မန္တလေးတိုင်း မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွာကျေးရွာကြားရှိ စစ်ကော်မရှင်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၅ ယောက်သေဆုံးခဲ့တယ်လို့ Anyar Federal Task Forceမှ သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်းက မြင်းခြံမြို့နယ် ဂေါင်းကွဲကျေးရွာနဲ့ ကန်ရွာကျေးရွာကြားရှိ အင်အား ၁၅ ယောက်ခန့်ရှိတဲ့ စစ်ကော်မရှင်ဂိတ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချပြီး မြေပြင်ကနေ စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူ‌စောထီး ၅ ယောက် သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကာ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ရှင်းလင်းရေးပြုလုပ်နေစဉ် မြင်းခြံမြို့ပေါ်ကနေ အကြမ်းဖက်စစ်တပ်ယာဉ်တွေ တပ်ကူရောက်ရှိလာတဲ့အတွက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ထနောင်းမြေစစ်ကြောင်းနဲ့အတူ JUSTICE WARRIORSတပ်ဖွဲ့ မဟာမိတ် Droneတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ M.D.F Myaung Drone ကျားခင်စိန် တပ်ဖွဲ့၊ Revolutionary Air Force၊ မြင်းခြံခရိုင်အမှတ်(၁၁)တပ်ရင်း လက်ရုံးတပ်၊ 925‌ ပြောက်ကျားတပ်ဖွဲ့ (ငါးဇွန်)၊Peacock Drone Team တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

Video – Anyar Federal Task Force

0 Shares:
You May Also Like
Read More

ဆိပ်ဖြူမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အတွင်းရှိ အထမ္မကောက်ကျေးရွာနဲ့ တပေါင်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်း၊ လက်ဆည်ကျေးရွာရဲစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက်က ဒရုန်းနဲ့ ဗုံးသီး အလုံး ၅၀ ကြဲချပြီး ရော့ကတ်တွေ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မင်းနေကုန်း‌ကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ - မြင်းခြံ ထံက သိရပါတယ်။
Read More

မင်းကင်းမြို့နယ် ပကဖအင်အားစုဖွဲ့လေ့ကျင့်ရေးနှင့် မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပကဖ အင်အားစုဖွဲ့လေ့ကျင့်ရေးနဲ့ မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပြည်ကြီးတံခွန်မြို့နယ်ကို နေအိမ်ပေါ် မီးပုံပျံကျရာမှ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်မှာ မီးပုံပျံ အိမ်ပေါ်ကျရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 
Read More

ငလျင်ဘေးသင့်ပြည်သူများအတွက် ရှေ့တန်းစစ်မျက်နှာပြင်ရောက် PDF ရဲဘော်များ ဆုတောင်းပွဲပြုလုပ် (ရုပ်/သံ)

တောင်ပိုင်း​စစ်ဒေသ​၊ စစ်​ဆင်ရေးနယ်မြေ (၁)၊ အမှတ်(၂၇) စစ်ဗျူဟာ ကွပ်ကဲမှုအောက်ရှိ‌ ဖာပွန်ရှေ့တန်းစစ်မျက်နှာပြင်မှာ ရောက်ရှိနေတဲ့ PDF ရဲဘော်တွေက ငလျင်သေးသင့်ပြည်သူတွေအတွက် ဆုတောင်းပွဲပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါတွင် စစ်အုပ်စုကို ဒရုန်းဖြင့် ဗုံးသီးများ ကြဲချမှု စခန်းမှူးအပါ စစ်သား၊ ပျူ ၆ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မြောက်ခရမ်းပျူစခန်းနဲ့ မြစ်သာဆည်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ မြစ်သာဆည်ရှိ စခန်းမှူးအပါအဝင် စစ်သားနဲ့ ပျူ ၆ ယောက်သေဆုံးခဲ့တယ်လို့ မြိုင်ပကဖထံက သိရပါတယ်။