စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ထဲကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

မုံရွာ နမခ ကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေဟာ ချောင်းဦးမြို့နယ် နတ်ရေကန်အနီးမှာ တစ်ညအိပ် စခန်းချပြီးတဲ့နောက် နိုဝင်ဘာ ၂၀ ရက်ညမှာ မြင်းမူဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းနဲ့ ပေါင်းစည်းသွားခဲ့ပါတယ်။ အဲဒီနောက် အင်အား ၁၅၀ ဝန်းကျင်နဲ့ စစ်ကြောင်း ၃ ကြောင်းခွဲကာ နတ်ရေကန်အနီးရှိ သန်းပင်ကန်ရွာ အနီးတဝိုက်ကို စစ်ကြောင်းထိုးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေဟာ သန်းပင်ကန်ရွာက အမျိုးသားတစ်ယောက်ကို သတ်ကာ နတ်ရေကန်ဂိတ်ကို ပြန်ဝင်သွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် မနက်မှာ သန်းပင်ရွာထဲကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှင်းလင်းရေးလုပ်ချိန် ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။

“ဘယ်လိုအသတ်ခံလိုက်ရလဲ ဆိုတာတော့ တိတိကျကျ မသိရသေးဘူးဗျ။ ဒီမနက်ပဲ နယ်မြေရှင်းလင်းရေးလုပ်မှ အလောင်းကိုတွေ့တာ။ အမျိုးသားပေါ့။ ဘယ်အချိန်မှာ သတ်သွားလဲဆိုတာတော့ မသိရဘူး။ ဓားဒဏ်ရာနဲ့ ဆုံးသွားတာ” လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်သားတွေ နတ်ရေကန်ဂိတ်ကို ပြန်ဝင်သွားတဲ့ဆိုပေမယ့် အကုန်ဝင်ရောက်သွားတာမျိုး မဟုတ်တဲ့အတွက် သန်းပင်ကန်ရွာ အပါအဝင် အနီးနားကျေးရွာတွေက ဒေသခံတွေ ထွက်‌ပြေးတိမ်းရောင်နေရတယ်လို့ ဆိုပါတယ်။

“အဲ့နားမှာ စစ်ကြောင်းကရှိနေဆဲ။ အင်အားအကုန်ထွက်သွားခြင်း မရှိဘူး၊ လောလောဆယ် ကျေးရွာ ၅ ရွာ ဝန်းကျင် ရှောင်ရတယ် မရှောင်ရတဲ့ရွာတွေကလည်း စစ်ကြောင်းအခြေအနေကို သတိထားနေရတဲ့ အခြေအနေ၊ ထိတွေ့မှုတော့မရှိသေးဘူး။ စစ်ရေးအခြေအနေက တင်းမာနေတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ချောင်းဦးမြို့နယ်အတွင်း နတ်ရေကန်ရွာနဲ့ ဘလွေရွာဘက်မှာရှိတဲ့ ရွာချင်းဆက်လမ်းပိုင်းတွေကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ကိုလည်း တော်လှန်ရေးတပ်တွေက နိုဝင်ဘာ ၂၁ ရက် ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မှာ ကျောင်းကျန်းမာရေးဟောပြောခြင်းနဲ့ လေကြောင်းအန္တရာယ် အသိပညာပေး ပြောကြားခြင်းပြုလုပ်

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ ရန်ကုန်အခြေစိုက်တက္ကသိုလ် ကျောင်းသားသမဂ္ဂများ ( တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ကျောင်းကျန်းမာရေးဟောပြောခြင်း၊ ကျောင်းသား ကျောင်းသူတွေကို သန်ချဆေး တိုက်ကျွေးခြင်းတွေ ပြုလုပ်ခဲ့ပြီး လေကြောင်းအန္တရာယ် အသိပညာပေး ဟောပြောခြင်း၊ မျှဝေခြင်းတွေကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကော်မရှင်၏ ရွေးကော်အဖွဲ့ဝင်များကို အကြမ်းဖက်သမားများအဖြစ် NUG ကြေညာ

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ထုတ်ပြန်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ၂၅ ယောက်ကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာလိုက်ပါတယ်။
Read More

ရေးမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ဦး သေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့က အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ၊ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်လမ်းပိုင်းကို ပိတ်ဆို့ဖို့ ကြိုးစားတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ အထက်မင်းလှမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်က ၁၀ ယောက်သေ…

ရခိုင်ပြည်နယ်၊ အမ်းမြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေအပါဝင် ပုသိမ်-မုံရွာ လမ်းပိုင်းကိုပါ ပိတ်ဆို့ဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကွေးတိုင်း၊ သရက်ခရိုင် ၊ အထက် မင်းလှမြို့နယ်မှာ ၂ ရက်ဆက် ထိတွေ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။
Read More

NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေအပါအ၀င် တော်လှန်ရေးအင်အားစုတွေနဲ့ အညာဒေသမှာ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်မယ်လို့ BPLA အသိပေး

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က အညာဒေသမှာ အခြေစိုက်တဲ့အခါ NUG ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံ PDF တပ်ဖွဲ့တွေအပါအ၀င် တခြားသော အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးကို အောင်မြင်အောင် ဆောက်ရွက်မယ်လို့ BPLA  ရဲ့ တပ်ဖွဲ့ကွပ်ကဲရေးမှူး မောင်ဆောင်းခက ပြောကြားလိုက်ပါတယ်။
Read More

ငလျင်ဒဏ် ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေ၊ ချောင်းဦးမှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနှင့် ဗုံးသီးကြဲချတိုက်ခိုက်နေ

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ချောင်းဦး ၊ မုံရွာ စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်လို့ မြင်းမူမြိုနယ်သတင်းမှန်ပြန်ကြားရေးက မနေ့က ထုတ်ပြန်ပါတယ်။