ထိုင်းနိုင်ငံတောင်ပိုင်း ခရာဘီခရိုင်၊ ပလိုင်ဖရာယာမြို့နယ်က ဓာတုပစ္စည်းတွင်းကို နိုဝင်ဘာလ ၁၄ ရက်မှာ သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ငွေ့ ရှူမိခဲ့တဲ့အတွက် မြန်မာအလုပ်သမား ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်က သတင်းဖော်ပြပါတယ်။

ကုမ္ပဏီဝင်းအတွင်းမှာ အခုလိုဖြစ်ပွားခဲ့တာဖြစ်ပြီး မြန်မာအမျိုးသား အလုပ်သမား ၃ ဦးဟာ ဓာတုပစ္စည်းတွင်းထဲကိုဆင်းပြီး သန့်ရှင်းရေးလုပ်နေချိန်မှာ ဟိုက်ဒရိုဂျင် ဆာလဖိုက် (Rotten-egg gas) ဓာတ်ငွေ့ အဆိပ်သင့်ခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမား ၃ ဦးစလုံးဟာ အဆိပ်ဓာတ်ငွေ့ကို အလွန်အကျွံ ရှူမိခဲ့ပြီး တွင်းထဲမှာ သတိလစ်သွားခဲ့ကြတာဖြစ်တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ပလိုင်ဖရာယာ ရဲစခန်းက တာဝန်ကျရဲအရာရှိတဦးက ပြောပါတယ်။

အလုပ်သမားတဦးဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ကိုပိုင် ဆိုသူကို အောင်အောင်မြင်မြင် ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး ပလိုင်ဖရာယာ ဆေးရုံကို ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ကျန် ၂ ဦးဖြစ်တဲ့ ကိုရှိုင်းလင်းအောင် (အသက် ၂၄ နှစ်) နဲ့ ကိုကျော်လင်းဦး (အသက် ၂၅ နှစ်) တို့ကတော့ ကယ်ဆယ်ရေးအဖွဲ့တွေက ကြိုးတွေသုံးပြီး ဆွဲထုတ်ဖို့ ကြိုးပမ်းနေချိန်မှာ တွင်းထဲမှာ ပိတ်မိနေခဲ့ကြတယ်လို့ ကယ်ဆယ်ရေးဝန်ထမ်းများကဆိုပါတယ်။

နေ့လယ် ၁ နာရီ ၁၅ မိနစ်ခန့်မှာတော့ ကယ်ဆယ်ရေးသမားတွေဟာ အဲဒီအမျိုးသား ၂ ဦးစလုံးကို တွင်းထဲကနေ ဆွဲထုတ်နိုင်ခဲ့ပေမဲ့ နေရာမှာတင် သေဆုံးကြောင်း ကြေညာခဲ့ပါတယ်။

လက်ရှိမှာ မှုခင်းရဲတပ်ဖွဲ့နဲ့ ပလိုင်ဖရာယာဆေးရုံက ဆရာဝန်တွေဟာ ဆေးဖက်ဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်နေပြီး အာဏာပိုင်တွေအနေနဲ့ မတော်တဆဖြစ်မှု အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

မြန်မာ့အကြမ်းဖက်မှုအား ရှုံ့ချကြောင်း အာဆီယံ ထပ်မံထုတ်ပြန်ရန်ရှိ

အရှေ့တောင်အာရှ၊ တရုတ်၊ ရုရှားနဲ့ အမေရိကန် ထိပ်သီးသံတမန်တွေပါဝင်တဲ့ အစည်းအဝေးတစ်ခုကနေ စစ်ဘေးသင့်မြန်မာပြည်က အရပ်သားတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ရှုံ့ချကြောင်း ထုတ်ပြန်ဖို့ရှိတယ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ထုတ်ပြန်ချက်မူကြမ်းကို ကိုးကားပြီး AFP က ဖော်ပြထားပါတယ်။ 
Read More

နယ်စပ်တိုက်ပွဲများကြောင့် ပြည်သူထိခိုက်နစ်နာမှုမျိုး မရှိစေအောင် အထူးသတိထားရန် ထိုင်းနှင့် စစ်ကော်မရှင် သဘောတူ

ထိုင်း-မြန်မာနယ်စပ်အနီး တိုက်ပွဲတွေကြောင့် ပြည်သူတွေ ထိခိုက်နစ်နာတာမျိုး မဖြစ်အောင် အထူးသတိထား ဆောင်ရွက်ဖို့ အကြမ်းဖက်စစ်ကော်မမရှင်နဲ့ သဘောတူညီမှုရခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တချို့နဲ့ ထိုင်းနိုင်ငံခြား‌ရေးဝန်ကြီး Mr.Sihasak Phuangketkeow တို့ မနေ့က ဒီဇင်ဘာ ၇ ရက် နေပြည်တော်မှာ တွေ့ဆုံချိန် အခုလို သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။
Read More

ကျားဖြန့်လုပ်ငန်းတွေရှိရာ ထိုင်း-မြန်မာ နယ်စပ်မြို့များကို ထိုင်းအစိုးရမှ လျှပ်စစ်ဓာတ်အား စတင် ဖြတ်တောက် 

ထိုင်းအစိုးရက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ထိုင်း-မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မြဝတီနဲ့ ဘုရားသုံးဆူမြို့တို့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မနက်ပိုင်းကနေ စတင်ပြီး လျှပ်စစ်ဓာတ်အားပေးနေမှုတွေကို ဖြတ်တောက်လိုက်ပြီလို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကျားဖြန့်ဂိုဏ်းများမှ ဖမ်းဆီးထိန်းသိမ်းထားသူများကို နေ့စဉ် ဘတ်သန်းချီ အကုန်ခံပြီး ကျွေးမွေးစောင့်ရှောက်ဖို့ မတတ်နိုင် ဟု စောချစ်သူ ပြော

ကရင်နယ်ခြားစောင့်တပ် (BGF) အနေနဲ့ ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့်ဂိုဏ်းတွေကို ဖြိုခွင်းပြီး ဖမ်းဆီးထိန်းသိမ်းထားသူတွေကို နေ့စဉ် ဘတ်သန်းချီ အကုန်ခံပြီး ကျွေးမွေးစောင့်ရှောက်ထားဖို့ မတတ်နိုင်ဘူးလို့ စောချစ်သူက ပြောဆိုခဲ့ကြောင်း The Nation သတင်းက မတ်လ ၃ ရက်မှာ ဖော်ပြပါတယ်။
Read More

လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ခံရတော့မည့် BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါတစ်သိုက်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင်စောချစ်သူနဲ့ အပေါင်းအပါတွေကို လူကုန်ကူးမှုတွေအတွက် ဖမ်းဝရမ်းထုတ်ဖို့ လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းဌာနတွေက သတင်းဖော်ပြထားပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။