အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ကန့်သတ်မှု ခံထားရသူလည်းဖြစ်၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လည်ပတ်ရာမှာ အဓိကကျတဲ့နေရာက ပါဝင်သူတစ်ယောက်လည်းဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူဟာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေ ဆောင်လုပ်နေပြီး အပြစ်မရှိတာကြောင့် ထွက်ပြေးတာမရှိဘူးလို့ BGF ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောဆိုကြောင်း ထိုင်းသတင်းဌာန The Reporter က ဖော်ပြပါတယ်။ 

ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေရှိ အွန်လိုင်းလိမ်လည်အလောင်းကစားရုံတွေကို အ ကြမ်းဖက်စစ်အုပ်စုနဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းရှင်းလင်းနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး BGF တပ်ဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ထိုင်းသတင်းဌာနရဲ့ မေးမြန်းမှုကို နိုင်မောင်ဇော်က အခုလိုဖြေကြားခဲ့တာပါ။ 

စောချစ်သူဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်လို့  အပြစ်တစုံတရာမရှိဘဲ အထင်အမြင် လွဲမှားနေတာဖြစ်ပြီ စောချစ်သူဟာ နေရာငှားရမ်းတာသာဖြစ်သလို လိမ်လည်သူတွေဆီကနေ ဝင်ငွေရနေတာ မရှိဘူးလို့ နိုင်မောင်ဇော်က ငြင်းဆိုဖြေကြားခဲ့ပါတယ်။

(ဓာတ်ပုံ TheReporter)

 “(ဗိုလ်မှူးကြီးစောချစ်သူ) ပတ်သက်မှုမရှိတဲ့အတွက် ထွက်ပြေးဖို့ မလိုအပ်ဘူး။ ဒီနေ့အထိ ကရင်နဲ့ မြန်မာပြည် သူတွေအတွက် ဘုရားကျောင်း၊ စာသင်ကျောင်းတွေ ဆောက်လုပ်နေတယ်။ ပြည်သူ့အလုပ်တွေကို လုပ်ဆောင် နေတာမလို့ တရားမဝင်လုပ်ဆောင်တာတွေရှိတဲ့ လိမ်လည်သူတွေကို နှိမ်နင်းဖို့ အမိန့်ပေးခဲ့တာဖြစ်တယ်” လို့ BGF ပြောရေးဆိုခွင့်ရှိသူ နိုင်မောင်ဇော်က ပြောပါတယ်။ 

နယ်ခြားစောင့်တပ်အနေနဲ့ အကြမ်းဖက်စစ်အုပ်စုဆီကနေ လစာရရှိတဲ့အဖွဲ့ဖြစ်တာမလို့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်ပတ်သက်နေရင် သူတို့လည်း တရားစွဲခံရမှာဖြစ်ပြီး အခုချိန်မှာ အမှန်တကယ် နှိမ်နင်းနေတာဖြစ်တယ်လို့ နိုင်မောင်ဇော်က ပြောခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ BGF ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ သုံး ရက်အတွင်း အဆောက်အဦး ၂၂ လုံးကျော်ကို စီးနင်းခဲ့ရာမှာ နိုင်ငံခြားသား ၉၀၀ ကျော်နဲ့ လက်ကိုင်ဖုန်း အလုံး ၂၀၀၀၀ ၊ ကွန်ပြူတာ အလုံး ၂၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

 

0 Shares:
You May Also Like
Read More

One Friday Fight ပွဲစဉ်တွေမှာ မြန်မာလက်ဝှေ့ကစားသမား ၅ယောက်အထိပါဝင်မယ်

ဩဂုတ်လ ၂၃ ရက် ဒီနေ့ညမှာ ကျင်းပမယ့် One Friday Fight 76 ပွဲစဉ်တွေထဲမှာ မြန်မာကစားသမား ၅ ယောက် ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။
Read More

မြန်မာတွေအနေနဲ့ ကျားဖြန့်ဂိုဏ်းတွေကို နှင်ထုတ်ဖို့ သက်ဆင်ပြော

ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ကြိုးပမ်းရာမှာ မြန်မာနိုင်ငံက လူမှုအသိုင်းအဝိုင်းတွေအနေနဲ့ ပံ့ပိုးကူညီပေးကြဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောဆိုကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို စစ်ရေးကူညီပေးနေသည့် ဘယ်လာရုစ်နိုင်ငံ သမ္မတ မြန်မာပြည် လာဖို့ရှိ

အကြမ်းဖက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အဂ္ဂမဟာသရေစည်သူဘွဲ့ ချီးမြှင့်ခံထားရတဲ့ ဘယ်လာရုစ်နိုင်ငံ သမ္မတ Mr. Alexander Gregoryevich ဟာ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ် လာရောက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။
Read More

ထိုင်းမှာ တရားမဝင်ဖွင့်ထားသည့် မြန်မာသီးသန့်ဘား အဖမ်းခံရ၊ မူးယစ်ဆေးနှင့် လက်နက်များပါ ဖမ်းမိသည်ဟု ဆို

ထိုင်းနိုင်ငံ၊ စမွတ်စခွန်၊ မဟုာချိုင်မှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ မြန်မာသီးသန့် ဘား၊ ကာရာအိုကေနဲ့ ဘိလိယပ်ခုံတို့ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးခဲ့ကြတယ်လို့ ထိုင်းသတင်းဌာန Khaosod English ကနေ ဖော်ပြထားပါတယ်။
Read More

မလေးရှားရောက် ချင်းဒုက္ခသည်များ UNHCR ကို ဆန္ဒပြ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲများ ပြင်းထန်နေချိန် တရုတ်ခေါ်တွေ့ပြီး အပစ်ရပ်ရန် ပြော… နောင်ချိုကို လက်လွှတ်မှာမဟုတ်ဘဲ ကဏ္ဍပေါင်းစုံမှ ခုခံကာကွယ်ဖို့ ပြင်ဆင်နေဟု TNLA ပြော

"သြဂုတ်လမှာ ဆွေးနွေးဖို့ကတော့ ယတိပြတ်ပြောဖို့ စောပါသေးတယ်။ ဘာလို့ဆို အချိန်က ၂ လလော​က် ကျန်ပါသေးတယ်။ ရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ တဖက်နဲ့ တဖက် ထိုးစစ်ဆင်မှုတွေ မပြုလုပ်ဖို့၊ အရပ်သားတွေရဲ့ စားဝတ်နေရေးတွေ ပြေလည်အောင်ဆောင်ရွက်ဖို့ ဒါကတော့ ကျမတို့ရဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ လာမယ့် သြဂုတ်လမှာ တွေ့ဆုံမှုကတော့ သက်ရောက်မှုက ဘယ်လိုရှိနိုင်မလဲ မပြောတတ်သေးဘူးပေါ့နော်" လို့ လွေးယေဦးက ပြောပါတယ်။