မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းက ဒေသခံတွေဟာ အကြမ်းဖက်စစ်ကြောင်း ပြန်ထွက်သွားတဲ့အတွက် စစ်ရှောင်ရာကနေ နေအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် အိပ်မောကျနေချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက် မနက် ၁၂ နာရီလောက်မှာ စစ်တပ် ဂျက်ဖိုက်တာတစ်စီးက မြိုင်မြို့နယ်အနောက်ပိုင်း ကျေးရွာတစ်ရွာကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသခံ ၅ယောက် သေဆုံးကာ ၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း – မြိုင်ထံ က သိရပါတယ်။

“ဒဏ်ရာရတဲ့သူတွေထဲက ၆ ဦးကတော့ တော်တော်ကို ပြင်းပြင်းထန်ထန် စိုးရိမ်ရတယ်လို့ သိရတယ်။ ကျန်တဲ့သူတွေကတော့ အရမ်းကြီး စိုးရိမ်ရတာ မရှိဘူးလို့ သိရတယ်။ မြိုင်နယ်ဘက်ကို စစ်ကြောင်းက အကြာကြီးထိုးနေတာဆိုတော့ ကျနော်တို့ ညတွေမှာလည်း မအိပ်ရဘူးပေါ့။ အိပ်ရေးပျက်တဲ့အချိန်မှာ စစ်ကြောင်းက ပေါက်ဘက်ကို ရွေ့သွားပြီဆိုတော့ ကျနော်တို့ ပြည်သူတွေရဲ့အသိထဲမှာ စစ်ကြောင်းတော့ မရှိတော့ဘူးဆိုပြီးမှ အိပ်ရေးပျက်တဲ့ဒဏ်တွေနဲ့ စိတ်ချလက်ချ အိပ်မောကျနေတဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်တာလို့ ယူဆတယ်” လို့ အညာမြေ အရပ်ဖက်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၁၅ လုံးကျော် ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူတချို့လည်း လေကြောင်းအန္တရာယ် ကြောက်လန့်ကာ ထပ်မံထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

“သူတို့က ပြည်သူတော်တော်များများကို အုံလိုက်ကျင်းလိုက်နဲ့ သေစေချင်တဲ့ဆန္ဒနဲ့ လုပ်တာလို့တော့ ယူဆလို့ရတယ်။ လေကြောင်းကြဲခံရတဲ့ရွာတွေက စိုးရိမ်ထိတ်လန့်မှုတွေကတော့ အများကြီးဖြစ်သွားတာပေါ့။ ကြောက်လည်း ကြောက်စရာ တော်တော်ကောင်းပါတယ်။ ကံကြီးလို့သာ ကျန်တဲ့သူတွေက မသေကြာတာ။ တချို့ကတော့ ရွာထဲမှာ မနေကြဘဲ တောတွေထဲကို ရှောင်တဲ့သူတွေလည်း ရှိတော့ရှိတယ်။ ဒါပေမယ့် တချို့တဝက်လည်း ကိုယ့်အိမ်မှာပဲ ထိတ်ထိတ် လန့်လန့်ကို နေနေကြတဲ့ ပြည်သူတွေလည်း ရှိပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ နိုဝင်ဘာ ၃ရက်နေ့မှာ မြိုင်မြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်မှာတော့ ပေါက်မြို့နယ်ထဲကို ဝင်ရောက်သွားပြီလို့ သိရပါတယ်။ အဆိုပါ စစ်ကြောင်းတွေကို ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်ကြတဲ့လူတွေထဲမှာ အသက်အရွယ်ကြီးတဲ့ အဘိုးအဘွားတချို့ အအေးဒစ်ကြောင့် သေဆုံးတာမျိုးလည်း ရှိနေပါတယ်။

မြိုင်မြို့နယ် အနောက်ပိုင်းကို စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့ပုံ (ဓာတ်ပုံ အညာမြေအရပ်ဖက်အဖွဲ့အစည်း – မြိုင်)

0 Shares:
You May Also Like
Read More

ပခုက္ကူမြို့ရှိ စစ်ကောင်စီဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၂ ဦးနှင့် ပျူ ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်နဲ့ ပျူစောထီး ၁ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT)တပ်ဖွဲ့က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းမြန်မာနယ်စပ်ရှိ မော်ခီးစစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်များ ​ထိုးစစ်ဆင်တိုက်ခိုက်နေ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေဒေသက စစ်ကောင်စီရဲ့ မော်ခီးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

အောက်တိုဘာလ နှစ်ပတ်တာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ရ

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် အောက်တိုဘာလ နှစ်ပတ်တာအတွင်း တစ်နိုင်ငံလုံးမှာ အရပ်သားပြည်သူ ၇၀ကျော်သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်ငူတွင် စစ်ကြောင်းထိုး စစ်အုပ်စုများ ကြားဖြတ်တိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် သေဆုံးကာ လာလမ်းအတိုင်း ပြန်ဆုတ်သွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ‌မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကြားဖြတ်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ၁၀ ယောက်နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း ဝရဇိန်တပ်ဖွဲ့ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မတရားဖမ်းဆီးခံထားရသည့် အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသမှု မရ 

အင်းစိန်ထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ အလုပ်သမားအရေးလှုပ်ရှားသူ STUM ခေါင်းဆောင် ဒေါ်မျိုးမျိုးအေးဟာ လုံလောက်တဲ့ ဆေးဝါးကုသခွင့် မရဘူးလို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာ (STUM) က သတင်းထုတ်ပြန်ထားပါတယ်။ 
Read More

ဖားကန့်တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ဦးသေဆုံး ၊ ၁၂ ဦးဒဏ်ရာရ

ကချင်ပြည်နယ် ၊ ဖားကန့်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ဖြစ်ပွားနေတဲ့ တိုက်ပွဲ ၅ ရက်အတွင်း ဒေသခံ ၄ ယောက် သေဆုံးပြီး ၁၂ ယောက် ထိဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။