ပြုံးပြုံးလေးရုပ်ရှင်ကို ပြသခွင့်ပေးတဲ့ ထိုင်းနိုင်ငံရဲ့ လုပ်ရပ်တွေကြောင့် ထိုင်းနိုင်ငံနဲ့ ထိုင်းဘုရင့် တပ်မတော်ကို ပုန်ကန်မယ့်သူတွေကို မြန်မာနိုင်ငံအတွင်း လက်ခံသွားဖို့ အကြမ်းဖက်စစ်တပ်ကို ထောက်ခံသူ စစ်လော်ဘီ သဇင်ဦးက ပြောကြားခဲ့ပါတယ်။

”ထိုင်းနိုင်ငံ၊ ထိုင်းဘုရင့်တပ်မတော်ကို တော်လှန်ပုန်ကန်မယ့်သူတွေကို ကျွန်မတို့ နိုင်ငံထဲမှာ ခေါ်ထားမယ်။ ခေါ်ပြီး command ပေးခိုင်းမယ်။ ငါတို့နိုင်ငံထဲမှာနေ ပြီးရင် မင်းတို့အစိုးရကို ပုန်ကန်။ ဒီမှာ စင်ပြိုင်အစိုးရဖွဲ့၊ ဆန္ဒပြတွေ ပြခိုင်း၊ ငါတို့နိုင်ငံထဲမှာ အေးဆေးနေ” လို့ သဇင်ဦးက ပြောကြားခဲ့ တာပါ။

သဇင်ဦးပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး CDM ဗိုလ်ကြီး ထင်လင်းအောင်က ထိုင်းအစိုးရကို တော်လှန်မယ့်သူဆိုတာရောရှိလို့လားလို့ ပြန်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

”ထိုင်းအစိုးရကို တော်လှန်မယ်သူဆိုတာရှိလား။ နိုင်ငံတကာမှာ ဒီလိုတော်လှန်ရေးမျိုးရှိလား။ နိုင်ငံတကာမှာ ဒီလိုမျိုးစစ်တပ် …(စစ်ကော်မရှင်) ညစ်ပတ်ပြီးတော့ စုတ်ပြတ်သပ်နေတဲ့ စစ်တပ် ဆိုတာရှိလား”လို့ CDM ဗိုလ်ကြီး ထင်လင်းအောင်က ပြန်ပြီးမေးခွန်းထုတ်ခဲ့ပါတယ်။

စစ်တပ်လော်ဘီ သဇင်ဦးကတော့ ထိုင်းနိုင်ငံကို ကန့်ကွက်ဖို့အတွက် တစ်ကိုယ်တော်ဆန္ဒပြမယ်လို့ ခပ်တည်တည်ပြောကြားခဲ့ပါတယ်။

Video-လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

MRTV အသံလွှင့်တာဝါတိုင်ကုန်းကို သိမ်းပိုက်စဉ် စစ်ကူလာသည့် စစ်ယာဉ်တန်းအား မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာအရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်း (ဗောဓိ တစ်ထောင်)စခန်းကို ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကူလာတဲ့ အကြမ်းဖက်စစ်တပ် ဂျန်ဘာယာဉ် ၆ စီးကို မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ Brave Heart Army-BHA အဖွဲ့ထံက သိရပါတယ်။
Read More

ကပစ ၂၁ သို့ ပို့လွှတ်နေသော လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ရန်လာသည့် စစ်ကောင်စီတပ်သားများကို လက်နက်ကြီးဖြင့် ပစ်ခတ်ဟန့်တား (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ ကပစ ၂၁ သို့ ပို့လွှတ်နေတဲ့ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဟန့်တားခဲ့တယ်လို့ People Defence Force - Chauk - သခင်ဖိုးလှကြီးတပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ဆုံရွာ ပျူခေါင်းဆောင်နေအိမ်နှင့် ကင်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်နဲ့ ကင်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့  Youth Guerrilla Counter Revolution -NZ မှ သတင်းထုတ်ပြန်ထား ပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် ရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ် ရဲစခန်းကို ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ၆၀ မမ၊ ၈၀ မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
Read More

အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ် ၇ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်ထံက သိရပါတယ်။
Read More

ရေစကြို ရေလယ်ကျွန်းဒေသက ပျူစောထီးတွေ အခြေစိုက်ရာနေရာကို ဒရုန်းနဲ့တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသက ပျူစောထီးတွေ အခြေစိုက်ရာကျေးရွာကို ဒရုန်းနဲ့  ဗုံးသီးတွေ  ၂ကြိမ်တိုင် ကြဲချတိုက်ခိုက်ခဲ့ကြောင်း  Myingyan Black Tiger (MBT) ထံက သိရပါတယ်။