ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုလာပလပ်ခုံအပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းက မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက် နယ်မြေ (၁) ဒေသန္တရ လမ်းရှိ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားနေတဲ့အတွက် ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးနဲ့ မြစ်ကြီးနားမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျွန်းပင်သာရပ်ကွက်အရန်မီးသတ်စခန်းက ရေသယ်ယာဉ်(၂)စီး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မီးငြှိမ်းသတ်ပေးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

နေအိမ်အတွင်း တပ်ဆင်ထားတဲ့ ဆိုလာမီးပလပ်ခုံကနေ အပူလွန်ကဲကာ အနီးရှိ အထပ်သားနံရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အလျား ပေ(၃၀)၊ အနံ ပေ(၃၀)၊ အုပ်ညှပ်၊ သွပ်မိုး၊ ပျဉ်ခင်း လူနေအိမ်အပေါ်ထပ် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးကို တာဝန်ရှိသူတွေက စိစစ်တွက်ချက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Video – Sar Taw Chet Mala Kitchen

0 Shares:
You May Also Like
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးမြို့မှ တင့်ကား ၃ စီးဖြင့် စစ်တပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ညောင်ဦးမြို့ကနေ တင့်ကား ၃ စီးနဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ People's Democratic Army - PDA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ချင်းပြည်နယ်မှ အညာမြေပြန်လာသည့် အောင်ပွဲရ 96 Soldiers-PDF ရဲဘော်များ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ဆင်နွှဲပြီး အညာမြေကို ပြန်လာတဲ့ 96 Soldiers-PDF ရဲဘော်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုဂုဏ်ပြုနေတဲ့ မှတ်တမ်းပုံရိပ်တွေကို 96 Soldiers PDF - အညာတပ်ခွဲက ထုတ်ပြန်လိုက်ပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း ဂိတ်ဖွင့်အထိုင်ချထားသည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအတွင်း ဂိတ်ဖွင့်အထိုင်ချထားတဲ့ စစ်ကောင်စီတပ် သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

ဆားတောင်က စစ်ကောင်စီတပ်သားတွေ အခြေစိုက်ရာ နေရာကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရှိ အကြမ်းဖက် စစ်သားနဲ့ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်မှ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Falcon Guerrilla Force တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

တောကျီးကန်း ၇ ကောင် တပ်ရင်းက ပထမဆုံးအကြိမ်အဖြစ် ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။