မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်အ‌တွင်းရှိ စစ်အုပ်စုဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ (YDF) တပ်ဖွဲ့ထံက သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနက် ၆ နာရီလောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက ကျောမြို့ ကပစ (၂၃) စက်ရုံသွားရာလမ်းရှိ အမှတ်(၂) ရွှေပင်ရွာ စစ်တပ်ဂိတ်ကို သွားရောက်ပစ်ခတ်ခဲ့ရာ ၁ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၁ ပွင့်ဗိုလ်တစ်ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ရွှေပင်ဂိတ်က တော်လှန်ရေးမစခင် အရင်ခေတ်ကောင်းကတည်းက ကျော(ကပစ-၂၃) ရဲ့ အ၀င်ဂိတ်ပါ၊ စကစအင်အားက ၂၀ လောက် ရှိတယ်၊ နောက်ဆုံးရ သတင်းအရတော့ တစ်ပွင့်ဗိုလ် တစ်ဦး ကျဆုံးတယ်လို့ သိရပါတယ်ဗျ” လို့ ယောကာကွယ်ရေးတပ်စစ်ဒေသရုံး ဦးဆောင်ကော်မတီ (YDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဂန့်ဂေါမြိုနယ် (ပကဖ) ဒုစစ်ရေးတာဝန်ခံ ဦးစီးပြီး ဂန့်ဂေါခရိုင် တပ်ရင်း အမှတ် (၁၈၊ ၁၉)၊ ယောကာကွယ်ရေးတပ် (YDF) မြေပြင်စစ်ဒေသရုံးချုပ်၊ ကျောမြို့ (ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ယောကာကွယ်ရေးတပ် (YDF) တပ်ဖွဲ့ဝင်များ

ပစ်ခတ်တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက် (မစိုးရိမ်) ဒဏ်ရာရခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် ကပစ (၂၃) ကနေ သံပြားကာ ကား ၃စီးနဲ့ စစ်တပ်ဘက်က စစ်ကူတွေ ရောက်လာသလို လက်နက်ကြီးတွေနဲ့လည်း ပစ်ကူပေးခဲ့တဲ့အတွက် တော်လှန်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ရွှေပင်ရွာရှိ နေအိမ်အလုံး ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီကျေးရွာတဝိုက် ရှိနေနိုင်သေးတဲ့အတွက် ရွှေပင်ရွာနဲ့ ပဲမစားရွာက ဒေသခံတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

“မီးရှို့ရတဲ့ အကြောင်းကတော့ သူတို့ဘက်က တစ်ပွင့်ဗိုလ် ကျဆုံးလို့ဆိုပြီး သိရတယ်။ ဖမ်းဆီးခံ ၆ ဦး ရှိပါတယ်။ အခုတော့ ပြန်လွတ်လာပြီ” လို့ အထက်ပါ တာဝန်ရှိသူက ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်မှု KNU တရားဝင်ထုတ်ပြန်

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ကရင်အမျိုးသားအစည်အရုံး - KNU က ဒီနေ့မနက်ပိုင်းမှာ တရားဝင်ထုတ်ပြန်လာပါတယ်။
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်သား ၆၀ ကျော် အရှင်ဖမ်းမိ…၊ စစ်တပ်က သေဆုံးသူနှင့် ထွက်ပြေးသူ ၄၀ ထက်မနည်းရှိ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၆၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မြိတ်ခရိုင် PDF အမှတ် ၂ တပ်ရင်း၏ ‎၇၈ နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ဇူလိုင်လ ၁၉ ရက်ဒီနေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပါတယ်။
Read More

တံတားဦးမြို့နယ် ပကဖ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ၊ မန္တလေးတိုင်း ၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ရဲ့ အပတ်စဥ် (၂) အခြေခံ စစ်သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ တံတားဦး ပကဖ က ထုတ်ပြန်ပါတယ်။
Read More

မော်လမြိုင်က တောင်ဝိုင်းတောင် ဖြိုတာကို ဝေဖန်သော ဘုန်းကြီးအား စစ်တပ်က နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်သည်ဟုဆိုကာ လူဝတ်လဲအမှုဖွင့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဇေတဝန်ကျောင်းတိုက် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော် ဦးစန္ဒာဇောတိ အပါအဝင် ၃ ဦးကို စစ်တပ်က ဖမ်းဆီးထားပြီး ဆရာတော်ကို လူဝတ်လဲကာ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် လှုံ့ဆော်မှုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့၊ ညနေပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆရာတော် သီတင်းသုံးရာ ဘုန်းကြီးကျောင်းကို လာရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အဲဒီကထဲက အဆက်အသွယ် ပြတ်နေတာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် ဒေသခံပြည်သူများ သွားလာနေသည့် စစ်ရှောင်လမ်းကို ရွှေဘို ပကဖ ပြုပြင်ပေး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ဒေသခံပြည်သူတွေ သွားလာနေတဲ့ ၁ မိုင်ကျော် အရှည်ရှိ အရေးပေါ်စစ်ရှောင်လမ်းကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ပြုပြင်ပေးခဲ့တယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။