ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောမူတူးစေးဖိုးနဲ့ တပ်မဟာ (၆) ဒူးပလာခရိုင်ရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ စောရွှေမောင်းတို့ကို KNU ကနေ အပြီးတိုင် ထုတ်ပယ်လိုက်ပြီလို့ KNU ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ပဒိုစောတောနီးက အတည်ပြုပြောဆိုပါတယ်။

အဆိုပါ ဥက္ကဋ္ဌဟောင်းဖြစ်သူ ၂ယောက်ဟာ KNU အဖွဲ့အစည်းရဲ့ စည်းမျဉ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်နေတာကြောင့် အခုလို အဖွဲ့ထဲကနေ ထုတ်ပယ်လိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

“အတည်ပြုပါတယ်ခင်ဗျ။ အဖွဲ့အစည်းရဲ့ မူဝါဒကို သတိပေးနေတဲ့ ကြားထဲကပဲ အဖန်တလဲလဲ ကျူးလွန်ဖောက်ဖျက်ခဲ့လို့ပါခင်ဗျ” လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက မောင်းကို ပြောပါတယ်။

KNU က စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို တော်လှန်တိုက်ခိုက်မယ်လို့ ဆုံးဖြတ်ရပ်တည်ထားပေမယ့် ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနဲ့ စောရွှေမောင်းတို့ နှစ်ယောက်ကတော့ စစ်တပ်နဲ့ ပူးပေါင်းကာ စစ်အုပ်စုက ဖိတ်ခေါ်သမျှ ဆွေးနွေးပွဲတိုင်းကို တက်ရောက်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ စစ်တပ်က ဦးဆောင်ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ၁၀ နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ကြဖို့နဲ့ NCA ဟာ စက္ကူစုတ်သာဖြစ်တယ်လို့ KNU က သဘောထား ကြေညာခဲ့ပေမယ့် အထက်ပါ ဥက္ကဋ္ဌဟောင်းဖြစ်သူ နှစ်ယောက်က အဖွဲ့အစည်းရဲ့ သဘောထားကို သွေဖယ်ပြီး နေပြည်တော်ကို သွားရောက်ကာ စစ်တပ်ရဲ့ အခမ်းအနားကို တက်ရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

တွံတေး ပကဖ နှင့် Delta Phoenix Column စစ်ဆင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ တွံတေး) က မအူပင်ခရိုင်အမှတ် (၁)တပ်ရင်း၊ Delta Phoenix Column နဲ့အတူ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ဒီနေ့ မေလ ၁၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
Read More

ပုလဲမြို့နယ်မှာ စစ်ကိုင်းငလျင်နှင့် နွေဦးတော်လှန်ရေးအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများနှင့် ရဲဘော်များအတွက် ဆုတောင်းပွဲပြုလုပ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကိုင်းငလျင်နဲ့ နွေဦးတော်လှန်ရေးအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ ရဲဘော်တွေအတွက် ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးသင့်ပြည်သူတွေအတွက် မြို့နယ် ၄၆ မြို့နယ်မှာ NUG က ကျပ်သန်း ၅၂၇၅ သန်းကျော် ထောက်ပံ့လှူဒါန်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ငလျင်ဘေးသင့်ပြည်သူတွေအတွက် မြို့နယ် ၄၆ မြို့နယ်မှာ အိမ်ထောင်စု ၁၆၉၂၇ စု အတွက် ကျပ်သန်း ၅၂၇၅ သန်းကျော် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ပုပ္ပါးတောင် ဆက်သွယ်ရေးစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က တောင်တက်ခွင့် ပိတ်ပင်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဆက်သွယ်ရေးစခန်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်ဟာ ပုပ္ပါးတောင်ခြေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပုပ္ပါးတောင်တက်ခွင့်ကို ပိတ်လိုက်ကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။
Read More

မြင်းခြံမှာ စစ်ကောင်စီက အရပ်သား ၃ယောက်ကို ဖမ်းဆီးသတ်ဖြတ် အမှုဆင်ကာ နေအိမ်တွေပါမီးရှို့ခဲ့

"မနေ့က မနက်၇နာရီလောက်မှာ မြင်းခြံနယ်၊ ဖုံရွာကိုဝင်ပြီး ဒေသခံပြည်သူတွေကိုဖမ်းပြီး ပစ်သတ်သွားပါတယ်။ သေတဲ့သူတွေထဲ ၂ယောက်က ညီအစ်ကိုအရင်းပါ။ ရွာထဲ PDF ရှိတယ်ဆိုပြီး ဒလန်သတင်းပေးတော့ ဝင်ရှာတာမတွေ့တာနဲ့ ရှိတဲ့သူကို ဖမ်းပြီး လုပ်သွားတာပဲ။ အိမ်တွေလည်းမီးရှို့ခံလိုက်ရတယ်" လို့ ဒေသခံ ၁ယောက်က မောင်းကိုပြောပါတယ်။
Read More

KK Park အတွင်း အဆောက်အဦး ၁၀၀ ကျော် ဖောက်ခွဲဖျက်ဆီးပြီးကြောင်း မတတ်သာဘဲ ကျားဖြန့် ဟန်ဆောင်နှိမ်နင်းပြနေသည့် စစ်ကော်မရှင် ထုတ်ပြန်

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကျားဖြန့်လုပ်ငန်းတွေရှိရာ KK Park ထဲက လူတွေကို အာဏာသိမ်းစစ်တပ်က မောင်းထုတ်ပြီးတဲ့နောက် KK Park အတွင်း ဖောက်ခွဲမှုတွေ နေ့စဥ်လုပ်ဆောင်နေရာ အဆောက်အဦး ၁၀၁ လုံးအထိ ဖျက်ဆီးပြီးသွားပြီလို့ စစ်တပ်လက်အောက်ခံ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။