ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကနေဒီတောင်ကို ချင်းညီနောင် (CB) က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ချင်းညီနောင်အဖွဲ့ဝင် PDF Zoland က သတင်းထုတ်ပြန်လာပါတယ်။

စစ်ကောင်မရှင်တပ်တွေဟာ ချင်းပြည်နယ်အတွင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ကနေဒီတောင်ကနေ CB တပ်ဖွဲ့တွေက ဆုတ်ခွာပေးခဲ့ရတာဖြစ်ပါတယ်။

အဲဒီနောက် CB ဘက်က စစ်ကော်မရှင်တပ်တွေကို ပြန်လည် စစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းကို PDF Zoland ကနေ လူမှုကွန်ရက်ကတဆင့် အသိပေးလာတာ ဖြစ်ပါတယ်။

“၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်မှစတင်ပြီး ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အလုံးအရင်းနှင့် ချီတက်လာသော စကမရွေ့လျားစစ်ကြောင်းများကို ဗျူဟာအရ ခေတ္တရှောင်ပေးခဲ့ပြီး ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ချင်းညီနောင်မှ နယ်မြေများကို ရန်သူ့ ခဲယမ်းများနှင့်တကွ ပြန်လည်ထိန်းချုပ်ရရှိခဲ့ပါသည်။” လို့ PDF-Zoland က ထုတ်ပြန်ထားတာပါ။

ပြန်လည်သိမ်းခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်တွေရဲ့ လက်နက်ခဲယမ်းတွေကိုလည်း ချင်းညီနောင် က သိမ်းဆည်းရရှိထားပြီး ကနေဒီတောင်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ ရုပ်သံဖိုင်ကိုလည်း မျှဝေသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကနေဒီတောင်စခန်းဟာ စစ်ရေးအရ အရေးပါတဲ့ စစ်စခန်းဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့ကြားမှာ တည်ရှိတဲ့ တောင်လည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ ချင်းပြည်နယ် မြောက်ပိုင်းကို ပြီးခဲ့တဲ့ အောက်တို့ဘာလကုန်ပိုင်းကတည်းက မြေပြင်သာမက လေကြောင်း ပစ်ကူတွေပါ အသုံးပြုပြီး စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲ ပထမပိုင်းထဲမှာ ချင်းပြည်နယ်ထဲက မြို့နယ်တွေဖြစ်တဲ့ တီးတိန်နဲ့ ဟားခါးတို့ ပါဝင်နေတာကြောင့် အခုလို စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

PDF များအကြောင်း လိုက်လံစုံစမ်းပြီး စစ်မှုထမ်းကြေး ပိုက်ဆံကောက်သည့် ပျူစောထီး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ PDF တပ်ဖွဲ့တွေအကြောင်း၊ ထောက်ပို့တွေအကြောင်း လိုက်လံစုံစမ်းနေတြ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် (၁) တပ်ရင်း ၃၈၀၁၊ တပ်ခွဲ (၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရန်-မန်း စစ်ဆင်ရေးအတွက် မန္တလေးက အလယ်ပိုင်းတိုင်းစစ်ဌာချုပ်ကို ရှော့တိုက်ဒုံး ပစ်ခတ်တိုက်ခိုက်

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရန်-မန်းစစ်ဆင်ရေးအဖြစ် ရှော့တိုက်ဒုံးတွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်မှုမှာ ထိခိုက်ပေါက်ကွဲတာတွေရှိနိုင်ကြောင်း Operation Flame (OF) အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

နိုင်ငံ၏ အရှုပ်အထွေးများကို ဖြေရှင်းရန် စီမံချက်များ အသင့်ရှိနေပြီဟု စစ်ထွက်အများစု ပါဝင်သည့် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ ပြော

နိုင်ငံကို ပြန်လည်တည်ဆောက်ရေးနဲ့ နိုင်ငံထဲက အ‌ရှုပ်အထွေးတွေကို ဖြေရှင်းဖို့ ခိုင်မာတဲ့ စီမံချက်တွေ ကြံ့ခိုင်ရေးပါတီ (USDP) မှာ ရှိတယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးခင်ရီက ပြောဆိုလိုက်ပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့ ထွေအုပ်ရုံးအပါအဝင် ဌာနဆိုင်ရာရုံးများအား တော်လှန်ရေးတပ်များမီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် အကြမ်းဖက်စစ်တပ်ရုံးတွေကို တော်လှန်ရေးတပ်တွေက စီးနင်းမီးရှို့ခဲ့ပြီး မြို့ကို ရရှိဖို့အတွက် ဆက်လက်ပိတ်ဆို့ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ရက်နေ့ကစလို့ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်အတွင်းက စစ်အုပ်စုစခန်းတွေကို တော်လှန်ရေးတပ်တွေ စတင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီဇင်ဘာလ ၂၅ရက်နေ့မှာတော့ မြို့ကို အပြီးသတ်တိုက်ခိုက်သွားဖို့ရှိတယ်လိုဆိုပါတယ်။
Read More

မန္တလေးမြို့တွင် ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းမဲပြန်နှိုက်ရန် စစ်ကောင်စီ အတင်းအကြပ် လုပ်ဆောင်နေ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ရပ်ကွက်တိုင်းလိုလိုမှာ အကြမ်းဖက်စစ်တပ်က ရပ်ကွက်နေပြည်သူတွေကို စစ်မှုထမ်းမဲနှိုက်တာတွေ ပြန်လည်လုပ်ဆောင်ခိုင်းနေပြီး မဲစာရင်းထဲမှာ သေဆုံးသူတွေနဲ့ စစ်သား၊ ရဲတွေပါ ပြန်နှိုက်​​နေရတယ်လို့ Voice Of Mandalay ဆီက သိရပါတယ်။
Read More

ရိက္ခာရှာတဲ့ စစ်သားတွေကို ကြားဖြတ် တိုက်ခိုက်၊ ၃ ယောက်သေ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကနေ ရိက္ခာရှာ ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ လျှပ်စီးမုန်တိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) ထံက သိရပါတယ်။