မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်း၊ ယောနယ်အစပ် တလျှောက်က စစ်ရှောင်အရေအတွက်ဟာ သောင်းနဲ့ချီရှိနေပြီး ဆောင်းရာသီလည်း ဝင်လာပြီဖြစ်တာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ထံက သိရပါတယ်။

စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းထိုးမှုနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ဒေသခံတွေဟာ စစ်ရှောင်နေရာတာ ၂လကျော် ၃လနီးပါးအချိန်ကို ရောက်ရှိလာနေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

“ကလေးနယ်တောင်ပိုင်းနဲ့ ဂန့်ဂေါနယ်မြောက်ပိုင်းကြားဆို နေ့တိုင်းကို တိုက်ပွဲဖြစ်နေတာလေ။ မြေပြင်ရော ဝေဟင်ပါ ကြောက်နေရတာပေါ့။ ယောနယ်စပ်ဆိုလည်း အဲ့လိုပဲ။ အဓိကကတော့ ဝေဟင်ကို ကြောက်နေရတယ်” လို့ ယောအလင်းတန်းအဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စစ်ရှောင်တွေဟာ ဖုန်းလိုင်းတွေလည်း အဖြတ်ခံထားရသလို အင်တာနက်လိုင်းအခက်အခဲတွေ၊ သွားရေးလာရေး အခက်ခဲတွေကြောင့် အကူအညီတွေ မရဘူးဖြစ်နေတယ်လို့ သိရပါတယ်။

“ဒီဘက်တွေက အကူအညီတွေ မရပါဘူး။ ဒေသတွင်းမှာ မျှစားနေရတဲ့ အခြေအနေပါပဲ။ အဖွဲ့အစည်းတွေက ရောက်လာတယ်ဆိုတာ နည်းပါတယ်။ ပြည်ပရောက် ယောသူ၊ ယောသား အဲ့လောက်လေးပဲ အကူအညီတွေ ရောက်တာပါ” လို့ ဆိုပါတယ်။

(ဓာတ်ပုံ ယောအလင်းတန်း)

လက်ရှိမှာလည်း ကလေးတောင်ပိုင်းနဲ့ ဂန့်ဂေါနယ်မြောက်ပိုင်းကြားနေရာကို စစ်တပ်က Y12 လေယာဉ်နဲ့ လာရောက် ဗုံးကြဲနေတာ ၅ရက် ဆက်တိုက်ရှိနေပြီလို့ ဆက်ပြောပြပါတယ်။

“ဗုံးကြဲတာက နေ့စဉ်ရက်ဆက်မဟုတ်တောင် ၁ရက်ခြား ၁ခါလောက် လာကြဲနေတာ လချီကြာနေပြီ။ ကလေးတောင်ပိုင်းမှာဆို ကျေးရွာတွေထဲကို ကြဲချလို့ ထိခိုက်မှုတွေလည်း ရှိနေတယ်။ စစ်ရေးကလည်း တင်းမာနေတယ်” လို့ ယောအလင်းတန်းအဖွဲ့ တာဝန်ရှိသူက ဆိုခဲ့ပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိနေတာကြောင့် ထွက်ပြေးနေရတဲ့ သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေဟာ ဆောင်းရာသီလည်း ဝင်လာပြီဖြစ်တဲ့အတွက် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး၊ အနွေးထည်နဲ့ ခြုံစောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ဘုတလင်မြို့နယ်အတွင်း တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က mobile clinic နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူတွေဆီ ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ ထိုင်းကုန်ပစ္စည်းဖမ်းဆီးမှုတွေကြောင့် ပစ္စည်းအဝယ်ပါးကာ ကုန်ကားသမားတွေ အရှုံးပေါ်နေ…

အကြမ်းဖက်စစ်ကောင်စီကနေ အခုရက်ပိုင်းအတွင်းမှာ အခွန်မဲ့ ထိုင်းကုန်ပစ္စည်းတွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးလာတာကြောင့် ကုန်သည်တွေက ပစ္စည်းအဝယ်ပါးကာ ကုန်တင်ကားလုပ်ငန်း လုပ်ကိုင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
Read More

ကျန်းမာရေးစောင့်ရှောက်မှု မရရှိလို့ စစ်အာဏာသိမ်း ကာလအတွင်း အကျဉ်းသား ၁၀၀ ကျော်သေဆုံးခဲ့ရ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲ သေဆုံးခဲ့ရသူ ၁၀၀ ကျော်သွားပြီလို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်လိုက်ပါတယ်။
Read More

Southern Eagle PDF (P-P29909) တပ်ရင်းရဲ့ မြန်မာ့ရိုးရာ ဘုံကထိန်အလှူပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Southern Eagle PDF (P-P29909) တပ်ရင်းအနေနဲ့ တစ်နှစ်မှာ တစ်ကြိမ်သာ ပြုလုပ်လေ့ရှိတဲ့ မြန်မာ့ရိုးရာ ဘုံကထိန်အလှူပွဲ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
Read More

ညောင်ဦးတွင် အကြမ်းဖက်စစ်ကြောင်း၂ခုက ကျေးရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ကွန်မန်ဒို အကြမ်းဖက် စစ်ကြောင်းအပါအဝင် စစ်ကြောင်း ၂ခုက ကျေးရွာတွေကို အကြောင်းမဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ရန်ကြီးအောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-(ပုဂံ-ညောင်ဦး) ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

STUM ဦးဆောင်သူ အပါအဝင် အဖွဲ့ဝင် ၁၀ဦးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အလုပ်သမားအဖွဲ့အစည်းများ တောင်းဆို

မြန်မာနိုင်ငံမှာ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေးကို ဆောင်ရွက်နေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM) အဖွဲ့ရဲ့ ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး အပါအဝင် အဖွဲ့ဝင် ၁၀ ယောက်ကို စစ်ကော်မရှင်က ဖမ်းဆီးထားအမှုအပေါ် အမြန်ဆုံးပြန်လွှတ်ပေးဖို့ အရပ်ဘက် အလုပ်သမားအဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။