ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ရွာမှာ စစ်တိုက်တုန်းက မသေခဲ့တဲ့ အကြမ်းဖက်စစ်သားတွေ ဝါဒဖြန့်ဖို့ အုပ်စုလိုက် ဓာတ်ပုံရိုက်နေရင်း ရခိုင့်တပ်တော် AA ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အစုလိုက်အပြုံလိုက် သေသွားခဲ့ပါတယ်။

AA ကနေ အခုလို ပစ်ခတ်လိုက်တဲ့ ဗီဒီယိုဖိုင်ထဲမှာ အကြမ်းဖက်စစ်သားတွေက ဝါဒဖြန့် ဓာတ်ပုံရိုက်ဖို့ ခပ်မြန်မြန် လူစုနေရင်း အချိန်ခဏလေးအတွင်းမှာပဲ လက်နက်ကြီး ကျရောက်ပြီး သေသွားခဲ့တာပါ။

နိုဝင်ဘာ ၁၄ ရက်နေ့က AA သိမ်းပိုက်ထားတဲ့ ကျောက်ဖြူမြို့ မင်းပြင်ရွာ ရေဒါစခန်းကို အကြမ်းဖက်စစ်တပ်က အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် AA ရဲဘော်တွေက ယာယီဆုတ်ခွာပေးခဲ့ပြီးတဲ့နောက် အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံရိုက်နေတဲ့ စစ်အုပ်စု လက်နက်ကြီးပစ်ခံရပြီးတဲ့နောက် စစ်သားတချို့ ဒဏ်ရာရကာ ထော့ကျိုး ထွက်ပြေးခဲ့ကြသလို စစ်သားအလောင်း ၈ လောင်းခန့်ကို အဆောက်အအုံထဲ ဆွဲယူသွားတာလည်း တွေ့မြင်ရပါတယ်။

0 Shares:
You May Also Like
Read More

Myanmar Defense Force က ကျဆုံးရဲဘော် ၃ ယောက်အတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း (Myanmar Defense Force) အနေနဲ့ တပ်ရင်းက ရဲဘော် ၃ ယောက် ကျဆုံး​​ခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်းနဲ့ အလေးပြုခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

CDF – Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

Chinland Defense Force (CDF)- Thantlang ရဲ့ အပတ်စဉ် (၁၁) Basic Military Training သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ ၂၈ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များတွင် လမ်းများကို စစ်ကောင်စီ ဖျက်ဆီးထား

“အခုသူတို့ လမ်းဖျက်တာက PDF တွေကို ရိက္ခာဖြတ်ချင်လို့ပေါ့နော်။ အဲ့လို ပုံစံနဲ့ လမ်းတွေကို လာဖျက်ဆီးသွားတာပါ။ လမ်းဖျက်သွားတဲ့ ကြားက PDF စိုးမိုးနယ်မြေလို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့်မို့ သူတို့က လမ်းလာဖျက်သွားတယ်၊ တကယ် ဒုက္ခရောက်တာက ပြည်သူတွေပါပဲ” လို့ အမည်မဖော်လိုတဲ့ ဒေသခံပြည်သူတစ်ယောက်က မောင်းကို ပြောပါတယ်။
Read More

စစ်မှုထမ်း အပတ်စဉ် ၁ ဆင်း စစ်ကောင်စီတပ်သား KNDF တပ်ရင်း ၉ ဆီ လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ (၄၂၉) တပ်ရင်းက စစ်မှုထမ်းတပ်သား ၁ ယောက်က လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ၊ အမှတ် (၉) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ထိုင်းနှင့်ပေါင်းပြီး နှိမ်နင်းမည်ဟု အဆိုပါ ကျားဖြန့်များရဲ့ မြေရှင် စောချစ်သူ ကတိပေး

ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီမဟာမိတ် ကရင်နယ်ခြားစောင့်ခေါင်းဆောင် စောချစ်သူက ကတိပေးလိုက်ပါတယ်။
Read More

စစ်ကိုနိုင်အောင်တိုက်ပြီး လူထုလှုပ်ရှားမှုနဲ့ တော်လှန်ရေးကို အရှိန်မြှင့်မယ်

စစ်ကို နိုင်အောင်တိုက်ပြီး တော်လှန်ရေးအတွက် လူထုလှုပ်ရှားမှု အရှိန်ကိုမြှင့်တင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးတစ်ဦး ဖြစ်သူ ဦးလွင်ကိုလတ်ကပြောပါတယ်။