလုပ်နေချိန် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စက်တပ်လေထီး နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂၀ ဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိခဲ့ပါ သေးတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ သတင်းအချက် အလက်များအရ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ကနေ နိုဝင်ဘာ ၁၂ ရက်နေ့အထိ ၂ လကျော် ကာလတိုအတွင်းမှာပဲ အကြမ်းဖက်စစ်ကော်မရှင်တပ်ကြောင့် ပြည်သူ ၃၄ ယောက်သေဆုံးခဲ့ရပြီး၊ အဲဒီထဲမှာမှ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အများဆုံးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်အုပ်စုရဲ့ Gyrocopter နဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရတဲ့ အရပ်သားပြည်သူများ
0 Shares:
You May Also Like
Read More

စစ်ကောင်စီပိုင် ခွဲတမ်းဆီ(စာအုန်းဆီ) ပေပါများ သယ်လာသည့် ခြောက်ဘီးကားကို Southern YSO PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီပိုင် ခွဲတမ်းဆီ (စားအုန်းဆီ) ပေပါတွေ တင်ဆောင်လာတဲ့ ခြောက်ဘီးကားကို ပခုက္ကူ-ရေစကြို လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးစစ်ဆေး သိမ်းဆည်းခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ လုံလောက်သည့် ကယ်ဆယ်ရေးများ မရောက်ရှိသေးတာကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရ

ငလျင်ဒဏ်ကြောင့် အသေအပျောက် များပြားနေတဲ့ စစ်ကိုင်းမြို့မှာ လူနာအရေအတွက်နဲ့ ဆေးရုံတွေ လုံလောက်မှု မရှိသလို လုံလောက်တဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း မဆောင်ရွက်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
Read More

အသက်အရွယ်မရွေး ပေါ်တာဆွဲနေတဲ့ စစ်တပ်က ကလေးစစ်သား တစ်ထောင်ကျော်ကို နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ ဝါဒဖြန့်

အသက်မပြည်သေးတဲ့ ကလေးစစ်သား တစ်ထောင်ကျော်ကို စစ်တပ်ကနေ နှုတ်ထွက်ခွင့်ပြုခဲ့တယ်လို့ စစ်ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အေးက ပြောပါတယ်။
Read More

စစ်ကော်မရှင်၏ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

စစ်ကော်မရှင်ရဲ့ ခလရ တပ်ရင်း (၁၀၄) မှ စစ်သား ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ကြောင့် သေဆုံးသူ ၂၉၀၀ နီးပါး ရှိလာပြီဟု စစ်ကောင်စီ ထုတ်ပြန်

စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ရစ်ချက်တာစကေး ၇.၇ အဆင့်ရှိ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက်ပိုင်းအထိ သေဆုံးသူ ၂၈၈၆ ယောက် ရှိလာပြီဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်လာပါတယ်။
Read More

အာဏာသိမ်းပြီးနောက် အာဏာလက်မလွှတ်ချင်သည့် မင်းအောင်လှိုင် စစ်တိုင်းမှူးအပြောင်းအလဲ အကြိမ် ၅၀ လုပ်ခဲ့ဟု ဆို

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းမှုနောက်ပိုင်း ၅နှစ်နီးပါး အချိန်ကာလအတွင်း စစ်တိုင်းမှူး အပြောင်းအလဲ အကြိမ် ၅၀ ရှိခဲ့တယ်လို့ ISP-Myanmar က ထုတ်ပြန်ပါတယ်။