ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ်ကနေ နိုဝင်ဘာလ ၂၁ ရက် ညနေပိုင်းမှာ အမျိုးသမီးတစ်ဦး ရေထဲခုန်ချပြီး ကိုယ်ကိုယ်ကို သတ်သေမှု ဖြစ်ပွားကာ သေဆုံးခဲ့ရတယ်လို့ Yangon Rescue Organization အဖွဲ့ ဆီကသိရပါတယ်။

သေဆုံးသွားသူ အမျိုးသမီးရဲ့အမည်၊ အသက်နဲ့ နေရပ်လိပ်စာကို မသိရသေးဘဲ လက်ရှိမှာရုပ်အလောင်းကို ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ အဆိုပါအဖွဲ့ဆီက သိရပါတယ်။

အမျိုးသမီးရဲ့ ရုပ်အလောင်းကို ပုဇွန်တောင်ချောင်းအတွင်း ငါးဖမ်းနေတဲ့ ငါးဖမ်းလှေတွေရဲ့ အကူအညီနဲ့ ရွှေဝါထွန်းရေယာဉ်ပေါ် အဆင့်ဆင့်ဖြတ်ပြီး သယ်ဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အာဏာသိမ်ထားလို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ စီးပွားရေးကြပ်တည်းမှုကြောင့် ရန်ကုန်မြို့အတွင်း ကိုယ်ကိုယ်ကို သတ်သေမှုတွေ ပိုမိုများပြားလာနေခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြောက်ဒဂုံမြို့နယ် ဘေလီတံတားပေါ်ကနေ လူနှစ်ဦး လက်ချင်းကြိုးချည်ပြီး ငမိုးရိပ်ချောင်းထဲ ခုန်ချခဲ့တာ၊ အမျိုးသားနဲ့အမျိုးသမီးစုံ တွဲခုန်ချခဲ့တာ၊ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်တံတားကနေ အမျိုးသမီး ငယ်တစ်ဦးခုန်ချခဲ့တာ၊ လုံခြုံရေးဝန်ထမ်းတစ်ဦး ကြိုးဆွဲချသတ်သေတာတွေ ရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အဓမ္မအာဏာသိမ်းထားမှုကြောင့် စီးပွားရေးကျဆင်းတာ၊ ငွေကြေးဖောင်းပွတာ၊ ကုန်ဈေးနှုန်းအဆ မတန်မြင့်မားတာ၊ အလုပ်အကိုင်ရှားပါးလာတာတွေအပြင် တစ်ကိုယ်ရေ စိတ်မလုံခြုံတာ စတဲ့ အကြောင်းအရင်းတွေကြောင့် ထွက်ပေါက်ရှာတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာကို ရွေးချယ်လာကြတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံရှိ လူသုံးဦးအနက် တစ်ဦးမှာ ငတ်မွတ်မှုကို ကြုံလာနေရပြီး လူဦးရေ စုစုပေါင်း ၁၆ ဒသမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ခံစားနေရတယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။
ဓာတ်ပုံ – Yangon Recuse Organization

0 Shares:
You May Also Like
Read More

ဘုန်းကြီးတစ်ပါးနဲ့ ပြည်သူ ၂ယောက်ကို သတ်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ရေစကြိုမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှု ရှိ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးက ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံခဲ့ (ဓာတ်ပုံသတင်း)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေနဲ့ ဖေဖော်ဝါရီ ၉ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

အင်အားကြီးနိုင်ငံတစ်ခုတည်းအပေါ် မမှီခိုဘဲ မိတ်ဖက်များများ ထားရမည်ဟု မင်းအောင်လှိုင် ဆိုပြန်

အင်အားကြီး စူပါပါဝါ နိုင်ငံတစ်ခုတည်းအပေါ် မှီခိုမှုကို လျှော့ချဖို့ လိုအပ်ပြီး မိတ်ဖက်နိုင်ငံများများ ထားရှိရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ် သံပြားကာကားယာဥ်တန်းကို တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်…

စစ်ကိုင်းတိုင်း၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာမှာ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ရဲ့ သံပြားကာကားတွေနဲ့ ကင်းပုန်းဝပ်နေတဲ့ ပျူစောထီးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ( ၃ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်း- စေတုတ္ထရာလမ်းပိုင်းရှိ ၁၈မိုင်စခန်းကုန်းကို PDF ပူးပေါင်းတပ်ရင်းများ သိမ်းပိုက်ရရှိ၊ စစ်သုံ့ပန်းနှင့် လက်နက်အချို့ရရှိပြီး စခန်းမီးရှို့နိုင်ခဲ့

မကွေးတိုင်း၊ စလင်း- စေတုတ္ထရာလမ်းပိုင်းကအကြမ်းဖက်စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို သိမ်းပိုက်ရရှိထားကြောင်း ပါဝင်ခဲ့တဲ့ တပ်ရင်းအချို့က ဧပြီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
Read More

ဖလမ်းကို စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်မှ ၂လ ကျော်အတွင်း စစ်သား ၁၄ဦး အလင်းဝင်ရောက်လာပြီး၊ ၁၂ဦး အရှင်ဖမ်းမိထားဟု CNDF ပြော

"အလင်းဝင်တာမျိုးမဟုတ်ပဲ သူတို့ဘာသာ ထွက်ပြေးတာမျိုးတွေ၊ ကျနော်တို့မဟုတ်ပဲ အခြားအဖွဲ့တွေဆီ ရောက်သွားတာတွေလည်းရှိပါတယ်။ ကျနော်တို့ကတော့ တိုက်ပွဲဖြစ်နေတုန်း ဖမ်းမိရင် စစ်သုံ့ပန်းပါပဲ။ သုံ့ပန်းဥပဒေအတိုင်းပဲ လုပ်တယ်။ အလင်းဝင်လာသူတွေကိုတော့ စောင့်ကြည့်တယ်။ ယုံကြည်ရတဲ့အခြေအနေရှိရင် မိသားစုဆီပို့ပေးတာ၊ လုံခြုံတဲ့နေရာပို့ပေးတာမျိုးတွေ ရှိပါတယ်" လို့ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီထွဋ်က မောင်းကိုဆက်ပြောခဲ့ပါတယ်။