အမှန်တရားအတွက် ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့ လန်ဒန်ရောက်မြန်မာတွေအနေနဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်ကြဖို့ Myanmar Unity Movement (MUM) က တိုက်တွန်းလိုက်ပါတယ်။

နွေဦးတော်လှန်ရေးတိုက်ပွဲမှာ ‘လွတ်လပ်ခွင့်’ အတွက် ဘယ်တော့မှ နောက်မဆုတ်ဘဲ ဆက်လက်ဆန္ဒပြနေရမှာဖြစ်တဲ့အတွက် လန်ဒန်ရောက်မြန်မာတွေ ပူးပေါင်းပါဝင်ဖို့ Myanmar Unity Movement (MUM) က အခုလို တိုက်တွန်းလိုက်တာပဲဖြစ်ပါတယ်။

“နှစ်ကုန်ခါနီးပြီမို့ အတူရှိနေပေးကြပါ။ နိုဝင်ဘာလ ကုန်ဆုံးတော့မည်ဖြစ်ပြီး၊ ယခုနှစ် (၂၀၂၅) အတွက် အပတ်စဉ် ဆန္ဒပြပွဲများ ပြုလုပ်ရန် ရက်အနည်းငယ်သာ ကျန်ရှိပါတော့သည်။ ထို့ကြောင့် လက်ကျန်ပွဲများတွင် လူထုအင်အားကို အပြည့်အဝ ပြသနိုင်ရန် မပျက်မကွက် လာရောက် ပူးပေါင်းပေးကြပါရန် တိုက်တွန်းအပ်ပါသည်”လို့ Myanmar Unity Movement (MUM) က ထုတ်ပြန်တိုက်တွန်းထားတာဖြစ်ပါတယ်။

United Kingdom (UK) နိုင်ငံမှာ ဆန္ဒပြတာဟာ တရားဥပဒေက အပြည့်အဝ ကာကွယ်ပေးထားတဲ့ အခွင့်အရေး (Legal Right) ဖြစ်ပြီး ဘယ်သူကမှ၊ ဘယ်အာဏာရှင် လက်ပါးစေကမှ၊ ဘယ်လို နည်းလမ်းနဲ့မှ ဆန္ဒပြပွဲတွေကို နှောင့်ယှက်ဖျက်ဆီးလို့ မရနိုင်တဲ့အတွက် ဒီအခွင့်အရေးကို အသုံးချပြီး အမှန်တရားအတွက် ဆက်လက်တိုက်ပွဲ ဝင်သွားရမှာဖြစ်တယ်လို့ Myanmar Unity Movement (MUM) က ဆိုပါတယ်။

ဆန္ဒပြပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို လူမှုကွန်ရက်ကတဆင့်မေးမြန်းတဲ့အခါ ကြန့်ကြာနိုင်တဲ့အတွက် ဆန္ဒပြပွဲကို လူကိုယ်တိုင်လာရောက် မေးမြန်းတာက ပိုမိုထိ‌ရောက်တယ်လို့လည်း ဆိုပါတယ်။ အလားတူ MUM အဖွဲ့ဝင် ဒါမှမဟုတ် ခေါင်းဆောင်ပိုင်းလို့ ပြောဆိုပြီး ကိုယ်ကျိုးရှာတာ၊ အကောင့်တုတွေနဲ့ လိမ်လည်တာတွေကိုလည်း သတိပြုစေလိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ – စစ်ရုံးရှေ့ နှင့် FCDO ရုံးရှေ့တို့မှာ နိုဝင်ဘာ ၁၈ က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲ ပုံရိပ်တချို့
0 Shares:
You May Also Like
Read More

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ရဲဘော်များ (ဓာတ်ပုံသတင်း)

ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု S.S.L.R.U က ရဲဘော်တွေဟာ လေ့ကျင့်မှုအသစ်တွေနဲ့ စစ်ရေးပြင်ဆင်မှုအသစ်တွေ လုပ်ဆောင်ပြီးတဲ့နောက် ရှမ်းတောင်စစ်ဒေသဆီ ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေတဲ့ ပုံရိပ်တွေကို အဆိုပါတော်လှန်ရေးတပ်ပေါင်းစု (SSLRU) က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဂန့်ဂေါမြို့ပေါ် ပေါက်ကွဲသံကြားပြီးနောက် စစ်အုပ်စု ကျင်းပသည့် သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားဟု ဆို

မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်တစ်နေရာမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးနောက် စစ်အုပ်စု ကျင်းပတဲ့ သီတင်းကျွတ်ဂီတပွဲတော် ပွဲပျက်သွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မှတ်ပုံတင် ၈/ ဖြစ်တာကြောင့် PDF အဖြစ် စွပ်စွဲခံရပြီး စစ်တပ်ထဲ ဆွဲခေါ်ခံခဲ့ရသူ ပြန်လည်လွတ်မြောက် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

လက်ပံတန်းတွင် အကြမ်းဖက်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၅ ဦး သေ၊ အရှင် ၁၂ ဦးနှင့် လက်နက်ခဲယမ်းများ PDF ရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်မှာ စစ်ကြောင်းထိုးမီးရှို့ဖို့လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁၅ယောက်ထက်မနည်း သေဆုံးပြီး စစ်သုံ့ပန်း ၁၂ ယောက်နဲ့ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ပါတယ်။
Read More

Spring Warriors Column က တပ်ရင်းမှူးအပါအဝင် ရဲဘော် ၆ ယောက် ကျဆုံးခြင်း တစ်နှစ်ပြည့်ပြီ

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ၂ ၊ ဗျူဟာ၂၅ ၊ ဖာပွန်ခရိုင်တပ်ရင်း ၁ - Spring Warriors Column (P27001) က တပ်ရင်းမှူးအပါအဝင် ကျဆုံးရဲဘော် ၆ ယောက်ရဲ့ ကျဆုံးခြင်း တစ်နှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။