မန္တလေးတိုင်း၊ မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ဂိတ်နဲ့ စစ်သားတွေရေချိုးတဲ့ ကန်ကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက် ​သေဆုံးခဲ့တယ်လို့ Peacock Drone Team -Myaung တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ  ၂ ရက်ဆက် ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်တွေက Fixed Wings Drone ၁၀စင်းအထိ အသုံးပြုခဲ့တယ်လို့လည်း သိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နွားထိုးကြီးမြို့နယ်၊ ရွာကြီးရွာနဲ့ ရွာသစ်ရွာတွေမှာ ဂိတ်ချတပ်စွဲထားတာဖြစ်ပြီး ဂျမ်မာတွေပါ တပ်ဆင်ထားတာကြောင့် ဒရုန်း ၁ စင်း ဆုံးရှုံးခဲ့တယ်လို့ Peacock Drone Team -Myaung တာဝန်ရှိသူက ပြောပါတယ်။

ဒရုန်းဗုံးတွေဟာ အကြမ်းဖက်စစ်အုပ်စုတွေတပ်စွဲရာ နေရာနဲ့ ရေချိုးရာကန်တွေဆီ တိတိကျကျ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တိုက်ခိုက်မှုအပြီး အခင်းနေရာတွေဆီ လူနာတင်ကားတွေ ရောက်ရှိလာကာ ထိခိုက်သူတွေကို တင်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။

Peacock Drone Team နှင့် မဟာမိတ်များ ဒရုန်းစစ်ဆင်ရေး တခု လုပ်ဆောင်ခဲ့စဉ်က

“ဒရုန်း ၅ စင်းနဲ့ ဗုံးသီး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ၁၃ ရက်နေ့က စခနဲ့ ပျူ ၅ ကောင် ပွဲချင်းပြီးသေတယ်။ ၁၄ ရက်နေ့ကတော့ ဒဏ်ရာရတဲ့သူတွေကို ကားနဲ့ လာတင်ခေါ်သွားတယ်လို့ပဲ သိရတယ်။ ထိခိုက်သေဆုံးစာရင်း မရပါဘူး။ စခနယ်မြေဆိုတော့လေ။ ၁၄ ရက်နေ့ နောက်ထပ် ၅ စီးနဲ့ ထပ်ချတော့ ၁ စီး ဆုံးရှုံးခဲ့ပါတယ်။ ဂျမ်မာမိပြီး သူတို့နယ်မြေထဲ ကျသွားတာ။ ဒါပေမယ့် ဗုံးသီးတော့ ပစ်မှတ်ကိုကျခဲ့ပါတယ်” လို့  Peacock Drone Team -Myaung တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

အဆိုပါတိုက်ခိုက်မူတွေမှာ Peacock Drone Team-Myaung နဲ့အတူ ထနောင်းမြေစစ်ကြောင်း၊ JUSTICE WARRIORSတပ်ဖွဲ့နဲ့ မဟာမိတ် Droneတပ်ဖွဲ့တွေဖြစ်ကြတဲ့၊ Revolutionary Air Force၊ ဒေါင်းမင်းကြီး တပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်း ၊ လက်ရုံးတပ် 925 ပြောက်ကျားတပ်ဖွဲ့ (ငါးဇွန်)၊ M.D.F.Drone Myaung ကျားခင်စိန်နဲ့ အားမာန်သစ် ပြောက်ကျားတပ်ဖွဲ့တို့ ပါဝင်ခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

စဉ့်ကူးမြို့နယ်မှာ ကျေးရွာဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရရှိ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာ ဆေးရုံဝင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပြင်ဦးလွင်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းတုန်းတွင် စစ်အုပ်စုထိန်းချုပ်ရာ နယ်မြေထဲ ဝင်ရောက်ကာ စစ်တပ်ထုတ်ကုန်များကို စစ်ဆေးဖျက်ဆီးပြ၊ အတုအယောင် ရွေးကောက်ပွဲ မလုံခြုံကြောင်း သတိပေးခြင်းလည်းဖြစ်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ထုတ်ကုန်တွေ ရောင်းချနေတဲ့ မင်္ဂလာဦးကျေးရွာက ဆိုင်တချို့ကို သွား​ရောက်စစ်ဆေးရင်း ထုတ်ကုန်တွေကို ဖျက်ဆီးကာ ရောင်းချနေသူတွေကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ခဲ့တယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တာ၀န်ခံ ကိုဗဟိန်းက မောင်းကို ပြောပါတယ်။ 
Read More

ဖားကန့်၊ ထုံးဘိုကျေးရွာကို စစ်ကော်မရှင် ဒရုန်းဗုံးသီးဖြင့် တိုက်ခိုက်၊ ပြည်သူ ၂ ​ဦးသေပြီး ၁ ဦးဒဏ်ရာရ…

“၃ ဦးမှာ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေဟာ ပလုံကောက်ရောင်းနေရတဲ့ အခြေခံလူတန်းစားတွေပါ၊ ဘာထိတွေ့မှုမှမရှိပဲ ဒီအတိုင်းရမ်းသမ်းပစ်တာပါ၊ ဒဏ်ရာရတဲ့သူကတော့ အနည်းငယ် စိုးရိမ်ရပါတယ်”လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ် သက်တမ်းနှင့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်ဖို့ရှိမရှိ ဆက်ဆွေးနွေးမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးပြော

အာဆီယံအနေနဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းရေး အခြားအစီအစဉ်တွေနဲ့အတူ ရွေးကောက်ပွဲမှာ စောင့်ကြည့်ရေးအဖွဲ့ စေလွှတ်မလွှတ် ဆက်လက်ဆွေးနွေးသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က စနေနေ့မှာ ပြောပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှ ပြန်လာသည့် ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်းမှ ရဲဘော်များကို ဂုဏ်ပြုဆုငွေ ချီးမြှင့် (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း (နယ်စည်းမခြား တော်လှန်ရေးအင်အားစု) က ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ ဖြစ်တဲ့ ရှမ်းမန်းစစ်ဆင်ရေးကနေ ပြန်လာတဲ့ တပ်ရင်းမှ ရဲဘော်တွေကို ဇွန်လ ၂၅ ရက် မနေ့က ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Read More

ပဲခူးအနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များထံ ပျူ ၁ ဦးနှင့် စစ်သား ၂ ဦး အလင်းဝင်လာ

ပဲခူးအနောက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေထံကို ပျူစောထီး ၁ ယောက်နဲ့ စစ်သား ၂ ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အလင်းဝင်ရောက် ခိုလှုံလာတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။