မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စစ်ကော်မရှင်တပ် ခလရ ၂၅၆ က တပ်သားတစ်ယောက်ဟာ အရက်မူးနေတဲ့ တပ်ကြပ်ကြီးရဲ့ သေနတ်ကိုပါ ယူဆောင်ကာ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနေ့ည ၇နာရီလောက်မှာ ခလရ ၂၅၆ က တပ်သား ဟိန်းထက်လင်းဟာ လုံခြုံရေးဂိတ်မှာ ညကင်းစောင့်နေချိန် သူကိုင်ဆောင်ထားတဲ့ သေနတ်နဲ့အတူ တပ်ကြပ်ကြီးတစ်ယောက်ရဲ့ MA3 သေနတ် ၁လက်ကိုပါ ယူဆောင်ကာ အလင်းဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

“တပ်သား ဟိန်းထက်လင်းပါ။ ပေါ်တာဆွဲတဲ့ ပစမဟုတ်ဘူး။ ကျနော်တို့ဆီ ဆက်သွယ်လာတာ ၁လလောက်ရှိပြီ။ အခုမှသာ အကျိုးကြောင်းတိုက်ဆိုင်လို့ ကျနော်တို့ဆီကို ဆက်သွယ်ပြီးတော့ ထွက်လာတာ.. ကျနော်တို့လည်း သွားခေါ်လိုက်တာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

လက်နက်နဲ့ အလင်းဝင်လာတဲ့ တပ်သား ဟိန်းထက်လင်းအတွက် ဂုဏ်ပြုငွေ သိန်း ၅၀ ချီးမြှင့်ခဲ့သလို အဆိုပါအလင်းဝင် တပ်သားကလည်း သူ့နေရပ်ဇာတိကို မပြန်တော့ဘဲ တော်လှန်ရေးတပ်ဖွဲ့နဲ့အတူ စစ်တပ်ကို ပြန်လည်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။

“အရင်လည်း ဒီလိုပဲ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ချင်လို့ ထွက်ပြေးဖူးတယ်။ ဒါပေမယ့်လည်း ချိတ်ဆက်မှုမရှိတဲ့အခါကျတော့ ပြန်ပြီးတော့ အဖမ်းခံရတယ်။ ဖမ်းပြီးတော့ အချုပ်ချတာတွေ သူခံရဖူးတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ ထံ အလင်းဝင်ရောက်သူ ပျူစောထီးနဲ့ စစ်ကော်မရှင်တပ်သားပေါင်း အယောက် ၇၀ ဝန်းကျင်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွေးကောက်ပွဲအတု မဲစာရင်းကြည့်သူမရှိသဖြင့် အိမ်တိုင်ရာရောက် တိုက်စစ်N

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာပြုလုပ်မယ့် အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို စိတ်ဝင်စားသူမရှိလို့ မဲစာရင်းစစ်ဆေးမယ့်သူ မရှိတဲ့အတွက် အိမ်တိုင်ရာရောက် မဲစာရင်းစစ်ဆေးနေကြောင်း ရန်ကုန်မြို့ခံ ပြည်သူတချို့က ပြောပါတယ်။
Read More

ရခိုင်တစ်ပြည်လုံးနီးပါး သိမ်းပိုက်ရန် လက်တစ်ကမ်းအလို ရောက်နေပြီဟု အပစ်မရပ်သေးသည့် ညီနောင်မဟာမိတ်အဖွဲ့ဝင် AA ထုတ်ပြန်၊ ရခိုင်ပြည်သူများ ယခင်ထက် နေ့ညမရွေး စစ်ရေးသတိရှိရန် အလေးအနက် တိုက်တွန်း

အကြမ်းဖက်စစ်တပ်အနေနဲ့ ရခိုင်ဒေသ တစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးရဖို့ လက်တစ်ကမ်းအလို ရောက်ရှိနေပြီဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်အုပ်စု မင်္ဂလာပွဲကျင်းပရာ အထိုင်စခန်းကို တော်လှန်ရေးတပ်များ ရော့ကတ်ဖြင့် ပစ်ခတ်တိုက်ခိုက်

"မင်္ဂလာပွဲက သူတို့အတွင်းအဖွဲ့တွေပါပဲ။ စစ်သားရယ်၊ ပျူစောထီးရယ်၊ ရဲတွေရယ်ပဲရှိတာပါ။ ပြည်သူတွေက မသွားပါဘူး။ သူတို့က ဟုတ်တဲ့ကောင်တွေမှ မဟုတ်တာ တော်ကြာနေ ပေါ်တာဆွဲနေရင် အခက်ဖြစ်မှာမလို့ မသွားကြပါဘူး။ ကျနော်တို့လည်း အခြားရွာထဲက ပြည်သူတွေ မထိအောင် အတော်ကြိုးစားပြီး ချိန်တွယ်ပစ်ခတ်ခဲ့ရပါတယ်။ မိုးကလည်း တအားသည်းနေပြီးတော်တော်ကို ကြိုးစားခဲ့ရပါတယ်။" လို့ COBRA ONE Pakokku တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

လောင်းလုံးတွင် စစ်ကော်မရှင်တပ်နှင့် နီးစပ်သူကို WY စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာမှာ စစ်ကော်မရှင်တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ယောက်ကို မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

တစ်နိုင်ငံလုံးကို နည်းမျိုးစုံနဲ့ တိုက်ခိုက်နေတဲ့ စစ်ကောင်စီက လမ်းတံတားနဲ့ အဆောက်အဦတွေ ပျက်စီးရတာ တော်လှန်ရေးအင်အားစုတွေကြောင့် လို့ ပြော

တော်လှန်ရေးအင်အားစုတွေဟာ နိုင်ငံတဝန်းက လမ်းတံတား၊ အဆောက်အဦတွေကို ဆင်ခြင်တုံတရားမဲ့ ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်လို့  အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဝေဖန်ပြောကြားလိုက်ပါတယ်။
Read More

AA ရဲ့ ထိုးစစ်ဆင်မှုကြောင့် အမ်းလေဆိပ်နဲ့ တပ်မတော်ဆေးရုံကို စစ်ကောင်စီ လက်လွှတ်လိုက်ရ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ် အမ်းမြို့ကို အာရက္ခတပ်တော် AA က အပြင်းအထန် ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက အမ်းလေဆိပ်နဲ့ တပ်မတော်ဆေးရုံကို လက်လွှတ်လိုက်ရပြီလို့  ရခိုင်စစ်ရေးသတင်းရင်းမြစ်တချို့မှာ ဖော်ပြလာပါတယ်။