အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့ သူ့ရဲ့ လက်ဝေခံတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ပိုမိုကျယ်ပြန်အောင် လုပ်ဆောင်နေပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနဲ့ ယဥ်ကျေးမှုရေးရာ ကော်မတီ (တတိယကော်မတီ) မှာ “မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏ လူ့အခွင့်အရေးအခြေအနေ” ဆုံးဖြတ်ချက် အဆိုမူကြမ်း အတည်ပြုဆုံးဖြတ်တဲ့ အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်တပ်နဲ့ အစွယ်အပွား လက်ဝေခံတွေဟာ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးဝါး ကုန်ကူးမှုတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းတွေအတွက် လုံခြုံတဲ့ ခိုလှုံရာ ရပ်ဝန်းတွေ ပိုမိုကျယ်ပြန့်လာစေဖို့ ဖန်တီးလုပ်ကိုင်ပေးနေတယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။

အဆိုပါ နယ်စပ်ဖြတ်ကျော်မှုခင်းတွေရဲ့ ကြီးမားတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေဟာ မြန်မာရဲ့ အိမ်နီးချင်းနိုင်ငံတွေသာမက ဒေသတွင်းနဲ့ ဒေသတွင်းကို ကျော်လွန်ကာ တခြားသော နေရာဒေသအနှံ့ကို ကူးစက်ပျံ့ပွားပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူတွေကို အကြောက်တရား ရိုက်သွင်းနေတဲ့ စစ်အုပ်စုလက်အောက်မှာ မြန်မာနိုင်ငံဟာ စီးပွားရေး ကျဆင်းဆုတ်ယုတ်ကာ လူဦးရေ ထက်ဝက်ကျော်က ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်ကို ရောက်နေကြောင်း၊ တရားဥပဒေစိုးမိုးရေး ပြိုလဲကာ အကျင့်ပျက်ခြစားမှုတွေ တိုးပွားလာနေပြီး စစ်အုပ်စုက ပြစ်ဒဏ်ကင်းလွတ်ခွင့် ကျယ်ပြောသည်ထက် ကျယ်ပြော၊ နက်နဲသည်ထက် နက်နဲလာနေကြောင်း ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစ်စတပ်ဟာ သူတို့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖျောက်ဖျက်နိုင်ဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုကနေ ရှောင်လွှဲနိုင်ဖို့အတွက် အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး အဆိုပါ ရွေးကောက်ပွဲအတုကို နိုင်ငံတကာက ပြင်းထန်စွာ ကန့်ကွက်ပယ်ချဖို့လည်း သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံအားလုံးကို တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

အနောက်အုပ်စုအကူအညီများ လျှော့ချခြင်းက အရှေ့တောင်အာရှအတွင်း တရုတ်လွှမ်းမိုးမှုကို တိုးလာစေ

ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

ပိတ်ဆို့မှုတွေ ရှောင်ရှားပြီး နိုင်ငံတချို့ စစ်ကောင်စီကို လေယာဉ်ဆီ တင်သွင်းပေးနေ

နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီရဲ့ လေယာဉ်ဆီတင်သွင်း ဖြန့်ဖြူးရေးအပိုင်းမှာ အဓိက ပါဝင်နေတဲ့ မြန်မာ့ရေနံဓါတုလုပ်ငန်း (MPE)နဲ့ ဆက်ဆံရေး အားလုံးကို ချက်ချင်းရပ်ဆိုင်းပေးဖို့  Blood Money  အဖွဲ့က တောင်းဆိုလိုက်ပါတယ်။  
Read More

မြန်မာအနေဖြင့် နယ်ကျော်ရာဇဝတ်မှုများ ဖြေရှင်းရန် အာဆီယံ လိုလား

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနေတဲ့ နယ်ကျော်ရာဇဝတ်မှုပြဿနာကို မြန်မာအနေနဲ့ ဖြေရှင်းဖို့ အာဆီယံက လိုလားကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောကြားလိုက်ပါတယ်။
Read More

အရုပ်ကောက်စက်ပိုင်ရှင်ကို အရုပ်ကောက်ပြခိုင်းရာ အရုပ်မရသည့်အတွက် လောင်းကစားဥပဒေဖြင့် အမှုဖွင့်အရေးယူ

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်ရှေ့က အရုပ်ကောက်ဆိုင်ကို ချင်းမိုင်မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ညွှန်ကြားချက်နဲ့ လောင်းကစားဆိုင် နှိမ်နင်းရေးအဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ Chiangmai News က သတင်းဖော်ပြပါတယ်။
Read More

မင်းအောင်လှိုင် ဆိုတာ ဒီမိုကရေစီ အစပျိုးပေးမည့်သူ မဟုတ်၊ ရက်စက်ကြမ်းကြုတ်မှု၏ ပြယုဂ်သာ ဖြစ်သည်ဟု SAC-M ပြော

အာဏာသိမ်းစစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးနေသယောင် ဟန်ဆောင်နေပေမယ့် တကယ်တမ်းမှာ ပြည်သူတွေကို ရက်စက်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်သမားသာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာ့အရေး ကမ္ဘာက အာရုံစိုက်စေဖို့ မြန်မာဝတ်စုံဖြင့် မာရသွန်ပြေးကာ ဂင်းနစ်စံချိန်တင်ခဲ့သူ

သြစတြေးလျနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Sydney Marathon 2025 ပြိုင်ပွဲမှာ ဒေါက်တာ မြင့်မိုရ်ဦးက မြန်မာရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပန်းဝင်တဲ့အထိ ပါဝင်ကာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။