အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေ၊ စလင်းမြို့နယ်အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအတွက် ဦးဆောင်လုပ်ကိုင်နေတဲ့ စစ်တပ်လက်အောက်ခံ မြို့နယ်ရွေးကောက်ကော်မရှင်အဖွဲ့ဝင် သက်ဝေထွန်းကို ဖမ်းဆီးကာ အရေးယူဖို့ လုပ်ဆောင်နေကြောင်း NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တရားလွှတ်တော်ရှေ့နေ တစ်ယောက်လည်းဖြစ်တဲ့ သက်ဝေထွန်းဟာ အကြမ်းဖက်စစ်တပ်ရဲ့ ရွေးကောက်ပွဲအတွက် ဦးဆောင်ပါဝင်နေတာဟာ ပြည်သူအပေါ် အကြမ်းဖက်မှုမြောက်တယ်လို့ ဆိုထားပါတယ်။

သက်ဝေထွန်းကို ပြည်သူတွေရဲ့ သတင်းပေးပို့ ပူးပေါင်းမှုကြောင့် ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ဖို့အတွက် စလင်းမြို့နယ် တရားရေးအဖွဲ့က လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ရက်မှာ စစ်ကော်မရှင် ရွေးကောက်ပွဲအတွင်း ပါဝင်ခြင်းမပြုဖို့ ထုတ်ပြန်ထားသလို NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့လည်း အဆိုပါ အတုအယောင် ရွေးကောက်ပွဲအတွက် အတင်းအကြပ် မဲပေးစေခိုင်းသူတွေကို တိုင်ကြားနိုင်ကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို Telegram – https://t.me/publicnugmohai ကတဆင့် တိုင်ကြားနိုင်ကြောင်း ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

ဂန့်ဂေါမှာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်…

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လူ့အခွင့်ရေးရာတာ၀န်ခံ တို့ ဦးဆောင်ပြီး ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းကာ (၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မြို့သာမြို့လယ်ခေါင် ဆက်ကြေးကောက်သည့် အကြမ်းဖက်စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့လယ်ခေါင်မှာ ဆက်ကြေးကောက်ငွေညှစ်ဖို့ လုပ်နေတဲ့ စစ်အုပ်စုတွေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခံရပြီး ၃ ယောက် သေ၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Special Task Force Ngazun က ထုတ်ပြန်ထားပါတယ်။
Read More

မြိတ်ကနေ လေယာဥ်ဆီပေပါတွေ တင်ဆောင်ကာ ထားဝယ်ကို လာတဲ့ ငါးဖမ်းစက်လှေ ၂ စီးကို စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ လေယာဉ်ဆီပေပါတွေ တင်ဆောင်ကာ ထား၀ယ်ကို မောင်းနှင်လာတဲ့ ငါးဖမ်းစက်လှေနှစ်စီးကို စောင့်ဆိုင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (လောင်းလုံး ပကဖ ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း (၇) တပ်ရင်းမှူးရဲ့ ရက်လည်ဆွမ်းသွပ်… (ဓာတ်ပုံသတင်း)

ဗိဿနိုး ပြည်သူ့ကာကွယ်ရေးတပ်တော် ၊ တပ်ရင်း(၇) ရဲ့ တပ်ရင်းမှူး ကိုအောင်ဟိန်းဖြိုး (ခ) ရဲဘော်ဇိုးကြီးကို ရည်စူးပြီး သံဃာတော်တွေကို နေ့ဆွမ်းကပ်လှူကာ ကုသိုလ်ပြုအမျှပေးဝေခဲ့တယ်လို့ နေပြည်တော်-ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး၊ အိမ်မွေးဝက် (၁)ကောင်နဲ့ အရပ်သား (၆) ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေ ပစ်မှတ်ထားတဲ့ ရည်ရွယ်ချက်ရှိရှိလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူပိုင်နေအိမ် (၁) လုံး၊ ဝက် (၁)ကောင်နဲ့ အရပ်သား (၆) ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

အာဂျင်တီးနား ဖမ်း၀ရမ်းကို အင်တာပိုလ်ကတဆင့် အကောင်အထည်ဖော်ပေးဖို့ Blood Money Campaign က တောင်းဆို

အာဏာသိမ်းစစ်ခေါင်းဆောင် နဲ့ လူပုဂ္ဂိုလ် ၂၅ ဦးကို  အင်တာပိုလ်မှတဆင့် ဖမ်းဆီးမိန့်များထုတ်ပြန်ပေးဖို့ အာဂျင်တီးနားအစိုးရကို Blood Money Campaign - BMC က တိုက်တွန်းလိုက်ပါတယ်။