ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကပါ အရေးယူမှုတွေ ပြုလုပ်လာချိန်မှာ အကြမ်းဖက် မြန်မာစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တို့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွေကုက္ကိုလ်မှာရှိတဲ့ ငွေလိမ်ဂိုဏ်းတွေကို အယောင်ပြ နှိမ်နင်းမှုတွေ လုပ်ဆောင်လာနေပါတယ်။

ဒါပေမယ့် တကယ်တမ်း ငွေလိမ်ဂိုဏ်း ပြဿနာတွေရဲ့ အဓိက တရားခံဟာ အာဏာသိမ်းစစ်တပ် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောကြားလိုက်ပါတယ်။

“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်လက်အောက်ခံ နယ်‌ခြားစောင့်တပ်တွေဟာ ရာဇဝတ်လုပ်ငန်းတွေကို အာဏာသိမ်းစစ်တပ်ရဲ့ အကာအကွယ်နဲ့ ပြန်လည်လုပ်ကိုင်ခဲ့တဲ့အတွက် လက်ရှိအကြပ်အတည်းတွေရဲ့ အဓိက တရားခံဟာ အကြမ်းဖက်စစ်တပ်သာဖြစ်ကြောင်း ပြောကြားလိုပါတယ်” လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုပါတယ်။

ဒီနေ့မှာ ပြုလုပ်တဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” အစီအစဥ်မှာ ကျားဖြန့်ပြဿနာတွေနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် စစ်တပ်က ငွေကြေးလိမ်လည်မှုစင်တာတွေကို အယောင်ပြ ဖြိုခွင်းပြီး ကရင်ပြည်နယ်အတွင်း အခြားနေရာတွေကို ပြောင်းရွှေ့နေရာချထားနေတယ်လို့လည်း ဆိုပါတယ်။
“နိုင်ငံတကာက ဆိုက်ဘာလိမ်လည်မှုတွေကို နှိမ်နင်းဖို့ ကြိုးစားလာတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ KK Park လို ငွေကြေးလိမ်လည်မှုစင်တာကို အ‌ယောင်ပြဖြိုခွင်း သက်သေခံ ဖျောက်ဖျက်ပြပြီး ကရင်ပြည်နယ်ရဲ့ အခြားသောနေရာ ၂နေရာကို ပြောင်းရွှေ့ပြီး ငွေကြေးလိမ်လည်မှုစင်တာတွေကို ပြန်လည် လည်ပတ်နိုင်ိဖု့ စီစဥ်နေတာကို ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အထူးသတိထား စောင့်ကြည့်လျက်ရှိပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ ငွေလိမ်ဂိုဏ်းခေါင်းဆောင်တွေကို ထိုင်းနဲ့ တရုတ်တို့က ဖမ်းဆီးတရားစွဲဆိုဖို့ လုပ်ဆောင်တာ၊ အမေရိကန်နိုင်ငံက ကျားဖြန့်နှိမ်နင်းဖို့ (Scam Center Strike Force) ဖွဲ့စည်းတာ၊ ရာဇဝတ်အဖွဲ့အစည်းတွေကို စီးပွား‌ရေးဆိုင်ရာ ပိတ်ဆို့အရေးယူတာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့အတွက် အမေရိကန် ဘဏ္ဍာရေးဌာနက ကြေညာခဲ့တာ စတဲ့ လုပ်ဆောင်မှုတွေ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေကို NUG အနေနဲ့ ကျေးဇူးတင် အသိအမှတ်ပြုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ – NUG/TheReporters
0 Shares:
You May Also Like
Read More

မြိုင်နဲ့ ပေါက်နယ်အစပ်က သရက်ကန်ရွာကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲ၊ အရပ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အစပ်က သရက်ကန်ရွာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ယောက်သေပြီး ၃ ယောက် ထိခိုက်ကာ နေအိမ်တွေထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

PDF နဲ့ပြည်သူတွေ ပူးပေါင်းကျင်းပတဲ့ မိုးမိတ်မြို့က ကထိန်ပွဲ (ဓာတ်ပုံသတင်း)

ပြည်သူနဲ့ PDFရဲဘော်တွေ ပူးပေါင်းပြီး TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့မှာ ဘုံကထိန်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲခဲ့ကြပါတယ်။
Read More

တောင်ဥက္ကလာပ ထွေအုပ်ရုံး ဗုံးခွဲခံရမှုအတွင်း ထိခိုက်ခဲ့သည့် ရဲ ၂ ဦးနှင့် ဆယ်အိမ်မှူး ၁ ဦး စံပြဆေးရုံတင်ထားရ

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်က ထွေအုပ်ရုံး တိုက်ခိုက်ခံရမှုအတွင်း ဆယ်အိမ်မှူး ၁ ယောက်နဲ့ ရဲ ၂ ယောက် ထိခိုက်ခဲ့ပြီး စံပြဆေးရုံတင်ထားရကြောင်း မစ်ရှင်လုပ်ဆောင်ခဲ့တဲ့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဇူလိုင်လမှ အောက်တိုဘာလအထိ အကြမ်းဖက်စစ်အုပ်စုကြောင့် နိုင်ငံတစ်ဝန်း အမျိုးသမီး ၁၈၀ ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် ဇူလိုင် ၁ ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ ရက်ပေါင်း ၁၀၉ ရက်အတွင်း အမျိုးသမီး အယောက် ၁၈၀ သေဆုံးခဲ့ရာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ထိုင်းနိုင်ငံကို BIMSTEC ညီလာခံ တက်ရောက်ဖို့ ရောက်ရှိနေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်ကို ဆန့်ကျင်ကန့်ကွက်ကြဖို့ GSCB တိုက်တွန်း

"နိုင်ငံတကာအသိုင်းအဝိုင်းကို ခွေးတိုးပေါက်ကနေ ဝင်ဖို့ ကြိုးပမ်းနေတဲ့ မအလကို မောင်းထုတ်ကြစို့” ဆိုတဲ့ ခေါင်းစဥ်နဲ့ ထိုင်းအစိုးရက အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ်ပြုပြီး ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) အစည်းအဝေး ဖိတ်ကြားခဲ့တဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗန်းမောက်တွင် ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများစွာ ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက အရပ်သားတွေကို မြို့အတွင်းဓားစာခံအဖြစ် ပိတ်ထာကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။