အလည်အပတ် နိုင်ငံကူးလက်မှတ် PV နဲ့ ပြည်ပသွားရောက်အလုပ်လုပ်သူတွေကို လုံး၀ ထွက်ခွာခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက အောက်တိုဘာ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
PV ပက်(စ်)ပို့ ကိုင်ဆောင်သူတွေကို အလုပ်အကိုင်နဲ့ ပြည်ပထွက်ခွင့်ပြုမှုကို ကန့်သတ်လိုက်ကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လက ထုတ်ပြန်ခဲ့ပြီးနောက် အခုလို ဒုတိယအကြိမ်မြောက် ထုတ်ပြန်လာခြင်း ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို အလုံးအရင်းနဲ့ ထွက်ခွါနေကြပြီး PV ကိုင်ဆောင်ကာ ပြည်ပကိုသွားရောက် အလုပ်လုပ်ကိုင်သူတွေများပြားလာတာကြောင့် စစ်ကောင်စီက ပိုမိုကန့်သတ်တင်းကြပ်လာခြင်းလည်း ဖြစ်ပါတယ်။
PV ကိုင်ဆောင်ပြီး ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ ရည်ရွယ်သူတွေအနေနဲ့ လေဆိပ်မှာ တားဆီးခံရရင် လေယာဉ်လက်မှတ်ဖိုး ဆုံးရှုံးနိုင်တယ်လို့လည်း စစ်ကောင်စီက ရေးသားထားပါတယ်။
ပြည်ပမှာ သွားရောက်လုပ်ကိုင်မယ့် သူတွေအနေနဲ့ ဥပဒေနဲ့အညီ မှတ်ပုံတင်ခြင်း၊ ပြည်ပအလုပ်အကိုင်အတွက် နိုင်ငံကူးလက်မှတ် Passport for Job-PJ လျှောက်ထားရယူခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် OWIC လျှောက်ထားခြင်းတွေ လုပ်ဆောင်ရမယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ တင်းကြပ်မှုတွေကြောင့် ပြည်ပကို အလည်အပတ်ဗီဇာနဲ့ လေဆိပ်ကနေ အဆင်ပြေစွာ ထွက်ခွာခွင့်ရရှိရေး VIP Service ဟာ ငွေကျပ် သိန်း ၂၀ ကနေ သိန်း ၅၀ အထိ ပေါက်ဈေးရှိနေပြီး လ၀က နဲ့ လေဆိပ်ဝန်ထမ်းတွေအကြား အကျင့်ပျက်ခြစားမှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေက ဆိုပါတယ်။
အထောက်အထားအပြည့်အစုံနဲ့ ပြည်ပကို အလည်အပတ်သွားရောက်မယ့်သူ တချို့တောင် လေဆိပ်ကနေ လှည့်ပြန်ရတဲ့ ဖြစ်စဉ်တွေ ရှိနေကြောင်း သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် လူငယ်လူရွယ်အများစုဟာ ကိုယ့်နိုင်ငံကို စွန့်ခွါပြီး ပြည်ပမှာ နေထိုင်လုပ်ကိုင်ဖို့ ပြင်ဆင်နေကြတာလည်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

အပစ်ရပ်ကာလအတွင်း နောင်ချိုတွင် စစ်ကောင်စီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ နေ့စဉ် ရှိနေ

အာဏာသိမ်းစစ်ကောင်စီဟာ ဟန်ပြအနေနဲ့ မေလကုန်အထိ အပစ်ရပ် သက်တမ်းတိုးထားပေမယ့် တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ ဒေသတွေမှာ မြေပြင်ထိုးစစ်ဆင်မှုတွေ၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဟားခါးမြို့ပေါ်က ရဲတစ်ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ…

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

KIO နဲ့ NUG တို့တည်ထောင်ထားတဲ့ တက္ကသိုလ်ကနေ ဘွဲ့ရရှိသူ ၅၀၀ ကျော်ကို မွေးထုတ်ပေးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် KIO တို့ ပူးပေါင်း တည်ထောင်ထားတဲ့ ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် KSCU မှ ဘွဲ့ရရှိသူ ၅၀၀ ကျော်အထိ ရှိသွားပြီဖြစ်ပါတယ်။
Read More

အုတ်ဖိုတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူခေါင်းဆောင် ပစ်ခတ်ခံရ၊ အုပ်ချုပ်ရေးမှူး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးခေါင်းဆောင်တို့ကို သွားရောက်ပစ်ခတ်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅၊ Black Tiger ပြောက်ကျားတပ်ဖွဲ့က မောင်းကို ပြောပါတယ်။
Read More

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းအခြေစိုက် ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က စိုးမိုးနယ်မြေအတွင်းရှိ စစ်ဘေးရှောင်စာသင်ကျောင်းတွေနဲ့ မိုင်းထိပြည်သူတစ်ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် အစပ်မှာရှိတဲ့ ဗေဒါဂိတ်စခန်းနဲ့ ဒေါင်းချောင်းဂိတ်ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ ဂွမြို့နဲ့ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရိုးမကားလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့အရေးပါတဲ့ ဒေါင်းချောင်းဂိတ်စခန်းနဲ့​ ဗေဒါဂိတ်စခန်းတို့ကို ရခိုင့်တပ်တော် AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။