ကရင်အမျိုးသားအစည်းအရုံး KNU အနေနဲ့ ဒေသတွင်း အလျင်အမြန် ပျံ့နှံ့လာနေတဲ့ နိုင်ငံတကာဖြတ်ကျော် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို သတိထား နီးစပ်စွာ စောင့်ကြည့်နေခဲ့ပြီး အဆိုပါ ကျားဖြန့်လုပ်ငန်းတွေအပေါ် နိုင်ငံတကာရဲ့ တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုကြောင်း ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် နိုင်ငံတကာအနေနဲ့ ဒီလိုငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေး ကြိုးပမ်းမှုမှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်းလုပ်ကိုင်မယ်ဆိုရင် ထိရောက်မှုမရှိတဲ့အပြင် ပြည်သူလူထုအပေါ် မလိုလားအပ်တဲ့ ဆိုးကျိုးတွေ သက်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ အဆိုပါ ငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းတွေကနေ အကျိုးအမြတ်ရနေပြီး ငွေလိမ်ဂိုဏ်းတွေကို နိုင်ငံတကာနဲ့အတူ တိုက်ဖျက်မယ်လို့ အကြောင်းပြကာ နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေး ချဲ့ထွင်ဖို့၊ စစ်တပ်ရဲ့ အုပ်ချုပ်ရေး တရားဝင်မှုရရှိဖို့နဲ့ အင်အားအလွန်အကျွံ သုံးစွဲခြင်းအတွက် အခွင့်ကောင်းယူကာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လက် ပိုမိုကျူးလွန်မှာကို စိုးရိမ်မိတယ်လို့ KNU က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က ရွှေကုက္ကိုလ် KK Park မှာ ရှိတဲ့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို ဖြိုခွင်းမယ်လို့ ကြိုတင်သတင်းလွှင့် မောင်းထုတ်လိုက်တဲ့အခါမှာလည်း KNU အုပ်ချုပ်မှုနယ်မြေတွေထဲကို ထွက်ပြေးရောက်ရှိလာသူတွေဟာ အောက်ခြေသာမန်ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။ ရာဇဝတ်ဂိုဏ်း အကြီးပိုင်းတာဝန်ရှိသူတွေကို ကြိုတင်ရွှေ့ပြောင်းပေးထားပြီး သာမန် အငယ်ပိုင်း အောက်ခြေဝန်ထမ်းတွေကို အစီအစဥ်တကျမဟုတ်ဘဲ နှင်ထုတ်ဖြိုခွင်းခြင်းဟာ ပြဿနာရဲ့ အရင်းခံ အကြောင်းတရားကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ နယ်စပ်ဒေသ မတည်ငြိမ်မှုတွေကို ပိုဆိုးစေနိုင်တယ်လို့ ဆိုပါတယ်။

KNU အနေနဲ့ နိုင်ငံဖြတ်ကျော် ငွေလိမ်လည်မှုနဲ့ ဆက်စပ်ရာဇဝတ်မှုတွေကို တားမြစ်တိုက်ဖျက်ရေး၊ ထိုင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းမှုတွေမှာ ထိထိရောက်ရောက် ကူညီနိုင်ဖို့အတွက် KNU ရဲ့ အဆင့်မြင့်ခေါင်းဆောင်တွေ ပါဝင်တဲ့ အထူးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး မြေပြင်က တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းအနေနဲ့ လူကုန်ကူးခံရသူတွေ၊ ငွေလိမ်ဂိုဏ်းတွေမှာ အနိုင်ကျင့် အမြတ်ထုတ်ခံရသူတွေအတွက် အကာအကွယ်ပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် တော်လှန်လှုပ်ရှားနေတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း KNU က တိုက်တွန်းတောင်းဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ရန်ကုန်တိုင်းအတွင်း ဧပြီလမှာ စစ်ရေးဖော်ဆောင်မှု ၉ ကြိမ် ပြုလုပ်ခဲ့ကြောင်း Operation Flame တပ်ဖွဲ့ ထုတ်ပြန်

ရန်ကုန်တိုင်းစစ်ရေးလှုပ်ရှားမှုတွေအနေနဲ့ ဧပြီလ ၁ လတာအတွင်း စစ်ရေးဖော်ဆောင်မှု စုစုပေါင်း ၉ ကြိမ်ပြုလုပ်ခဲ့တယ်လို့ Operation Flame တပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က စစ်ဆေးရေးဂိတ်ကို PDF က ဝင်ရောက်တိုက်ခိုက်

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ် မိုင်တိုင် ၃၁၉ က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို နွားထိုးကြီးPDF က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

KIA ထိန်းချုပ်နယ်မြေများတွင် စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၁၄ ဦးသေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေက အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာ တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၁၄ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
Read More

မအူပင်မြို့ပေါ် စစ်ကောင်စီ ပေါ်တာဆွဲမှုကြောင့် ညဘက် လမ်းဘေးဈေးဆိုင်တွေလည်း ဝယ်ယူစားသုံးသူ မရှိသလောက်ဖြစ်နေ

ဧရာဝတီတိုင်း၊ မအူပင်မြို့ပေါ်မှာ အကြမ်းဖက်စစ်တပ် ပေါ်တာဆွဲမှုတွေ ရှိနေပြီး ညဘက် လမ်းဘေးဈေးဆိုင်တွေမှာ ဝယ်ယူစားသုံးသူ မရှိသလောက် ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ကျားဖြန့်ဆိုတာ ဘာမှန်းသေချာမသိကြောင်းနှင့် မိမိ လုံး၀မပတ်သက်ကြောင်း စောချစ်သူ ငြင်းဆို

ကျားဖြန့်လုပ်ငန်းတွေနဲ့ မိမိဟာ လုံး၀ပတ်သက်ခြင်းမရှိဘူးလို့  ကရင်နယ်ခြားစောင့်တပ် (BGF/KNA) အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက ပြောပါတယ်။
Read More

စစ်ကောင်စီ ယာယီအပစ်ရပ်သည့်ကာလအတိုင်း ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းမည်ဟု KIO ကြေညာ၊ စစ်တပ်အနေနဲ့ ကိုယ်ကြေညာထားသည့်အတိုင်း လိုက်နာဖို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် သတိပေး

အကြမ်းဖက်စစ်ကောင်စီက မနေ့က ညပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ယာယီအပစ်ရပ်ကာလ သတ်မှတ်ကြေညာချက်အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ - KIO က ရက် ၂၀ ကြာ အပစ်အခတ်ရပ်ဆိုင်းထားမယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာထားပါတယ်။