ရခိုင်နဲ့ မကွေးအစပ်က နတ်ရေကန်ဗျူဟာစခန်းကနေ ထွက်ပြေးတဲ့ စစ်ကော်မရှင်တပ်သား ဆယ်ချီရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

AA နဲ့ ပူးပေါင်းတပ်တွေဟာ အဆိုပါနတ်ရေကန်စခန်းကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး နတ်ရေကန်စခန်းဘေးပတ်လည်က ကင်းစခန်းတချို့ကိုလည်း သိမ်းထားခဲ့တာဖြစ်ပါတယ်။

အဲဒီလို ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ နတ်ရေကန် ဗျူဟာစခန်းကနေ ဆယ်နဲ့ချီတဲ့စစ်သားတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အခုလို စစ်သားအများအပြားထွက်ပြေးတာဟာ AA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နတ်ရေကန်ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ကမ္ဘာလုံးစခန်းကို တန်ပြန်တိုက်ခိုင်းတာကြောင့် ဖြစ်နိုင်သလို၊ ယခုရက်ပိုင်းမှာ AA ရဲ့ ထိုးစစ်တွေ ပြန်စမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အခုလိုအစုလိုက်အပြုံလိုက် ထွက်ပြေးတာဖြစ်နိုင်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

“နတ်ရေကန်စခန်းကနေ တော်ရုံတန်ရုံဆို ထွက်ပြေးဖို့ဆိုတာ မလွယ်ပါဘူး။ ဘာလို့လည်းဆိုတော့ နတ်ရေကန်နဲ့ ကပစ ၁၄ ကြားထဲမှာ မိုင်းတွေက အများကြီး။ ပြီးရင် ကျွန်တော်တို့ သိသလောက်ဆိုရင် နတ်ရေကန်ကိုလည်း အထပ်ထပ်ပိတ်ဆို့ထားတာ၊ အဲ့ကြားထဲကနေ အများကြီး ထွက်ပြေးတာဆိုတော့ ဘယ်လို ထွက်ပြေးတာလဲပေါ့။ ဆိုတော့ နတ်ရေကန်စခန်းက ဒီထက်ပိုပြီး ကြီးကြီးကျယ်ကျယ် အတိုက်ခံရဖို့ အနေအထားရှိနေတယ်၊ အဲတာကြောင့်သာ စစ်သားတွေ အုံလိုက်ကျင်းလိုက် ထွက်ပြေးတဲ့အနေအထားလို့ သုံးသပ်ပါတယ်” လို့ ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

ပုံစာ- ကပစ ၁၆ အနီး တိုက်ပွဲများအတွင်း ဖမ်းမိထားတဲ့ စစ်ကော်မရှင်တပ်သားများ (AA Info Desk/ ပုံဟောင်း)

နတ်ရေကန်ဗျူဟာစခန်းကနေ ထွက်ပြေးတဲ့ တပ်ပြေးအရေအတွက်မှာ ၁၀ ဦးကျော်လို့ သိရပြီး၊ အချို့ဒေသတွင်းသတင်းရင်းမြစ်တွေကတော့ ဒီထက်အများကြီး များတယ်လို့လည်း ဆိုကြပါတယ်။ သူတို့တွေကို အင်အား ၅၀ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းက ပုသိမ်-မုံရွာလမ်းပိုင်းကနေ တဆင့်ချင်း ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဇင်ယော်က ဆက်လက်ပြီး “ခန့်မှန်းကတော့ ၁၀ ယောက် အထက်ပါပဲ။ ၁၀ ယောက်ကျော်မို့လိုသာ သူတို့တွေ အဲ့လိုမျိုး ပေါ်တင်ရှာနေတာပေါ့။ ခါတိုင်း ပျောက်တယ်ဆိုရင်တောင် ကြိတ်ပြီးပဲ ရှာတာ….သူများသိမှာ ကြောက်တယ်၊ ရှက်လည်းရှက်တယ်ပေါ့၊ လုံခြုံရေး ကျိုးပေါက်မှာလည်း စိုးတယ်ပေါ့။ အဲ့လို အထက်က မသိအောင် ကြိတ်ရှာကြတာ။ အခုက ပေါ်တင်ကို ရှာနေတာဆိုတော့ ၁၀ ယောက်ကတော့ အနိမ့်ဆုံးပါပဲ” လို့ ဆိုပါတယ်။

ဒါပေမယ့် အဆိုပါတပ်ပြေးတွေကို လက်ရှိအချိန်ထိ စစ်တပ်က ပြန်လည်ဖမ်းမမိသေးသလို တော်လှန်ရေးတပ်တွေထံကိုလည်း ရောက်ရှိလာခြင်းမရှိသေးတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈၊ ၉၊ ၁၀ ရက်တွေအတွင်း ကပသ (၁၆) အနီးမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စကခ (၁၀) လက်အောက်ံခံ ခမရ (၃၆၁) နဲ့ ခမရ (၃၆၃) တပ်ရင်းတို့ကနေ အလံဖြူထောင်၊ တပ်ပြေး၊ လက်ရ ဖမ်းဆီးရမိသူ စုစုပေါင်း ၁၆ ဦး အထိ ရှိခဲ့တယ်လို့ AA ကနေ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီအထဲမှာမှ နတ်ရေကန် ဗျူဟာကုန်းကနေ အမှတ် (၉) မြေပြင်ဆေးတပ်ရင်း၊ ခိုလန်အခြေစိုက်တပ်မှ ဒုတပ်ကြပ် မျိုးမင်းထွန်းဟာ AA ထံကို နိုဝင်ဘာလ ၈ ရက်နေ့မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘို၊ မြင်းချင်းပျူစောထီးရွာက စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေပြီး ၁၀ ယောက်ကျော် ဒဏ်ရာရ…

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၁၀ ယောက်ကျော် ဒဏ်ရာရခဲ့တယ်လို့ အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒီပဲယင်း) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နပခ ကနေ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို CDF- Asho က လက်နက်တွေနဲ့အတူ ဖမ်းဆီးရမိ…

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီးနောက်မှာ ထွက်ပြေးလာတဲ့ စစ်သားတချို့ကို လက်နက်တွေနဲ့ တကွ ဖမ်းဆီးရမိထားတယ်လို့ CDF- Asho က ဒီဇင်ဘာလ ၂၈ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထီးလင်းမှာ လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားကို ကျပ်သိန်း ၅၀ ဆုချီးမြှင့်

မကွေးတိုင်း၊ ထီးလင်းမြို့ ရုပ်သံကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်လာလို့ ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့တယ်လို့  ဗျူဟာ အမှတ် - ၈၁ (ယောဗျူဟာ) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တောင်ဥက္ကလာတွင် လုံခြုံရေးဝန်ထမ်း ၁ ဦး ကြိုးဆွဲချ သေဆုံး

ရန်ကုန်တိုင်း၊ တောင်ဥက္ကာပမြို့နယ်မှာ ညစောင့် လုံခြုံရေးဝန်ထမ်း ၁ ယောက် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့တယ်လို့ ရုပ်အလောင်း သွားရောက်သယ်ဆောင်ပေးခဲ့တဲ့ မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းထံက သိရပါတယ်။
Read More

(၇၈) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO Day) အခမ်းအနားအား KNDO စစ်ဌာနချုပ်တွင် ကျင်းပ

ဇူလိုင်လ (၁၆)ရက်မှာ ကျရောက်တဲ့ (၇၈)ကြိမ်‌မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ (KNDO DAY) ဂုဏ်ပြုပွဲအခမ်းအနားကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အချုပ်သားများကို လောင်းလုံး ပအဖ ကျန်းမာရေးစောင့်ရှောက်မှုပေး

လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (လောင်းလုံး ပအဖ) က အချုပ်သားတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေကို စနစ်တကျ ပြုလုပ်ပေးနေတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။