ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်တွင် မင်္ဂလာဆောင်တစ်ခုကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ညီအစ်မ ၃ ယောက်ထဲက ၁ ယောက် သေဆုံးခဲ့ပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက် ဒီမနက် ၉ နာရီလောက်မှာ ထိတွေ့ပစ်ခတ်မှုမရှိဘဲ အကြမ်းဖက်စစ်တပ်က ရေအိုစဥ်ရွာအုပ်စု၊ သရက်တောကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးသီး ၁ လုံး ကြဲချခဲ့ရာ ညီအစ်မတွေထဲက အကြီးဆုံးဖြစ်တဲ့ ၁၆ နှစ်အရွယ် မချမ်းမီမီအောင် သေဆုံးခဲ့ပြီး အသက် ၁၀ နှစ်အရွယ် အမွှာလေးတွေဖြစ်တဲ့ မယွန်းမီမီအောင်နဲ့ မယွန်းမီမီဇော်တို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ဘာကြောင့် ဒရုန်းနဲ့ ကြဲလဲဆိုတာတော့ မသိရဘူး။ မင်္ဂလာဆောင်ကို လာကြဲတာ၊ ဒါကို ဘေးအိမ်ကို ထိသွားတာ။ လက်ရှိ ရွာသားတွေကတော့ အနည်းငယ် ရှောင်တိမ်းတာမျိုးတော့ ရှိတယ်။ သရက်တောရွာက အခုလို ဒရုန်းနဲ့ ကြဲချခံရတာ ပထမအကြိမ်ပါပဲ” လို့ အုတ်တွင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အဆိုပါ မင်္ဂလာဆောင်ဟာ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ယောက်ယောက်ရဲ့ မင်္ဂလာပွဲ မဟုတ်ဘဲ အရပ်သားပြည်သူတွေ ပြုလုပ်တဲ့ပွဲဖြစ်ပြီး စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေး ၂ ယောက်လည်း ဆေးကုသမှုခံယူနေကာ စိုးရိမ်ရတဲ့အခြေအနေမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ဝိုင်းရွာက မင်္ဂလာဆောင်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲ့ မင်္ဂလာပွဲထင်ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ယောက် သေဆုံးကာ အမျိုးသား ၁ ယောက် ထိမှန်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်အုပ်စု ဗုံးကြဲမှုကြောင့် ထိမှန်ဒဏ်ရာရခဲ့သည့် ၁၀ နှစ်အရွယ် အမြွှာညီအစ်မ (ဓာတ်ပုံ ဒေသခံ)

0 Shares:
You May Also Like
Read More

ပဲခူးရိုးမထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အယောက် ၄၀ သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်ထဲက ပဲခူးရိုးမအတွင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား အယောက် ၄၀ သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၅) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မုံရွာမြို့မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ ထွက်ခွာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ 𝐑𝐨𝐲𝐚𝐥 𝐓𝐢𝐠𝐞𝐫 𝐅𝐨𝐫𝐜𝐞 ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်​ေ
Read More

နောင်ချိုကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး ထပ်မံလာရောက်ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဘီးလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာသည့် စစ်အုပ်စု လက်နက်ကြီး ပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ယောက် သေပြီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

နိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှာ လိုအပ်တဲ့ UID ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးထားဟုဆို

နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ရာမှာ လိုအပ်တဲ့  UID (Unique ID) ကတ် အတုပြုလုပ်သူ ၂၃ ယောက်ကို ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

ဗန်းမော်မြို့နယ် စစ်ကောင်စီ အမှတ် ၄၇ ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်း ၂ခုကို KIA PDF ပူးပေါင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီး တိုက်ပွဲတွေ ပြင်းထန်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အခြေစိုက်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ် အမှတ် ၄၇ ခြေလျင်တပ်ရင်းရဲ့ အဓိကကျတဲ့ ကာကင်းစခန်း ၂ခုလုံးကို KIA PDF တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာလ ၄ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။